ခင်ပွန်းဖြစ်သူအလုပ်သွားနေစဉ် ခိုးရာလိုက်ပြေးတဲ့ဇနီးကို ကောက်ရိုးပုံထဲမှာဖမ်းမိ
ခင်ပွန်းဖြစ်သူအလုပ်သွားနေစဉ် ခိုးရာလိုက်ပြေးတဲ့ဇနီးကို ကောက်ရိုးပုံထဲမှာဖမ်းမိ
ခင်ပွန်းအလုပ်သွားနေခိုက် အိမ်ထောင်ရှိအမျိုးသားနှင့် ခိုးယာလိုက်ပြေးသူတို့ကို ကောက်ရိုးပုံထဲမှာ ဖမ်းမိ၍ အမှုဖွင့်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်ရပ်ကွက်၌ ဒီဇင်ဘာ ၂၀ရက်နေ့က အိမ်ထောင်ရှိ အမျိုးသမီးကို
အိမ်ထောင်ရှိအမျိုးသား ခိုးပြေး၍ ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်ရပ်ကွက်တွင် နေထိုင်သူ ကိုမျိုးမင်းခန့် (၁၉နှစ်)သည်
တစ်ရပ်ကွက်တည်းနေ မနှင်းယုဝေ(၁၉နှစ်)နှင့် ဗမာဓလေ့ထုံးတမ်းအစဉ်အလာအရ
တရားဝင်ထိမ်းမြားလက်ထပ်ပြီးယောက္ခမနေအိမ်တွင် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း ဆိုသည်။
ထိုနောက် ကိုမျိုးမင်းခန့်မှာ မြဝတီမြို့သို့ သွားရောက်၍ ပြောင်းဖူးချိုးလုပ်ငန်း၌
နေ့စားလုပ်ကိုင်ရာမှ အဆင်မပြေ၍ ပြန်လာခဲ့ရာကျေးရွာမရောက်မှီ ဇနီးဖြစ်သူ မနှင်းယုဝေမှာ
အခြားအိမ်ထောင်ရှိ အမျိုးသားတစ်ဦးနှင့် ခိုးရာလိုက်ပြေးသွားကြောင်း သိရသော်လည်း
ယောက္ခမ နေအိမ်အား ဒီဇင်ဘာ ၁၉ ရက်နေ့က သွားကြည့်စဉ် ဇနီးဖြစ်သူတွင် ကြားသိရ
သတင်းအတိုင်း ဖြစ်နေကြောင်း ဆိုသည်။
ထိုနောက် ဇနီးဖြစ်သူအား စုံစမ်းခဲ့ရာ ကျောက်တံခါးမြို့နယ်၊ မှန်တန်းကျေးရွာရှိ
လယ်တဲတစ်ခု၏ ကောက်ရိုးပုံတွင် ပုန်းခိုနေကြောင်း ကြားသိရသဖြင့်
ဇနီးဖြစ်သူ မနှင်းယုဝေနှင့် လက်ရှိအိမ်ထောင်ရှိလျှက် ၎င်း၏ဇနီးအား ခိုးပြေးသူ
တစ်ရပ်ကွက်တည်းနေ ဖိုးချို(၃၁)တို့အား အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားဝင်ဇနီးရှိပါလျှက် အိမ်ထောင်ရှိအမျိုးသမီးအား ခိုးပြေးသူ
ဖိုးချိုနှင့် တရားဝင်ခင်ပွန်းရှိပါလျှက်အိမ်ထောင်ရှိအမျိုးသားနှင့်ခိုးယာလိုက်သူ
မနှင်းယုဝေတို့အား ကျောက်တံခါးမြို့မ ရဲစခန်းမှ (ပ)၃၄၄/၂၀၂၀၊ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
credit
ခင္ပြန္းျဖစ္သူအလုပ္သြားေနစဥ္ ခိုးရာလိုက္ေျပးတဲ့ဇနီးကို ေကာက္ရိုးပုံထဲမွာဖမ္းမိ
ခင္ပြန္းျဖစ္သူအလုပ္သြားေနစဥ္ ခိုးရာလိုက္ေျပးတဲ့ဇနီးကို ေကာက္ရိုးပုံထဲမွာဖမ္းမိ
ခင္ပြန္းအလုပ္သြားေနခိုက္ အိမ္ေထာင္ရွိအမ်ိဳးသားႏွင့္ ခိုးယာလိုက္ေျပးသူတို႔ကို ေကာက္ရိုးပုံထဲမွာ ဖမ္းမိ၍ အမႈဖြင့္
ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ကြင္းေနာက္ရပ္ကြက္၌ ဒီဇင္ဘာ ၂၀ရက္ေန႔က အိမ္ေထာင္ရွိ အမ်ိဳးသမီးကို
အိမ္ေထာင္ရွိအမ်ိဳးသား ခိုးေျပး၍ ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း သိရသည္။
ေက်ာက္တံခါးၿမိဳ႕နယ္၊ ကြင္းေနာက္ရပ္ကြက္တြင္ ေနထိုင္သူ ကိုမ်ိဳးမင္းခန႔္ (၁၉ႏွစ္)သည္
တစ္ရပ္ကြက္တည္းေန မႏွင္းယုေဝ(၁၉ႏွစ္)ႏွင့္ ဗမာဓေလ့ထုံးတမ္းအစဥ္အလာအရ
တရားဝင္ထိမ္းျမားလက္ထပ္ၿပီးေယာကၡမေနအိမ္တြင္ ေပါင္းသင္းေနထိုင္ခဲ့ေၾကာင္း ဆိုသည္။
ထိုေနာက္ ကိုမ်ိဳးမင္းခန႔္မွာ ျမဝတီၿမိဳ႕သို႔ သြားေရာက္၍ ေျပာင္းဖူးခ်ိဳးလုပ္ငန္း၌
ေန႔စားလုပ္ကိုင္ရာမွ အဆင္မေျပ၍ ျပန္လာခဲ့ရာေက်းရြာမေရာက္မွီ ဇနီးျဖစ္သူ မႏွင္းယုေဝမွာ
အျခားအိမ္ေထာင္ရွိ အမ်ိဳးသားတစ္ဦးႏွင့္ ခိုးရာလိုက္ေျပးသြားေၾကာင္း သိရေသာ္လည္း
ေယာကၡမ ေနအိမ္အား ဒီဇင္ဘာ ၁၉ ရက္ေန႔က သြားၾကည့္စဥ္ ဇနီးျဖစ္သူတြင္ ၾကားသိရ
သတင္းအတိုင္း ျဖစ္ေနေၾကာင္း ဆိုသည္။
ထိုေနာက္ ဇနီးျဖစ္သူအား စုံစမ္းခဲ့ရာ ေက်ာက္တံခါးၿမိဳ႕နယ္၊ မွန္တန္းေက်းရြာရွိ
လယ္တဲတစ္ခု၏ ေကာက္ရိုးပုံတြင္ ပုန္းခိုေနေၾကာင္း ၾကားသိရသျဖင့္
ဇနီးျဖစ္သူ မႏွင္းယုေဝႏွင့္ လက္ရွိအိမ္ေထာင္ရွိလၽွက္ ၎၏ဇနီးအား ခိုးေျပးသူ
တစ္ရပ္ကြက္တည္းေန ဖိုးခ်ိဳ(၃၁)တို႔အား အေရးယူေပးပါရန္ တိုင္ၾကားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံက သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ တရားဝင္ဇနီးရွိပါလၽွက္ အိမ္ေထာင္ရွိအမ်ိဳးသမီးအား ခိုးေျပးသူ
ဖိုးခ်ိဳႏွင့္ တရားဝင္ခင္ပြန္းရွိပါလၽွက္အိမ္ေထာင္ရွိအမ်ိဳးသားႏွင့္ခိုးယာလိုက္သူ
မႏွင္းယုေဝတို႔အား ေက်ာက္တံခါးၿမိဳ႕မ ရဲစခန္းမွ (ပ)၃၄၄/၂၀၂၀၊ တစ္လင္တစ္မယားက်င့္သုံးျခင္းဆိုင္ရာ
ဥပေဒ ပုဒ္မ ၁၃ ျဖင့္ အမႈဖြင့္ စစ္ေဆး ေဆာင္ရြက္လၽွက္ရွိေၾကာင္း သိရသည္။
credit