News

တပ်ဖွဲ့ဝင် အချို့ကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်သွား(ရုပ်သံ)

တပ်ဖွဲ့ဝင် အချို့ကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်သွား(ရုပ်သံ)

အာဏာသိမ်းစစ်တပ်က ကလေးမြို့ဘက်မှ တပ်ဖွဲ့ဝင်အချို့ကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်သွား

စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်းထဲက ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီး တပ်စွဲထားကြတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်များကို

ယနေ့ ၂၀၂၁ ဒီဇင်ဘာလ (၁၇)ရက်နေ့ နေ့လည်ပိုင်းမှာ ရဟတ်ယာဉ်များနဲ့ ခေါ်ထုတ်နေတာကိုတွေ့ရပြီး ရွှေဘိုအနီးမှာ ချထားတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လည်ပိုင်းမှာ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းက စစ်ရဟတ်ယာဉ် (၅)စီး ပျံတက်သွားတာကို တွေ့ရပြီးနောက်

ကလေးမြို့နယ်အတွင်း တပ်ဖွဲ့အချို့ကို ခေါ်ထုတ်သွားတာတွေ့ရသလို ဂန့်ဂေါမြို့နယ်အတွင်း နှမ်းခါးကျေးရွာကိုလည်း ရဟတ်ယာဉ် (၂)စီးနဲ့ ပစ်ခတ်နေကြောင်း ဒေသခံများထံက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်က ရဟတ်ယာဉ်အသုံးပြုပြီး ဝေဟင်ကနေ ဝါဒဖြန့် စာရွက်တွေ ဖြန့်ကြဲတာ။

တပ်ဖွဲ့ဝင်တွေကို ခေါ်ထုတ်တာတွေအပြင် ကျေးရွာတွေကို ဝေဟင်ကနေ ပစ်ခတ်တာတွေ ပြုလုပ်နေတာဟာ

မြေပြင်ကနေ ကားနဲ့သွားရင် ဒေသကာကွယ်ရေးအဖွဲ့များရဲ့ ပြောက်ကျားစနစ်နဲ့တိုက်ခိုက်မှုတွေ မိုင်းဆွဲမှုတွေ မကြာခဏ ခံနေရာတာကြောင့် ကားကို သိပ်အသုံးမပြုတော့ဘဲ

ရဟတ်ယာဉ်ကို အသုံးပြုလာခြင်း ဖြစ်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ထားကြပါတယ်။

TachileikNewsAgency

Zawgyi Version

တပ္ဖြဲ႕ဝင္ အခ်ိဳ႕ကို ရဟတ္ယာဥ္ျဖင့္ သယ္ထုတ္သြား(႐ုပ္သံ)

အာဏာသိမ္းစစ္တပ္က ကေလးၿမိဳ႕ဘက္မွ တပ္ဖြဲ႕ဝင္အခ်ိဳ႕ကို ရဟတ္ယာဥ္ျဖင့္ သယ္ထုတ္သြား

စစ္ကိုင္းတိုင္းအတြင္း ကေလးၿမိဳ႕နယ္ေတာင္ပိုင္းထဲက ေက်း႐ြာအခ်ိဳ႕ကို မီး႐ိႈ႕ဖ်က္ဆီး တပ္စြဲထားၾကတဲ့ အာဏာသိမ္းစစ္တပ္ရဲ႕ တပ္ဖြဲ႕ဝင္မ်ားကို

ယေန႔ ၂၀၂၁ ဒီဇင္ဘာလ (၁၇)ရက္ေန႔ ေန႔လည္ပိုင္းမွာ ရဟတ္ယာဥ္မ်ားနဲ႔ ေခၚထုတ္ေနတာကိုေတြ႕ရၿပီး ေ႐ႊဘိုအနီးမွာ ခ်ထားတယ္လို႔ သိရပါတယ္။

ဒီေန႔ ေန႔လည္ပိုင္းမွာ မုံ႐ြာၿမိဳ႕႐ွိ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္အတြင္းက စစ္ရဟတ္ယာဥ္ (၅)စီး ပ်ံတက္သြားတာကို ေတြ႕ရၿပီးေနာက္

ကေလးၿမိဳ႕နယ္အတြင္း တပ္ဖြဲ႕အခ်ိဳ႕ကို ေခၚထုတ္သြားတာေတြ႕ရသလို ဂန္႔ေဂါၿမိဳ႕နယ္အတြင္း ႏွမ္းခါးေက်း႐ြာကိုလည္း ရဟတ္ယာဥ္ (၂)စီးနဲ႔ ပစ္ခတ္ေနေၾကာင္း ေဒသခံမ်ားထံက သိရပါတယ္။

အာဏာသိမ္းစစ္တပ္ဘက္က ရဟတ္ယာဥ္အသုံးျပဳၿပီး ေဝဟင္ကေန ဝါဒျဖန္႔ စာ႐ြက္ေတြ ျဖန္႔ႀကဲတာ။

တပ္ဖြဲ႕ဝင္ေတြကို ေခၚထုတ္တာေတြအျပင္ ေက်း႐ြာေတြကို ေဝဟင္ကေန ပစ္ခတ္တာေတြ ျပဳလုပ္ေနတာဟာ

ေျမျပင္ကေန ကားနဲ႔သြားရင္ ေဒသကာကြယ္ေရးအဖြဲ႕မ်ားရဲ႕ ေျပာက္က်ားစနစ္နဲ႔တိုက္ခိုက္မႈေတြ မိုင္းဆြဲမႈေတြ မၾကာခဏ ခံေနရာတာေၾကာင့္ ကားကို သိပ္အသုံးမျပဳေတာ့ဘဲ

ရဟတ္ယာဥ္ကို အသုံးျပဳလာျခင္း ျဖစ္တယ္လို႔လည္း ေဒသခံေတြက သုံးသပ္ထားၾကပါတယ္။

TachileikNewsAgency Version