မန္တလေးဝိန့်လီရွှေဆိုင် သေနတ် ၆ ချက်ဖောက်ပြီး ဓားပြတိုက်ခံရ
မန္တလေးဝိန့်လီရွှေဆိုင် သေနတ် ၆ ချက်ဖောက်ပြီး ဓားပြတိုက်ခံရ၊ ရွှေများပါသွားဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
မန္တလေး နာမည်ကျော် ရွှေဆိုင်တစ်ခုဖြစ်သော ဝိန့်လီရွှေဆိုင်ကို ယနေ့ ညနေ ၅ နာရီခွဲကျော်တွင်
လူတချို့က လက်နက်ကိုင်ဓားပြတိုက်သွားသဖြင့် ရွှေများပါသွားကြောင်း မန္တလေးမြို့ခံများထံမှ သိရှိရသည်
“လမ်း ၈၀၊ ၂၉ လမ်းထောင့်၊ ဝိန့်လီရွှေဆိုင်မှာ ဓားပြတိုက်တာ၊ သေနတ်သံ ၆ ချက်ကြားရတယ်
ရွှေတွေလည်းပါသွားတယ်ပြောတယ်။ ဆိုင်ကယ်နှစ်စီး နဲ့လာတိုက်သွားတာ သေနတ်ပါပါတယ်” ဟု မန္တလေးဒေသခံတစ်ဦးက ပြောသည်
ရန်ကုန်ခေတ်သစ်က မန္တလေးဝိန့်လီရွှေဆိုင်သို့ ဓားပြတိုက်မှုနှင့်ပတ်သက်၍
ဆက်သွယ်မေးမြန်းရာ ဖုန်းပြန်လည် ဖြေဆိုခြင်းမပြုပေ
ဓာတ်ပုံ- ယနေ့ ညနေပိုင်း ဓားပြတိုက်ခံရအပြီး မန္တလေးဝိန့်လီရွှေဆိုင်
Photo – CJ
မႏၲေလးဝိန႔္လီေရႊဆိုင္ ေသနတ္ ၆ ခ်က္ေဖာက္ၿပီး ဓားျပတိုက္ခံရ
မႏၲေလးဝိန႔္လီေရႊဆိုင္ ေသနတ္ ၆ ခ်က္ေဖာက္ၿပီး ဓားျပတိုက္ခံရ၊ ေရႊမ်ားပါသြားဟုဆို
ရန္ကုန္၊ ဒီဇင္ဘာ ၁၈
မႏၲေလး နာမည္ေက်ာ္ ေရႊဆိုင္တစ္ခုျဖစ္ေသာ ဝိန႔္လီေရႊဆိုင္ကို ယေန႔ ညေန ၅ နာရီခြဲေက်ာ္တြင္
လူတခ်ိဳ႕က လက္နက္ကိုင္ဓားျပတိုက္သြားသျဖင့္ ေရႊမ်ားပါသြားေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားထံမွ သိရွိရသည္
“လမ္း ၈၀၊ ၂၉ လမ္းေထာင့္၊ ဝိန႔္လီေရႊဆိုင္မွာ ဓားျပတိုက္တာ၊ ေသနတ္သံ ၆ ခ်က္ၾကားရတယ္
ေရႊေတြလည္းပါသြားတယ္ေျပာတယ္။ ဆိုင္ကယ္ႏွစ္စီး နဲ႔လာတိုက္သြားတာ ေသနတ္ပါပါတယ္” ဟု မႏၲေလးေဒသခံတစ္ဦးက ေျပာသည္။
ရန္ကုန္ေခတ္သစ္က မႏၲေလးဝိန႔္လီေရႊဆိုင္သို႔ ဓားျပတိုက္မႈႏွင့္ပတ္သက္၍
ဆက္သြယ္ေမးျမန္းရာ ဖုန္းျပန္လည္ ေျဖဆိုျခင္းမျပဳေပ
ဓာတ္ပုံ- ယေန႔ ညေနပိုင္း ဓားျပတိုက္ခံရအၿပီး မႏၲေလးဝိန႔္လီေရႊဆိုင္
Photo – CJ