ဒုံးကျည်အသစ်တွေတပ်ထားတဲ့ တိုက်လေယာဉ်တွေ အတက်အဆင်းများနေ
မကွေးလေတပ်မှာ ဒုံးကျည်အသစ်တွေတပ်ထားတဲ့ တိုက်လေယာဉ်တွေ အတက်အဆင်းများနေ
မကွေး၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁။
မကွေးလေတပ်မှာ အဖြူရောင်ဒုံးကျည်အသစ်တွေတပ်ထားတဲ့ တိုက်လေယာဉ်တွေ ဒီနေ့မနက်ပိုင်းမှာ အတက်အဆင်းလုပ်တာ များနေတယ်လို့ MDA နဂါးတပ်ဖွဲ့ဆီက သိရပါတယ်။
ဒီနေ့ နေ့လယ် ၁၁နာရီနဲ့ ၁၂နာရီကြားမှာ အတက်အဆင်းလုပ် ပျံသန်းနေတာဖြစ်ပြီး မကွေးလေတပ်ထဲကို အဆင်းချည်းပဲ ၉စင်းရှိတယ်လို့ MDA နဂါးတပ်ဖွဲ့က ဆရာနှင်းမောင်က ပြောပါတယ်။
” ၁လုံးထိုး ၂ စီး၊ တိုက်လေယာဉ် ၆ စီး လို့သိရှိရပါတယ်၊ ကျန်တစီးကတော့ မကွေးမြို့ပေါ်မှာ ပျံဝဲနေတာပါ၊
သူ့တို့ မကွေးမြို့ပေါ်ကို ဘာလုပ်ဖို့ကြံစီနေတာလည်းဆိုတာတော့ မသိရသေးပါဘူး၊မြေပြင်မှာ ဒုံးကျည်ပစ်ပြီး ပြန်ဝင်လာတာလို့ထင်ပါတယ်” လို့ ဆရာ နှင်းမောင်က ပြောပါတယ်။
ပြန်ဝင်လာတဲ့ တချို့တိုက်လေယာဉ်တွေမှာ ဒုံးကျည် ပြန်ပါလာတာ မတွေ့ရလို့ မြေပြင်မှာ ပစ်ခဲ့ပြီး ပြန်လာတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ရက်က မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ PDF ရဲဘော် ၉ဦး ကျဆုံးခဲ့ပါတယ်။
မြေလတ်အသံ
ဒုံးက်ည္အသစ္ေတြတပ္ထားတဲ့ တိုက္ေလယာဥ္ေတြ အတက္အဆင္းမ်ားေန
မေကြးေလတပ္မွာ ဒုံးက်ည္အသစ္ေတြတပ္ထားတဲ့ တိုက္ေလယာဥ္ေတြ အတက္အဆင္းမ်ားေန
မေကြး၊ ဒီဇင္ဘာ ၂၀၊ ၂၀၂၁။
မေကြးေလတပ္မွာ အျဖဴေရာင္ဒုံးက်ည္အသစ္ေတြတပ္ထားတဲ့ တိုက္ေလယာဥ္ေတြ ဒီေန႔မနက္ပိုင္းမွာ အတက္အဆင္းလုပ္တာ မ်ားေနတယ္လို႔ MDA နဂါးတပ္ဖြဲ႕ဆီက သိရပါတယ္။
ဒီေန႔ ေန႔လယ္ ၁၁နာရီနဲ႔ ၁၂နာရီၾကားမွာ အတက္အဆင္းလုပ္ ပ်ံသန္းေနတာျဖစ္ၿပီး မေကြးေလတပ္ထဲကို အဆင္းခ်ည္းပဲ ၉စင္းရွိတယ္လို႔ MDA နဂါးတပ္ဖြဲ႕က ဆရာႏွင္းေမာင္က ေျပာပါတယ္။
” ၁လုံးထိုး ၂ စီး၊ တိုက္ေလယာဥ္ ၆ စီး လို႔သိရွိရပါတယ္၊ က်န္တစီးကေတာ့ မေကြးၿမိဳ႕ေပၚမွာ ပ်ံဝဲေနတာပါ၊
သူ႔တို႔ မေကြးၿမိဳ႕ေပၚကို ဘာလုပ္ဖို႔ႀကံစီေနတာလည္းဆိုတာေတာ့ မသိရေသးပါဘူး၊ေျမျပင္မွာ ဒုံးက်ည္ပစ္ၿပီး ျပန္ဝင္လာတာလို႔ထင္ပါတယ္” လို႔ ဆရာ ႏွင္းေမာင္က ေျပာပါတယ္။
ျပန္ဝင္လာတဲ့ တခ်ိဳ႕တိုက္ေလယာဥ္ေတြမွာ ဒုံးက်ည္ ျပန္ပါလာတာ မေတြ႕ရလို႔ ေျမျပင္မွာ ပစ္ခဲ့ၿပီး ျပန္လာတာျဖစ္ႏိုင္တယ္လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၇ရက္က မေကြးတိုင္း ဂန႔္ေဂါၿမိဳ႕နယ္ ႏွမ္းခါး႐ြာကို စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗုံးက်ဲတိုက္ခိုက္ခဲ့လို႔ PDF ရဲေဘာ္ ၉ဦး က်ဆုံးခဲ့ပါတယ္။
ေျမလတ္အသံ