မ…သေ…ခဲ့ရင် တစ်နေ့ ကျွန်မ ပြန်လာမယ်…
မသေခဲ့ရင် တစ်နေ့ ကျွန်မ ပြန်လာမယ်
တော်လှန်ရေးတဲ့လား….
သူရဲကောင်းတွေရဲ့ အလောင်းတွေလဲ မျက်မြင် ကိုယ်တွေ့ မြင်ဖူးခဲ့ပြီ….
အမိန့်စာပြန်တာကိုလဲ မျက်ရည်ကျစွာနာကြားရင်း
အလေးအတူပြု့ခဲ့ဘူးပြီ….
သေနတ်ဒါဏ်ရာ၊ကျဉ်ဖောက်ရာတွေကိုလဲ၊ကြောက်လန့်တဲ့စိတ်ကိုဖျောက်ရင်း၊အရဲကိုးကြည့်၊ကူညီကုသပေးရဲခဲ့ဖူးပြီ
တိုက်ခိုက်ရေးရဟတ်ယဉ်တွေရဲ့ စက်သေနတ်ပစ်သံ၊ဗုန်းကြဲတိုက်ခိုက်သံတွေ၊
လက်နက်ကြီးပစ်သံ အမြောက်ပစ်သံတွေကိုလည်းလက်တွေ့ကြုံခဲ့၊ကြားခဲ့ဖူးပြီ
စစ်ဘေးရှောင်ပြည်သူတွေ၊တိုင်းရင်းသားတွေရဲ့၊ရင်နစ်ဖွယ်၊စိတ်ဒုက္ခတွေကိုလည်း၊အနီးကပ်ခံစားဖူးခဲ့ပြီ
စိတ်အထိခိုက်ရဆုံးကတော့၊ကျဆုံးသွားတဲ့တိုင်းရင်းသားသူရဲကောင်းမိခင်တွေဆီက၊စကားပါဘဲ
သားတွေကို PDF ထဲစထဲ့ပေးပြီကတထဲက၊သေလူလို့သတ်မှတ်ပီပါပီတဲ့
ကျွန်မကတော့အသဲမခိုင်ဒါကြောင့်၊မျက်ရည်ကျခဲ့မိပါတယ်၊ဘာတွေနဲ့ဘဲကြုံရကြုံရ၊
ဒီတော်လှန်ရေးကိုဖြတ်ကျော်ရင်း၊တစ်နေ့နေ့တစ်ချိန်ချိန်၊အောင်ပွဲဆီကိုအရောက်သွားကြမယ်
တရားသောစစ်ပွဲ၊အောင်ကိုအောင်ရမယ်လို့၊ စိတ်ပိုင်းဖြတ်ပြီးသား
ကျဆုံးသွားကြသောတော်လှန်ရေးရဲဘော်များအားလုံးမြင့်မြတ်သောဘုံဘဝသို့ရောက်ကြပါစေ
#CRD – Swe Mon Mon Htet
တော်လှန်ရေးတဲ့လား….
#CRD – Swe Mon Mon Htet