News

လေးကေ့ကော်တွင် စတဲ့မီး မြဝတီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးနိုင်

လေးကေ့ကော်တွင် စတဲ့မီး မြဝတီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးနိုင်

ကရင်ပြည်နယ်၊ လေးကေ့ကော်တွင် စတင်သော တိုက်ပွဲများ မြဝတီနှင့်ကော့ကရိတ်မြို့နယ်များသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ မယ်ထော်သလေးတွင် ဒီဇင် ဘာလ ၁၅ ရက်နေ့ စတင်လိုက်သော တိုက်ပွဲများသည် မြဝတီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များအတွင်းသို့ ကူးစက်ပြီး စစ်တပ်ဘက်မှ ၅၀ နီးပါး သေဆုံးနိုင်ကြောင်း KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယမန်နေ့က လေးကေ့ကော်တိုက်ပွဲတွင် ၂၀ နီးပါး စစ်ကောင်စီတပ်ဘက်မှ သေဆုံးခဲ့ပြီး ယနေ့တွင်လည်း စစ်ကောင်စီဘက်မှ ၃၀ နီးပါး သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၅၀ နီးပါး ရောက်ရှိလာပြီဖြစ်ကြောင်း၊ သေဆုံးသူများတွင် အရာရှိများပါဝင်ကြောင်း သိရှိရသည်။

“ဒီညနေပိုင်းနဲ့ညပိုင်းမှာ အလောင်းလာကောက်မယ်ဆိုလို့ ပစ်တာကို ခဏရပ်ပေးထားလိုက်တယ်။

မယ်ထော်သလေး ကွမ်းယာဆိုင်နားမှာတင် အလောင်းတွေက ဖွေးနေပြီ။ အတုန်းအရုန်းပဲ။

အခု ညနေပိုင်းနဲ့ ညပိုင်းမှာ BGF ဘက်က အလောင်းလာ ကောက်နေတယ်။ ကောက်ခွင့်ပေးလိုက်တယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် ဘဟိကလော်၊ မြဝတီ-ကော့ကရိတ်ကြား အာရှလမ်းမ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ကျော် သေဆုံးကြောင်း သတင်းရရှိသည်။

အလားတူ လေးကေ့ကော်ဘက်သို့ စစ်ကူရန်လာရောက်သော အကြမ်းဖက်စစ်ကောင်စီကားများကို KNLA တပ်ရင်း ၁၈ နှင့် ပူးပေါင်းတပ်ဖွဲ့က ယနေ့မွန်းလွဲ ၃ နာရီခွဲခန့်တွင် အာရှလမ်မ၊ တောနော်ရေတံခွန်အနီးတွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးခန့် သေဆုံးဒဏ်ရာရပြီး စစ်ကား ၁ စီး ပျက်စီးသွားကြောင်း သိရှိရသည်။

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိသဖြင့် လမ်းမကြီးအား အသုံးမပြုကြရန် ဒေသခံပြည်သူများကို ပူးပေါင်းတပ်ဖွဲ့က သတိပေးနှိုးဆော်ထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ကြား ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရကြောင်း ဒေသသတင်းရင်းမြစ် KO news က ရေးသားဖော်ပြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာအတွင်းသို့ ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကား ၁ စီးကို KNLA က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA တပ်သား ၁ ဦး ခြေထောက် ကျည်ထိမှန် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့်ပတ်သက်ပြီး KNU ဘက်က တရားဝင် သတင်းထုတ်ပြန်ခြင်း တစ်စုံတစ်ရာမရှိသေးသကဲ့သို့ အတည်ပြုခြင်းလည်း မရှိသေးပေ။

ေလးေက့ေကာ္တြင္ စတဲ့မီး ျမဝတီႏွင့္ေကာ့ကရိတ္ၿမိဳ႕နယ္မ်ားသို႔ ကူးစက္ၿပီး စစ္တပ္ဘက္မွ ၅၀ နီးပါး ေသဆုံးနိုင္

ကရင္ျပည္နယ္၊ ေလးေက့ေကာ္တြင္ စတင္ေသာ တိုက္ပြဲမ်ား ျမ၀တီႏွင့္ေကာ့ကရိတ္ၿမိဳ႕နယ္မ်ားသို႔ ကူးစက္ၿပီး စစ္တပ္ဘက္မွ ၅၀ နီးပါး ေသဆုံးနိုင္

ရန္ကုန္၊ ဒီဇင္ဘာ ၁၆

ကရင္ျပည္နယ္၊ KNU တပ္မဟာ ၆ နယ္ေျမ၊ မယ္ေထာ္သေလးတြင္ ဒီဇင္ ဘာလ ၁၅ ရက္ေန႔ စတင္လိုက္ေသာ တိုက္ပြဲမ်ားသည္ ျမ၀တီၿမိဳ႕နယ္ႏွင့္ ေကာ့ကရိတ္ၿမိဳ႕နယ္မ်ားအတြင္းသို႔ ကူးစက္ၿပီး စစ္တပ္ဘက္မွ ၅၀ နီးပါး ေသဆုံးနိုင္ေၾကာင္း KNLA သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

ယမန္ေန႔က ေလးေက့ေကာ္တိုက္ပြဲတြင္ ၂၀ နီးပါး စစ္ေကာင္စီတပ္ဘက္မွ ေသဆုံးခဲ့ၿပီး ယေန႔တြင္လည္း စစ္ေကာင္စီဘက္မွ ၃၀ နီးပါး ေသဆုံးခဲ့ရာ စုစုေပါင္း ေသဆုံးသူ ၅၀ နီးပါး ေရာက္ရွိလာၿပီျဖစ္ေၾကာင္း၊ ေသဆုံးသူမ်ားတြင္ အရာရွိမ်ားပါဝင္ေၾကာင္း သိရွိရသည္။

“ဒီညေနပိုင္းနဲ႔ညပိုင္းမွာ အေလာင္းလာေကာက္မယ္ဆိုလို႔ ပစ္တာကို ခဏရပ္ေပးထားလိုက္တယ္။

မယ္ေထာ္သေလး ကြမ္းယာဆိုင္နားမွာတင္ အေလာင္းေတြက ေဖြးေနၿပီ။ အတုန္းအ႐ုန္းပဲ။

အခု ညေနပိုင္းနဲ႔ ညပိုင္းမွာ BGF ဘက္က အေလာင္းလာ ေကာက္ေနတယ္။ ေကာက္ခြင့္ေပးလိုက္တယ္” ဟု KNLA သတင္းရင္းျမစ္က ေျပာသည္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တပ္မဟာ ၆ နယ္ေျမ၊ ဒူးပလာယာခရိုင္အတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္၊ BGF ပူးေပါင္းတပ္ႏွင့္ KNLA၊ PDF ပူးေပါင္းတပ္ဖြဲ႕မ်ားၾကား ယေန႔ ဒီဇင္ဘာလ ၁၆ ရက္တြင္ ဘဟိကေလာ္၊ ျမဝတီ-ေကာ့ကရိတ္ၾကား အာရွလမ္းမ၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ ပုလိန္ေက်းရြာတို႔တြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္မွ ၃၀ ေက်ာ္ ေသဆုံးေၾကာင္း သတင္းရရွိသည္။

အလားတူ ေလးေက့ေကာ္ဘက္သို႔ စစ္ကူရန္လာေရာက္ေသာ အၾကမ္းဖက္စစ္ေကာင္စီကားမ်ားကို KNLA တပ္ရင္း ၁၈ ႏွင့္ ပူးေပါင္းတပ္ဖြဲ႕က ယေန႔မြန္းလြဲ ၃ နာရီခြဲခန႔္တြင္ အာရွလမ္မ၊ ေတာေနာ္ေရတံခြန္အနီးတြင္ မိုင္းဆြဲပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီဘက္က ၁၀ ဦးခန႔္ ေသဆုံးဒဏ္ရာရၿပီး စစ္ကား ၁ စီး ပ်က္စီးသြားေၾကာင္း သိရွိရသည္။

ေကာ့ကရိတ္-ျမဝတီ အာရွလမ္းမႀကီးတြင္ တိုက္ပြဲမ်ား ဆက္လက္ျပင္းထန္လာနိုင္ဖြယ္ရွိသျဖင့္ လမ္းမႀကီးအား အသုံးမျပဳၾကရန္ ေဒသခံျပည္သူမ်ားကို ပူးေပါင္းတပ္ဖြဲ႕က သတိေပးႏွိုးေဆာ္ထားသည္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္တြင္လည္း အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ KNLA ၾကား ယေန႔ မြန္းလြဲ ၃ နာရီခန႔္တြင္ ပစ္ခတ္တိုက္ခိုက္မႈျဖစ္ပြားၿပီး စစ္ေကာင္စီဘက္မွ ၂ ဦးေသဆုံးကာ ၂ ဦး ဒဏ္ရာရေၾကာင္း ေဒသသတင္းရင္းျမစ္ KO news က ေရးသားေဖာ္ျပသည္။

ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ခလယ္တံခြန္တိုင္ေက်းရြာအုပ္စု၊ ပုလိန္ေက်းရြာအတြင္းသို႔ ယေန႔ မြန္းလြဲ ၃ နာရီခန႔္တြင္ ဝင္ေရာက္လာေသာ စစ္ေကာင္စီ စစ္ကား ၁ စီးကို KNLA က ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး KNLA တပ္သား ၁ ဦး ေျခေထာက္ က်ည္ထိမွန္ ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

တိုက္ပြဲမ်ားတြင္ စစ္ေကာင္စီတပ္သားမ်ား ေသဆုံးမႈႏွင့္ပတ္သက္ၿပီး KNU ဘက္က တရားဝင္ သတင္းထုတ္ျပန္ျခင္း တစ္စုံတစ္ရာမရွိေသးသကဲ့သို႔ အတည္ျပဳျခင္းလည္း မရွိေသးေပ။