News

“အောက်လက်ငယ်သားတွေ အကုန်စိတ်ဓာတ်ပျက်နေပြီ” တပ်ကြပ်ကြီး

“အောက်လက်ငယ်သားတွေ အကုန်စိတ်ဓာတ်ပျက်နေပြီ” တပ်ကြပ်ကြီး

“အာဏာသိမ်းပြီးနောက်ပိုင်း ဘာမှမဆင်မပြေတော့ဘူးဗျာ၊ လက်အောက်လက်ငယ်သားတွေကို မကြည့်ဘူးပေါဗျာ၊

အောက်လက်ငယ်သားတွေက အကုန်စိတ်ဓာတ်ပျက်နေပြီ

နေချင်စိတ်မရှိတော့ဘူးဗျာ နောက်မှာ မိသားစုတွေရှိလို့သာ ကြိတ်မှိတ်နေနေကြတာ” တပ်ကြပ်ကြီး ကျော်ဝင်းနိုင်

စစ်တပ်ပေါင်းစုံ အခြေစိုက်ပြီး လုံခြုံရေးတင်းကျပ်လှသည့် နေပြည်တော်လို နေရာမျိုးတောင်မှ မြို့ပြပြောက်ကျားများနှင့်

လူမှုရေးပြစ်ဒဏ်များကြောင့် စစ်ကောင်စီတပ်ဖွဲဝင်များသည် တပ်ဝင်းထဲမှ အပြင်ထွက်ဖို့ စိုးရိမ်ထိတ်လန့်နေကြကြောင်း

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင်ပါဝင်လာသူ နေပြည်တော် အခြေစိုက်

အမှတ် ၉၄၈ အင်ဂျင်နီယာတပ်ရင်းက တပ်ကြပ်ကြီးကျော်ဝင်းနိုင်က

သူကြုံတွေ့ခဲ့ရသည် အခြေအနေများကို Myanmar Now ၏ ဆက်သွယ်မေးမြန်းမှုတွင် ပြောဆိုထားပါသည်။

မေးမြန်းတင်ဆက် – သူရမောင်

Myanmar Now











Myanmar Now