News

နှမ်းခါးရွာကို လေယာဉ်နဲ့ ဗုံးကျဲ စပါးတွေ ကားနဲ့တင်ခိုးသွား

နှမ်းခါးရွာကို လေယာဉ်နဲ့ ဗုံးကျဲ စပါးတွေ ကားနဲ့တင်ခိုးသွား

နှမ်းခါးရွာကို လေယာဉ်နဲ့ ဗုံးကျဲ စပါးခင်းတွေရိတ်ပြီး ကားနဲ့တင်ခိုးသွား၊ PDF ၄ ဦး ကျဆုံး

ဂန့်ဂေါ၊ ဒီဇင်ဘာ ၁၈၊ ၂၀၂၁။

ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးကျဲခဲ့ပြီး ပြည်သူတွေရဲ့ စပါးခင်းတွေ ရိတ်သိမ်းခိုးယူသွားခဲ့တယ်လို့ Gangaw Battalion PDF ဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက် နေ့လယ် ၁ နာရီကျော်အချိန်မှာ စစ်ကောင်စီက ဂန့်ဂေါမြို့နယ်က ခေါင်းဆောင်ပိုင်းတွေ အစည်းအဝေးလုပ်နေချိန်မှာ ဗုံးလာကျဲသွားခဲ့တာဖြစ်တယ်လို့ Gangaw Battalion PDF တပ်ရင်း ၁ ရဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

“ရဟက်ယာဉ် ၃ စီးလာတယ်၊ ပထမ သူတို့ ဗုံး ၂ လုံးကျဲတယ်။ ကျနော်တို့ သတင်းပေါက်နေတဲ့ ခန်းမလွဲသွားလို့၊ အဲဒီမှာ လူတွေမရှိဘူး၊ ပြီးတော့စက်သေနတ်နဲ့ တောက်လျှောက်သူတို့က အစည်းအဝေးလုပ်တယ်ထင်တဲ့နေရာတွေကို ပစ်ပါတယ်” လို့ သူကပြောပါတယ်။

ရဟတ်ယာဉ်နဲ့ ဗုံးကျဲပြီးနောက်ပိုင်းမှာ နောက်ထပ် ရဟတ်ယာဉ် ၂ စီးနဲ့ နှမ်းခါးရွာ အနောက်ဘက်နဲ့ တောင်ဘက်က ရွာတွေမှာ စစ်သားတွေ လာချသွားခဲ့တယ်လို့ ပြောပါတယ်။

“ရွာထဲဘက်ကို စစ်ကြောင်းထိုးမယ်ပုံစံလုပ်တာ ကျနော်တို့အားလုံး သတင်းရတော့ တချို့လူတွေက လွတ်လောက်မဲ့နေရာကို ထွက်ပြေးတယ်။ အနောက်ဘက် တောင်ဘက် ပြေးတဲ့ဒေသခံတွေကြ စစ်ကောင်စီအဖွဲ့က ဖမ်းမိသွားပါတယ်။

အစည်းအဝေးလာတဲ့လူတွေလည်း အဖမ်းခံရတဲ့အထဲပါမယ်၊ပြီးတော့ အရေးကြီးခေါင်းကြီးပိုင်းတွေ လွတ်မြောက်သွားပါတယ်” လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီနေ့က PDF ဘက်က ၆ ဦး သေနတ်ထိမှန်ခဲ့ပြီး ၄ ဦး ကျဆုံးခဲ့တဲ့ အထဲမှာ ဂန့်ဂေါ PDF တပ်ရင်း ၁ က ၁ ဦး ပါဝင်တယ်လို့ သိရပါတယ်။

“ကျန်တာက ဒေသခံကာကွယ်‌‌ရေးအဖွဲ့ထဲ့ကပါ၊ ဆက်သွယ်လို့ရတဲ့ ရဲဘော်တွေအကုန်ပြန်စုနေတုန်းပါ၊ အစည်းအဝေးမှာ ဖုန်းတွေအကုန်သိမ်းထားလို့ပါ” လို့ Gangaw Battalion PDF ရဲ့ တာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက နှမ်းခါးရွာထဲကို ဝင်မွှေနေပြီး ပြည်သူတွေရဲ့ စပါးခင်းတွေကို ရိတ်သိမ်းပြီး Faw ကားတွေနဲ့ ခိုးယူသွားတာ ဧက ဘယ်လောက်ဆိုတာ မသိရသေးဘူးလို့ သိရပါတယ်။

မြေလတ်အသံ

ႏွမ္းခါး႐ြာကို ေလယာဥ္နဲ႔ ဗုံးက်ဲ စပါးေတြ ကားနဲ႔တင္ခိုးသြား

ႏွမ္းခါး႐ြာကို ေလယာဥ္နဲ႔ ဗုံးက်ဲ စပါးခင္းေတြရိတ္ၿပီး ကားနဲ႔တင္ခိုးသြား၊ PDF ၄ ဦး က်ဆုံး

ဂန႔္ေဂါ၊ ဒီဇင္ဘာ ၁၈၊ ၂၀၂၁။

ဂန႔္ေဂါၿမိဳ႕နယ္၊ ႏွမ္းခါး႐ြာကို စစ္ေကာင္စီက ရဟတ္ယာဥ္နဲ႔ ဗုံးက်ဲခဲ့ၿပီး ျပည္သူေတြရဲ႕ စပါးခင္းေတြ ရိတ္သိမ္းခိုးယူသြားခဲ့တယ္လို႔ Gangaw Battalion PDF ဆီက သိရပါတယ္။

ဒီဇင္ဘာ ၁၇ ရက္ ေန႔လယ္ ၁ နာရီေက်ာ္အခ်ိန္မွာ စစ္ေကာင္စီက ဂန႔္ေဂါၿမိဳ႕နယ္က ေခါင္းေဆာင္ပိုင္းေတြ အစည္းအေဝးလုပ္ေနခ်ိန္မွာ ဗုံးလာက်ဲသြားခဲ့တာျဖစ္တယ္လို႔ Gangaw Battalion PDF တပ္ရင္း ၁ ရဲ႕ တာဝန္ခံက ေျမလတ္အသံကို ေျပာပါတယ္။

“ရဟက္ယာဥ္ ၃ စီးလာတယ္၊ ပထမ သူတို႔ ဗုံး ၂ လုံးက်ဲတယ္။ က်ေနာ္တို႔ သတင္းေပါက္ေနတဲ့ ခန္းမလြဲသြားလို႔၊ အဲဒီမွာ လူေတြမရွိဘူး၊ ၿပီးေတာ့စက္ေသနတ္နဲ႔ ေတာက္ေလွ်ာက္သူတို႔က အစည္းအေဝးလုပ္တယ္ထင္တဲ့ေနရာေတြကို ပစ္ပါတယ္” လို႔ သူကေျပာပါတယ္။

ရဟတ္ယာဥ္နဲ႔ ဗုံးက်ဲၿပီးေနာက္ပိုင္းမွာ ေနာက္ထပ္ ရဟတ္ယာဥ္ ၂ စီးနဲ႔ ႏွမ္းခါး႐ြာ အေနာက္ဘက္နဲ႔ ေတာင္ဘက္က ႐ြာေတြမွာ စစ္သားေတြ လာခ်သြားခဲ့တယ္လို႔ ေျပာပါတယ္။

“႐ြာထဲဘက္ကို စစ္ေၾကာင္းထိုးမယ္ပုံစံလုပ္တာ က်ေနာ္တို႔အားလုံး သတင္းရေတာ့ တခ်ိဳ႕လူေတြက လြတ္ေလာက္မဲ့ေနရာကို ထြက္ေျပးတယ္။ အေနာက္ဘက္ ေတာင္ဘက္ ေျပးတဲ့ေဒသခံေတြၾက စစ္ေကာင္စီအဖြဲ႕က ဖမ္းမိသြားပါတယ္။

အစည္းအေဝးလာတဲ့လူေတြလည္း အဖမ္းခံရတဲ့အထဲပါမယ္၊ၿပီးေတာ့ အေရးႀကီးေခါင္းႀကီးပိုင္းေတြ လြတ္ေျမာက္သြားပါတယ္” လို႔ သူကဆက္ေျပာပါတယ္။

အဲ့ဒီေန႔က PDF ဘက္က ၆ ဦး ေသနတ္ထိမွန္ခဲ့ၿပီး ၄ ဦး က်ဆုံးခဲ့တဲ့ အထဲမွာ ဂန႔္ေဂါ PDF တပ္ရင္း ၁ က ၁ ဦး ပါဝင္တယ္လို႔ သိရပါတယ္။

“က်န္တာက ေဒသခံကာကြယ္‌‌ေရးအဖြဲ႕ထဲ့ကပါ၊ ဆက္သြယ္လို႔ရတဲ့ ရဲေဘာ္ေတြအကုန္ျပန္စုေနတုန္းပါ၊ အစည္းအေဝးမွာ ဖုန္းေတြအကုန္သိမ္းထားလို႔ပါ” လို႔ Gangaw Battalion PDF ရဲ႕ တာဝန္ခံက ေျပာပါတယ္။

လက္ရွိမွာ စစ္ေကာင္စီက ႏွမ္းခါး႐ြာထဲကို ဝင္ေမႊေနၿပီး ျပည္သူေတြရဲ႕ စပါးခင္းေတြကို ရိတ္သိမ္းၿပီး Faw ကားေတြနဲ႔ ခိုးယူသြားတာ ဧက ဘယ္ေလာက္ဆိုတာ မသိရေသးဘူးလို႔ သိရပါတယ္။

ေျမလတ္အသံ