လေးကေ့ကော်မှာ လေယာဉ်ဝဲနေပြီ
လေးကေ့ကော်မှာ လေယာဉ်ဝဲနေပြီ Double Cap(8)စီးနဲ့အင်အား(၅၀)ခန့် စကစတိုင်းမှူးလမ်းကြောင်း ကကရမှ မဝတသို့ အာရှလမ်းကနေ တက်လာပြီ ကဲ…ရဲဘော်တို့
လေးကေ့ကော်မှာ ပွဲပြန်ကပြီ
စစ်ကောင်စီက အင်အားထပ်တိုး ချီတက်လာ
လေးကေ့ကော်အနီး အမြောက်ကုန်းကိုKNU ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထား
အမြောက်ကုန်းပေါ် မှာ ပိတ်မိနေသောအကြမ်းဖက်စစ်ကောင်စီတပ်သား၈၀ ခန့်အား KNU ဘက်မှရေဖြတ်၊ရိက္ခာဖြတ်ထားလိုက်ပြီ
ယနေ့ တိုက်လေယာဉ်များ လာနိုင်တယ် လို့သတင်းရ သတိထားလှုပ်ရှားကြဖို့စစ်ရေးအတွေ့အကြုံရှိသူများက မှာကြားနေ
မနေ့က ညနေက ထိုင်းနိုင်ငံဘက်ခြမ်း၂၄ ဂိတ်ထဲသို့ အမြောက်ကုန်းမှ စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ မြန်မာနိုင်ငံသားတစ်ဦးပြင်းထန်စွာ ဒဏ်ရာရ
ထိုင်းဘက်ကလည်း ချက်ချင်း မီးခိုးဗုန်း နှစ်လုံး မြန်မာဘက်ခြမ်း အမြောက်ကုန်းသို့ သတိပေးပြန်လည်ပစ်ခတ်
အမြောက်ကုန်းအနီး မိတာအနည်းအကွာတွင်ကျရောက်ခဲ့
အမြောက်ကုန်းပေါ် မှ ယနေ့ လက်နက်ကြီးပစ်ခတ်ခြင်း မရှိသေး
KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဂွင်မှာ စစ်ရေးအခြေအနေ တင်းမာနေ
မြဝတီ၊ဝေါလေမြိုင်ကားလမ်းမကြီးပေါ်ပြည်သူများ လုံးဝသွားလာလို့ မရတော့….နှစ်ဖက်တပ်များမှ လမ်းမများပေါ်တွင်ပိတ်ဆို့ထား
ပြည်သူများ လမ်းမကြီး သွားလာပါကမိုင်းအန္တရာယ် အထူးသတိထားကြပါဖြစ်နိုင်ရင် အပြင်မထွက်ကြပါနဲ့။
ရဲမင်း(AAC)
တောင်ပိုင်းတိုင်းစစ်ရေးနယ်မြေ…..18/12/2021….
ရဲမင်း(AAC)