သတင်းပေး ငရဲပြည်ပို့ခံရလို့ သွားတဲ့ ရဲမှူးနှင့် အဖွဲ့ ငရဲပြည်ထိ လိုက်သွားခဲ့ရ
သတင်းပေး ငရဲပြည်ပို့ခံရလို့ သွားတဲ့ ရဲမှူးနှင့် အဖွဲ့ ငရဲပြည်ထိ လိုက်သွားခဲ့ရ
သတင်းပေး အသတ်ခံရမှု သွားရောက်စစ်ဆေးပြီး အပြန်လမ်းမှာ မိုင်းဆွဲခံရ လို့ သေဆုံးသွားတဲ့ ဝန်းသိုရဲစခန်းမှူးစီးတဲ့ ကား
ရန်ကုန်| ဒီဇင်ဘာ ၁၈
စစ်တပ်သတင်းပေး အသတ်ခံရလို့ သွားရောက်စစ်ဆေးခဲ့တဲ့ စစ်ကောင်စီ ရဲစခန်းမှူးနဲ့နောက်လိုက်တွေ အပြန်လမ်းမှာ မိုင်းဆွဲခံရပြီး
စခန်းမှူးသေပြီး ၅ယောက်ဒဏ်ရာရခဲ့သလို မိုင်းဆွဲခံရပြီး မီးလောင်ပျက်စီးခဲ့တဲ့ စခန်းမှူးကားရဲ့ မြင်ကွင်းဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၄ရက်ညက ဝန်းသိုမြို့နယ်အရှေ့ခြမ်း ကင်းရွာမှာ စစ်တပ်သတင်းပေးဆိုသူ အသတ်ခံရလို့
ဒီဇင်ဘာ ၁၅ရက် မနက် ၈နာရီခန့်မှာ စစ်ကောင်စီရဲ့ ဝန်းသိုစခန်းမှူးနဲ့ ရဲတွေ သွားရောက်စစ်ဆေးရာမှာ အပြန်လမ်းမှာ မိုင်းဆွဲခံခဲ့ရတာပါ။
အကြမ်းဖက်စစ်ကောင်စီ ရဲကားနှစ်စီးကိုတော့ မိုင်းဆွဲခံရတဲ့နေရာကနေ လာဆွဲသွားပေမယ့် မိုင်းထိပြီး
မီးလောင်တဲ့ စခန်းမှူးကားကတော့ ပုံပါအတိုင်း အပျက်အစီးအတိုင်း ရှိနေဆဲဖြစ်တယ်လို့
ဝန်းသိုတော်လှန်ရေး အင်အားစုကိုယ်စား ကောလင် တော်လှန်ရေးအင်အားစုက ဒီနေ့ ဒီဇင်ဘာ ၁၈ရက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဓာတ်ပုံ-KR-Team
သတင္းေပး ငရဲျပည္ပို႕ခံရလို႕ သြားတဲ့ ရဲမွဴးႏွင့္ အဖြဲ႕ ငရဲျပည္ထိ လိုက္သြားခဲ့ရ
သတင္းေပး ငရဲျပည္ပို႕ခံရလို႕ သြားတဲ့ ရဲမွဴးႏွင့္ အဖြဲ႕ ငရဲျပည္ထိ လိုက္သြားခဲ့ရ
သတင္းေပး အသတ္ခံရမႈ သြားေရာက္စစ္ေဆးၿပီး အျပန္လမ္းမွာ မိုင္းဆြဲခံရ လို႔ ေသဆုံးသြားတဲ့ ဝန္းသိုရဲစခန္းမႉးစီးတဲ့ ကား
ရန္ကုန္| ဒီဇင္ဘာ ၁၈
စစ္တပ္သတင္းေပး အသတ္ခံရလို႔ သြားေရာက္စစ္ေဆးခဲ့တဲ့ စစ္ေကာင္စီ ရဲစခန္းမႉးနဲ႔ေနာက္လိုက္ေတြ အျပန္လမ္းမွာ မိုင္းဆြဲခံရၿပီး
စခန္းမႉးေသၿပီး ၅ေယာက္ဒဏ္ရာရခဲ့သလို မိုင္းဆြဲခံရၿပီး မီးေလာင္ပ်က္စီးခဲ့တဲ့ စခန္းမႉးကားရဲ့ ျမင္ကြင္းျဖစ္ပါတယ္။
ဒီဇင္ဘာ ၁၄ရက္ညက ဝန္းသိုၿမိဳ႕နယ္အေရွ႕ျခမ္း ကင္းရြာမွာ စစ္တပ္သတင္းေပးဆိုသူ အသတ္ခံရလို႔
ဒီဇင္ဘာ ၁၅ရက္ မနက္ ၈နာရီခန္႔မွာ စစ္ေကာင္စီရဲ့ ဝန္းသိုစခန္းမႉးနဲ႔ ရဲေတြ သြားေရာက္စစ္ေဆးရာမွာ အျပန္လမ္းမွာ မိုင္းဆြဲခံခဲ့ရတာပါ။
အၾကမ္းဖက္စစ္ေကာင္စီ ရဲကားႏွစ္စီးကိုေတာ့ မိုင္းဆြဲခံရတဲ့ေနရာကေန လာဆြဲသြားေပမယ့္ မိုင္းထိၿပီး
မီးေလာင္တဲ့ စခန္းမႉးကားကေတာ့ ပုံပါအတိုင္း အပ်က္အစီးအတိုင္း ရွိေနဆဲျဖစ္တယ္လို႔
ဝန္းသိုေတာ္လွန္ေရး အင္အားစုကိုယ္စား ေကာလင္ ေတာ္လွန္ေရးအင္အားစုက ဒီေန႔ ဒီဇင္ဘာ ၁၈ရက္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။
ဓာတ္ပုံ-KR-Team