News

စကစ ၂ယောက်ကို ဖမ်းဆီးရမိပြီးနောက် တစ်မြို့လုံးက အပြေးလာလို့ PDFတွေ တားမြစ်နေရတဲ့(ရုပ်သံ)

စကစ ၂ယောက်ကို ဖမ်းဆီးရမိပြီးနောက် တစ်မြို့လုံးက အပြေးလာလို့ PDFတွေ တားမြစ်နေရတဲ့(ရုပ်သံ)

မအလရဲ့ စခ နှစ်ကောင်ကို နပန်းလုံးကာ အရှင်ဖမ်းဆီး

တပ်ကြပ်ကြီး တယောက်နဲ့ တပ်ကြပ်တယောက်တို့ကို လုံးထွေးသတ်ပုတ်ပြီး အရှင်မိလာခဲ့တာဖြစ်ပြီး

ဖမ်းမိလာတဲ့ စစ်ကောင်စီတပ်သားနှစ်ယောက်ကို မြို့ခံ လူထုတွေက သဖို့ အပြေးရောက်ရှိနေကြတယ်လို့

မြောင် PDFနဲ့ နီးစပ်သူတယောက်က ပြောပါတယ်

“စစ်ကောင်စီတပ်နဲ့ တစ်ဦးချင်း နပန်းလုံးပြီး အရှင်ဖမ်းနိုင်ခဲ့တာပါ၊ အခု ဖမ်းဆီး ထားရှိထားတဲ့ နေရာကို နယ်ခံပြည်သူတွေက

သတမယ် ဖြတ်မယ် ဆိုပြီးတော့ မြို့လုံးကျွတ်နီးပါး အပြေးရောက်လာနေပါတယ်

ဦးရေပြောရရင်တော့ တော်တော်များတယ်ဗျ၊ ထောင်ချီပြီးတော့ ရှိနိုင်ပါတယ်။ သူတို့ကလည်း ဒေါသအလျောက် ပြုမူမိကြမှာစိုးလို့တော့ ထိန်းနေပါတယ်

မြောင်ဒေသခံတစ်ဦးကလည်း “သေချာမေးရမှာ စစ်ပြီးတော့ကိုမေးရမှာ။ ငါတို့ခံထားရတာ မမေ့ဘူး

ငါတို့အလှည့်ကျ လုပ်သမျှခံရပြီးတော့ ဒင်းတို့အလှည့်ကျ ငါတို့ လုပ်သမျှ သူတို့ခံရဖို့ပဲ ရှိတာပေါ့” လို့ ပြောပါတယ်

မြောင်မြို့နယ်အတွင်း စစ်ကိုင်း- မုံရွာလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ စစ်ကား ၃ စီးကိုလည်း

ဒီဇင် ဘာ ၁၄ ရက်က မိုင်း ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား အယောက် ၂၀ ထက်မနည်းသေဆုံးခဲ့တယ်လို့

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PAFDက ထုတ်ပြန်ထားပါတယ်

စစ်ကိုင်းတိုင်းအထက်ပိုင်း ကနီမြို့နယ်မှာလည်း ချင်းတွင်းမြစ် အတွင်းမှာ သောင်တင်နေတဲ့ စစ်ကောင်စီလက်နက်ကိုင်တွေ လိုက်ပါလာတဲ့

စက်လှေယာဉ်တန်းကို ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်

စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

DVB

စကစ ၂ေယာက္ကို ဖမ္းဆီးရမိၿပီးေနာက္ တစ္ၿမိဳ႕လုံးက အေျပးလာလို႔ PDFေတြ တားျမစ္ေနရတဲ့(႐ုပ္သံ)

မအလရဲ႕ စခ ႏွစ္ေကာင္ကို နပန္းလုံးကာ အ႐ွင္ဖမ္းဆီး

တပ္ၾကပ္ႀကီး တေယာက္နဲ႔ တပ္ၾကပ္တေယာက္တို႔ကို လုံးေထြးသတ္ပုတ္ၿပီး အ႐ွင္မိလာခဲ့တာျဖစ္ၿပီး

ဖမ္းမိလာတဲ့ စစ္ေကာင္စီတပ္သားႏွစ္ေယာက္ကို ၿမိဳ႕ခံ လူထုေတြက သဖို႔ အေျပးေရာက္႐ွိေနၾကတယ္လို႔

ေျမာင္ PDFနဲ႔ နီးစပ္သူတေယာက္က ေျပာပါတယ္

“စစ္ေကာင္စီတပ္နဲ႔ တစ္ဦးခ်င္း နပန္းလုံးၿပီး အ႐ွင္ဖမ္းႏိုင္ခဲ့တာပါ၊ အခု ဖမ္းဆီး ထား႐ွိထားတဲ့ ေနရာကို နယ္ခံျပည္သူေတြက

သတမယ္ ျဖတ္မယ္ ဆိုၿပီးေတာ့ ၿမိဳ႕လုံးကြၽတ္နီးပါး အေျပးေရာက္လာေနပါတယ္

ဦးေရေျပာရရင္ေတာ့ ေတာ္ေတာ္မ်ားတယ္ဗ်၊ ေထာင္ခ်ီၿပီးေတာ့ ႐ွိႏိုင္ပါတယ္။ သူတို႔ကလည္း ေဒါသအေလ်ာက္ ျပဳမူမိၾကမွာစိုးလို႔ေတာ့ ထိန္းေနပါတယ္

ေျမာင္ေဒသခံတစ္ဦးကလည္း “ေသခ်ာေမးရမွာ စစ္ၿပီးေတာ့ကိုေမးရမွာ။ ငါတို႔ခံထားရတာ မေမ့ဘူး

ငါတို႔အလွည့္က် လုပ္သမွ်ခံရၿပီးေတာ့ ဒင္းတို႔အလွည့္က် ငါတို႔ လုပ္သမွ် သူတို႔ခံရဖို႔ပဲ ႐ွိတာေပါ့” လို႔ ေျပာပါတယ္

ေျမာင္ၿမိဳ႕နယ္အတြင္း စစ္ကိုင္း- မုံ႐ြာလမ္းမႀကီးေပၚမွာ သြားလာေနတဲ့ စစ္ကား ၃ စီးကိုလည္း

ဒီဇင္ ဘာ ၁၄ ရက္က မိုင္း ၈ လုံးနဲ႔ တိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေကာင္စီ တပ္သား အေယာက္ ၂၀ ထက္မနည္းေသဆုံးခဲ့တယ္လို႔

ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ PAFDက ထုတ္ျပန္ထားပါတယ္

စစ္ကိုင္းတိုင္းအထက္ပိုင္း ကနီၿမိဳ႕နယ္မွာလည္း ခ်င္းတြင္းျမစ္ အတြင္းမွာ ေသာင္တင္ေနတဲ့ စစ္ေကာင္စီလက္နက္ကိုင္ေတြ လိုက္ပါလာတဲ့

စက္ေလွယာဥ္တန္းကို ကနီ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ကမိုင္းဆြဲတိုက္ခိုက္ခဲ့တာေၾကာင့္

စစ္ေကာင္စီတပ္သား ၁၀ ေယာက္ ေသဆုံးခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

DVB