News

ဘားအံမြို့မှ သံချပ်ကား ၂ စီးအပါအဝင် စစ်ကား ၁၄ စီး ထွက်ခွာ

ဘားအံမြို့မှ သံချပ်ကား ၂ စီးအပါအဝင် စစ်ကား ၁၄ စီး ထွက်ခွာ

ဘားအံမြို့မှ သံချပ်ကား ၂ စီးအပါအဝင် စစ်ကား ၁၄ စီး ထွက်ခွာ၊ ဘီးလင်း၊ လေးကေ့ကော်နှင့်မြဝတီဘက်သို့ ဦးတည်နိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့မှ စစ်ကောင်စီ၏ သံချပ်ကာ ကား ၂ စီး အပါအဝင် စစ်ကား ၁၄ စီး ထွက်ခွာလာပြီး

ဘီးလင်း၊လေးကေ့ကော်၊ မြဝတီဘက်သို့ ဦးတည်နိုင်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“သံချပ်ကာကား ၂စီး နဲ့ စစ်ကား ၁စီး အိန္ဒု တိုးဂိတ်မှာ ဘားအံ-မြဝတီလမ်း ကြောင်းအတိုင်း ဖြတ်တက်သွားပါပြီ။

ဒီနေ့ မနက် ၇ နာရီ ၃၅ မိနစ်အချိန်ပါ ။ လှိုင်ကား ဂိတ် ကျော်လာလို့ အိမ်ရှေ့ကဖြတ်သွားတာတွေ့လိုက်တယ်” ဟု ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

အလားတူ ဒေသခံပြည်သူတစ်ဦးကလည်း စစ်ကားများ မြဝတီဘက်သို့ ဘားအံမှထွက်ခွာနေသည်ဟု ဆိုသည်။

“ဒီမနက် ၈နာရီလောက်တုန်းက စစ်ကား ၁၂စီး မြို့ပြင်ကိုထွက်သွားတယ်။

ဘားအံကနေ ဘီးလင်း ဘက်ကိုထွက်တာဖြစ်ဖို့များတယ်။ မိန်းကလေးတွေလည်း ပါသွားကြတယ်။ အိုးတွေခွက်တွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးက ဆို သည်။

ဓာတ်ပုံ- နေပြည်တော်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ ကင်းလှည့်နေသော စစ်ယာဉ်တန်း( ပုံအဟောင်းဖြစ်ပါသည်)

Photo – AFP

ဘားအံၿမိဳ႕မွ သံခ်ပ္ကား ၂ စီးအပါအဝင္ စစ္ကား ၁၄ စီး ထြက္ခြာ

ဘားအံၿမိဳ႕မွ သံခ်ပ္ကား ၂ စီးအပါအဝင္ စစ္ကား ၁၄ စီး ထြက္ခြာ၊ ဘီးလင္း၊ ေလးေက့ေကာ္ႏွင့္ျမ၀တီဘက္သို႔ ဦးတည္ႏိုင္

ရန္ကုန္၊ ဒီဇင္ဘာ ၁၈

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕မွ စစ္ေကာင္စီ၏ သံခ်ပ္ကာ ကား ၂ စီး အပါအဝင္ စစ္ကား ၁၄ စီး ထြက္ခြာလာၿပီး

ဘီးလင္း၊ေလးေက့ေကာ္၊ ျမ၀တီဘက္သို႔ ဦးတည္ႏိုင္ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

“သံခ်ပ္ကာကား ၂စီး နဲ႔ စစ္ကား ၁စီး အိႏၵဳ တိုးဂိတ္မွာ ဘားအံ-ျမဝတီလမ္း ေၾကာင္းအတိုင္း ျဖတ္တက္သြားပါၿပီ။

ဒီေန႔ မနက္ ၇ နာရီ ၃၅ မိနစ္အခ်ိန္ပါ ။ လႈိင္ကား ဂိတ္ ေက်ာ္လာလို႔ အိမ္ေရွ႕ကျဖတ္သြားတာေတြ႕လိုက္တယ္” ဟု ျပည္သူတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာသည္။

အလားတူ ေဒသခံျပည္သူတစ္ဦးကလည္း စစ္ကားမ်ား ျမ၀တီဘက္သို႔ ဘားအံမွထြက္ခြာေနသည္ဟု ဆိုသည္။

“ဒီမနက္ ၈နာရီေလာက္တုန္းက စစ္ကား ၁၂စီး ၿမိဳ႕ျပင္ကိုထြက္သြားတယ္။

ဘားအံကေန ဘီးလင္း ဘက္ကိုထြက္တာျဖစ္ဖို႔မ်ားတယ္။ မိန္းကေလးေတြလည္း ပါသြားၾကတယ္။ အိုးေတြခြက္ေတြလည္းပါတယ္” ဟု ေဒသခံတစ္ဦးက ဆို သည္။

ဓာတ္ပုံ- ေနျပည္ေတာ္တြင္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ ကင္းလွည့္ေနေသာ စစ္ယာဥ္တန္း( ပုံအေဟာင္းျဖစ္ပါသည္)

Photo – AFP