ဒေါ်ဇင်မာအောင်သံတမန်ဆန်ဆန် သတိပေးချက်က ပေါ့သေးသေးမဟုတ်
ဒေါ်ဇင်မာအောင် သတိပေးချက် ပေါ့သေးသေးမဟုတ်
မြောက်ပိုင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တွေ့ဆုံဖို့ကြားဝင် ညှိနိုင်းပေးတဲ့အထဲမှာ တရုတ်အစိုးရ
ပါမယ်ဆိုတဲ့သတင်း ဖတ်နေရတော့ ဟိုတလောက NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောတဲ့စကား
အလကားမဟုတ်ဘူးဆိုတာကို ပြောပြအုံးမယ်လေ ဒေါ်ဇင်မာအောင်က BBC အင်တာဗျူးမှာ
တရုတ်အစိုးရကသာ စစ်ကောင်စီပေါ်ထားတဲ့သဘောထားကိုပြောင်းပြီး ဆက်ဆံမယ်ဆို
NUG အနေနဲ့ တရုတ်အစိုးရပေါ် ထားရှိထားတဲ့မူဝါဒတွေကို ပြန်လည်သုံးသပ်ရမယ်ဆိုပြီး
သံတမန်ရေးဆန်ဆန် သတိပေး ပြောသွားဖူးတယ်ဒီစကားက ပေါ့သေးသေး မဟုတ်ဘူးဆိုတာ
ပုလဲအဖွဲ့ ဗိုလ်နဂါး အင်တာဗျူးမှာ တွေ့လိုက်ရတယ်
” တရုတ်အစိုးရရဲ့ ကျောထောက်နောက်ခံအင်အားနဲ့အကြမ်းဖက်စစ်တပ်ရဲ့ ယုတ်မာတွေခံလာရတဲ့အခါ
စစ်ကောင်စီကို မု-န်းသလို တရုတ်အစိုးရကိုလဲ တော်တော်ရွံမု-န်းလာတယ် အဲဒီတော့ တရုတ်အစိုးရနဲ့ပတ်သက်တဲ့
အကျိုးစီးပွားတွေကို ဖျ-က်ဆီးဖို့ အသင့်ဖြစ်နေကြပီ ပေါက်မယ့်မီးတောင်လို ဖြစ်နေပြီ ကျနော်တို့ကို ဦးဆောင်နေတဲ့ NUG
အစိုးရက ထိန်းကွပ်ထားတာကြောင့် သီးခံနေရတာ ဖြစ်တယ်တရုတ်အစိုးရကသာ မူမမှန်တဲ့သဘောထားတွေနဲ့ မြန်မာ
နိုင်ငံရေးမှာ ဆက်ပြီးပါနေမယ်ဆိုရင် မကြာခင်မှာ တရုတ်အစိုးရအကျိုးစီးပွားတွေကို ပြည်သူတွေက တုံ့ပြန်ချင်လာတဲ့အခါမှာ
ကျနော်တို့ ခေါင်းဆောင် NUG က ဘယ်လောက်တားနိုင်မလဲတရုတ်အစိုးရမဆင်ခြင်ရင် သူတို့အကျိုးစီးပွားတွေ လုံခြုံမယ်
မထင်နဲ့ တန်ပြန်ဖို့အတွက် ခေတ်မီနည်းပညာတွေ ရှိနေပြီ အဲကျမှ သူတို့နောင်တရရင် အလကားဖြစ်သွားမယ် အချိန်မမီပဲ
ဖြစ်သွားမယ် အခုကတည်းက တရုတ်အစိုးရဟာ မှန်ကန်တဲ့သဘောထားနဲ့ မြန်မာအရေးမှာ ရှိနေပေးသင့်တယ် တရုတ်အစိုးရ
အနေနဲ့ ဆင်ခြင်သင့်တယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ် ”
ဒီလောက်ဆို PDF တွေက တရုတ်အစိုးရ ကိုယ်ကျိုးစီးပွားကိုဘာလို့မထိသေးတာလဲဆိုတာရယ် ဒေါ်ဇင်မာအောင်ပြောတဲ့
သံတမန်ဆန်ဆန် သတိပေးချက်က အလကားမဟုတ်ဘူးဆိုတာမြင်နိုင်လိမ့်မယ် တရုတ်အစိုးရရေ ကြပ်ကြပ်လုပ် NUG အစိုးရ
မီးစိမ်းပြရင် PDF တွေက အဆင်သင့်ပဲလို့ ပြောနေပြီနော့်
Credit
Credit