လေးကေ့ကော်အမြှောက်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က KNU ထံ ရိက္ခာပေးရန်
လေးကေ့ကော်အမြှောက်ကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က KNU ထံ ရိက္ခာပေးရန် အကူအညီတောင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေ ၊ လေးကေ့ကော်မြို့သစ်နားရှိ အမြှောက်ကုန်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သားအင်အား ၈၀ က ရိက္ခာမရှိတော့၍
KNU ထံ အကူအညီတောင်းခံလာကြောင်း သိရှိရသည်။
“သူတို့မှာ ရေနဲ့ ရိက္ခာပေးပါဆိုပြီး အကူအညီတောင်းလာတယ်ပြောတယ်။
လေးကေ့ကော်ဥက္ကဋ္ဌကလည်း လက်နက်ချရင် ပေးမယ်လို့ ပြန်ပြောထားတယ်လို့ သိရပါတယ်” ဟု
အဆိုပါနယ်မြေတွင်း ရောက်ရှိနေသည့် သတင်းထောက်က ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။
အဆိုပါ သတင်းနှင့်ပတ်သက်ပြီး KNU၏ တရားဝင် အတည်ပြုချက် ရရှိခြင်း မရှိသေးပေ။
လေးကေ့ကော်အမြှောက်ကုန်းသည် လေးကေ့ကော်မြို့သစ်၊ ရသေ့ဂူအပါအဝင် အဆိုပါပတ်ဝန်းကျင်များသို့ လက်နက်ကြီးများ တောက်လျှောက်ဆိုသလို
ဒီဇင် ဘာလ ၁၅ ရက်နေ့မှ ယနေ့အထိ ပစ်ခတ်နေသော မဟာဗျူဟာမြောက်နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။
ခေတ်သစ်မီဒီယာ
Unicode Version
ေလးေက့ေကာ္အေျမႇာက္ကုန္းမွ စစ္ေကာင္စီတပ္ဖြဲ႕က KNU ထံ ရိကၡာေပးရန္
ေလးေက့ေကာ္အေျမႇာက္ကုန္းမွ စစ္ေကာင္စီတပ္ဖြဲ႕က KNU ထံ ရိကၡာေပးရန္ အကူအညီေတာင္း
ရန္ကုန္၊ ဒီဇင္ဘာ ၁၇
ကရင္ျပည္နယ္၊ တပ္မဟာ ၆ နယ္ေျမ ၊ ေလးေက့ေကာ္ၿမိဳ႕သစ္နား႐ွိ အေျမႇာက္ကုန္းမွ အၾကမ္းဖက္စစ္ေကာင္စီ တပ္သားအင္အား ၈၀ က ရိကၡာမ႐ွိေတာ့၍
KNU ထံ အကူအညီေတာင္းခံလာေၾကာင္း သိ႐ွိရသည္။
“သူတို႔မွာ ေရနဲ႔ ရိကၡာေပးပါဆိုၿပီး အကူအညီေတာင္းလာတယ္ေျပာတယ္။
ေလးေက့ေကာ္ဥကၠ႒ကလည္း လက္နက္ခ်ရင္ ေပးမယ္လို႔ ျပန္ေျပာထားတယ္လို႔ သိရပါတယ္” ဟု
အဆိုပါနယ္ေျမတြင္း ေရာက္႐ွိေနသည့္ သတင္းေထာက္က ရန္ကုန္ေခတ္သစ္သို႔ေျပာဆိုသည္။
အဆိုပါ သတင္းႏွင့္ပတ္သက္ၿပီး KNU၏ တရားဝင္ အတည္ျပဳခ်က္ ရ႐ွိျခင္း မ႐ွိေသးေပ။
ေလးေက့ေကာ္အေျမႇာက္ကုန္းသည္ ေလးေက့ေကာ္ၿမိဳ႕သစ္၊ ရေသ့ဂူအပါအဝင္ အဆိုပါပတ္ဝန္းက်င္မ်ားသို႔ လက္နက္ႀကီးမ်ား ေတာက္ေလွ်ာက္ဆိုသလို
ဒီဇင္ ဘာလ ၁၅ ရက္ေန႔မွ ယေန႔အထိ ပစ္ခတ္ေနေသာ မဟာဗ်ဴဟာေျမာက္ေနရာတစ္ခုျဖစ္ေၾကာင္း သိ႐ွိရသည္။
ေခတ္သစ္မီဒီယာ