Cele News

စကစ ကကောင်တွေကို KNU က ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတဲ့ ပုံတွေအပေါ် ရင်ဖွင့် ပေါက်ကွဲလာ…

စကစ ကကောင်တွေကို KNU က ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတဲ့ ပုံတွေအပေါ် ရင်ဖွင့် ပေါက်ကွဲလာ…

ပြည်သူတွေအပေါ် ယုတ်မာရိုင်းစိုင်းခဲဲ့တ့ အာဏာရူးလက်ပါစေတချို့ကို KNU က ကောင်းကောင်းမွန်မွန် ကျွေးမွေးထားတဲ့ ပုံတွေအပေါ် ရင်ဖွင့် ပေါက်ကွဲလာတဲ့ သရုပ်ဆောင် ဒေါင်း…

(၂၀၁၅) ရွေးကောက်ပွဲမှာကတည်းက NLD ပါတီကို ထောက်ခံအားပေးခဲ့တဲ့ဒေါင်းဟာ (၂၀၂၀) ခုနှစ်ရွေးကောက်ပွဲမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာလည်း ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရအပေါ် အဓမ္မ အာဏာသိမ်းယူထားတဲ့ စကစအပေါ်မှာလည်း ဒေါင်းဟာ ပြင်းပြင်းထန်ထန်ဝေဖန်ရှုံ့ချနေသူတစ်ယောက်ပါ။

ဒီကနေ့မှာလည်း ဒေါင်းက ပြည်သူတွေကို မတရားဖိနှိပ်ခဲ့ပေမယ့် ပြည်သူ့တပ်တွေလက်ထဲမှာတော့ လူလူသူသူနေရတဲ့ အာဏာရူးလက်ပါးစေတွေအကြောင်းပြောလာတာကို တွေ့ရပါတယ်။

ဒေါင်းက “အာဏာရူးလက်ပါးစေများ.. ခင်ဗျားတို့အမြင်မှန်ရချင်ရင် ဒီပုံတွေနဲ့ ခင်ဗျားတို့ပထွေးတွေ ပြည်သူတွေကိုလုပ်တဲ့လုပ်ရပ်တွေယှဉ်တွေး

လက်တစ်ဆစ်စာလောက်လေး ပိုကျယ်ကျယ်တွေးနိုင်ရင်တောင် အမှန်တရားကိုသိမလားပဲ။

ဒါပေမယ့်ခင်ဗျားတို့က အမှောင်ထဲက အောက်တန်းစား အခွင့်အရေးတွေကို အာဏာရူးပေါင်ကြားကနေ အငမ်းမရ လိုချင်တဲ့စိတ်ကပိတ်နေတော့

လူ့အသိဉာဏ်ပျောက်ဆုံးပြီး လူသားဆန်တဲ့အခြေခံအဆင့်အောက်မှာရောက်နေရတာပေါ့။ သိပ်ပြောချင်လွန်းလို့ရယ်တော့မဟုတ်ဘူးဗျာ။

ခင်ဗျားတို့က သရေကွင်းလောက်တောင် ကျယ်ပြန့်ဆွဲ့ဆန့်နိုင်တဲ့ အသိဉာဏ်မရှိတာ သိပါတယ်။” ဆိုပြီး ပြောလာပါတယ်။

ဒေါင်းကတော့ ဒီဇင်ဘာလ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် လေးကေကော်ဒေသ တိုက်ပွဲ အတွင်း ကရင်ပူးပေါင်းတပ်ဖွဲ့အရှင်ဖမ်းမိသည့်

စစ်ကောင်စီ ခမရ ၂၇၅ မှ တပ်ဖွဲ့ ဝင် ၆ ဦးနှင့် နယ်ခြားစောင့်တပ် -BGF ၂ ဦးအား နွေးထွေးစွာ ကြိုဆိုလက်ခံ ထားသည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဓာတ်ပုံတွေနဲ့ပြောလာတာပဲဖြစ်ပါတယ်။

Source: DAUNG ‘s fb

crd

Zawgyi Version

စကစ ကေကာင္ေတြကို KNU က ေကာင္းေကာင္းမြန္မြန္ ေကြၽးေမြးထားတဲ့ ပုံေတြအေပၚ ရင္ဖြင့္ ေပါက္ကြဲလာ…

ျပည္သူေတြအေပၚ ယုတ္မာ႐ိုင္းစိုင္းခဲဲ႕တ့ အာဏာ႐ူးလက္ပါေစတခ်ိဳ႕ကို KNU က ေကာင္းေကာင္းမြန္မြန္ ေကြၽးေမြးထားတဲ့ ပုံေတြအေပၚ ရင္ဖြင့္ ေပါက္ကြဲလာတဲ့ သ႐ုပ္ေဆာင္ ေဒါင္း…

(၂၀၁၅) ေ႐ြးေကာက္ပြဲမွာကတည္းက NLD ပါတီကို ေထာက္ခံအားေပးခဲ့တဲ့ေဒါင္းဟာ (၂၀၂၀) ခုႏွစ္ေ႐ြးေကာက္ပြဲမွာလည္း တက္တက္ႂကြႂကြပါဝင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။

လက္႐ွိမွာလည္း ျပည္သူေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့အစိုးရအေပၚ အဓမၼ အာဏာသိမ္းယူထားတဲ့ စကစအေပၚမွာလည္း ေဒါင္းဟာ ျပင္းျပင္းထန္ထန္ေဝဖန္႐ႈံ႕ခ်ေနသူတစ္ေယာက္ပါ။

ဒီကေန႔မွာလည္း ေဒါင္းက ျပည္သူေတြကို မတရားဖိႏွိပ္ခဲ့ေပမယ့္ ျပည္သူ႕တပ္ေတြလက္ထဲမွာေတာ့ လူလူသူသူေနရတဲ့ အာဏာ႐ူးလက္ပါးေစေတြအေၾကာင္းေျပာလာတာကို ေတြ႕ရပါတယ္။

ေဒါင္းက “အာဏာ႐ူးလက္ပါးေစမ်ား.. ခင္ဗ်ားတို႔အျမင္မွန္ရခ်င္ရင္ ဒီပုံေတြနဲ႔ ခင္ဗ်ားတို႔ပေထြးေတြ ျပည္သူေတြကိုလုပ္တဲ့လုပ္ရပ္ေတြယွဥ္ေတြး

လက္တစ္ဆစ္စာေလာက္ေလး ပိုက်ယ္က်ယ္ေတြးႏိုင္ရင္ေတာင္ အမွန္တရားကိုသိမလားပဲ။

ဒါေပမယ့္ခင္ဗ်ားတို႔က အေမွာင္ထဲက ေအာက္တန္းစား အခြင့္အေရးေတြကို အာဏာ႐ူးေပါင္ၾကားကေန အငမ္းမရ လိုခ်င္တဲ့စိတ္ကပိတ္ေနေတာ့

လူ႕အသိဉာဏ္ေပ်ာက္ဆုံးၿပီး လူသားဆန္တဲ့အေျခခံအဆင့္ေအာက္မွာေရာက္ေနရတာေပါ့။ သိပ္ေျပာခ်င္လြန္းလို႔ရယ္ေတာ့မဟုတ္ဘူးဗ်ာ။

ခင္ဗ်ားတို႔က သေရကြင္းေလာက္ေတာင္ က်ယ္ျပန္႔ဆြဲ႕ဆန္႔ႏိုင္တဲ့ အသိဉာဏ္မ႐ွိတာ သိပါတယ္။” ဆိုၿပီး ေျပာလာပါတယ္။

ေဒါင္းကေတာ့ ဒီဇင္ဘာလ ၁၆ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ေလးေကေကာ္ေဒသ တိုက္ပြဲ အတြင္း ကရင္ပူးေပါင္းတပ္ဖြဲ႕အ႐ွင္ဖမ္းမိသည့္

စစ္ေကာင္စီ ခမရ ၂၇၅ မွ တပ္ဖြဲ႕ ဝင္ ၆ ဦးႏွင့္ နယ္ျခားေစာင့္တပ္ -BGF ၂ ဦးအား ေႏြးေထြးစြာ ႀကိဳဆိုလက္ခံ ထားသည္ဟု ေကအဲန္ယူ-ကရင္အမ်ိဳးသားအစည္းအ႐ုံးက ဓာတ္ပုံေတြနဲ႔ေျပာလာတာပဲျဖစ္ပါတယ္။

Source: DAUNG ‘s fb

crd