ကြားသိရသမျှ

ရှေ့ထွက်မိုင်းနဲ့ ကားမိုင်းတွေကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ကြောင်း ကြေငြာလိုက်တဲ့(ရုပ်သံ)

ရှေ့ထွက်မိုင်းနဲ့ ကားမိုင်းတွေကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ကြောင်း ကြေငြာလိုက်တဲ့(ရုပ်သံ)

ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့က ယခုလိုပဲ ကြေငြာလိုက်ပါတယ်။

“သူတို့ကိုင်ထားတဲ့ လက်နက်တွေက ပြည်သူကိုသတ်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် CDM တပ်မတော်သားတွေက ပြည်သူကိုကာကွယ်ဖို့အတွက် တိုက်ခိုက်ရေးတွေမှာ၊ စစ်ဆင်ရေးတွေမှာ ပြန်လည်ပါဝင်ရခြင်းဖြစ်တယ်” – ဗိုလ်ကြီးညီသုတ

ရှေ့ထွက်မိုင်းနဲ့ ကားမိုင်းတွေကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ပြီလို့ ပြည်သူ့စစ်သား စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့က ကြေငြာလိုက်ပါတယ်။

လက်ရှိ စစ်မြေပြင်မှာ စတင်အသုံးချနေပြီဖြစ်သလို ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ပထမအဆင့်အနေနဲ့ အရေအတွက် ၁ထောင် ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူ့စစ်သားစစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့ကို တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်းအရာရှိ CDM စစ်သားတွေ ဦးဆောင်နေတာပါ။

ဒါဟာ ပရော့ဂျက် ၈ခုထဲက ၁ခုသာ ရှိသေးပြီး စစ်ကောင်စီတပ်ကို အများကြီးဒုက္ခပေးနိုင်မယ့် လက်နက်တွေ ဆက်လက်ထုတ်လုပ်သွားဖို့ ရှိတယ်လို့

ပြည်သူ့စစ်သားအဖွဲ့က ဗိုလ်ကြီး ညီသုတက ပြောပါတယ်။ စစ်လက်နက်ထုတ်လုပ်နိုင်မှု အခြေအနေတွေနဲ့ပတ်သက်လို့

ဗိုလ်ကြီးညီသုတကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်းတင်ဆက် – မင်းမင်း

Myanmar Now Youtube Channel

Zawgyi Version











