News

မုံးကိုးမှာ ကြည်းတပ်ကို လေတပ်က အချင်းချင်း မှားကျဲလို့ အရေးပေါ်အစည်းအဝေးခေါ် ပွက်လောရိုက်နေ

မုံးကိုးမှာ ကြည်းတပ်ကို လေတပ်က အချင်းချင်း မှားကျဲလို့ အရေးပေါ်အစည်းအဝေးခေါ် ပွက်လောရိုက်နေ

မုံးကိုးတွင် MNDAAစခန်းကို စစ်တပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ရာတွင် ကိုယ့်တပ်ကို ဗုံးမှားကျဲမှုများရှိခဲ့၊ နေပြည်တော်တွင် စစ်ရေး အစည်းအဝေး ခေါ်ယူ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်၊ မုံးကိုးတွင် MNDAA ၏ မန်ရန်စခန်းကို စစ်ကောင်စီက အင်အား ၅၀၀ ဖြင့် အပြင်းအထန် ထိုးစစ်ဆင်ရာတွင်

တိုက်လေယာဉ်ဖြင့်ပါ ဗုံးကျဲတိုက်ခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်များအပေါ် မှားယွင်း ဗုံးကျဲမှုများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရပ်ကွက်ထံမှ သိရှိရသည်။

MNDAA ၏ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၁၉ ရက်နေ့ စစ်ကြောင်း ၃ ကြောင်းဖြင့် MNDAA တပ်စခန်းကို စစ်တပ်က ထိုးစစ်ဆင်ရာတွင်

လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ၊ စစ်ကောင်စီ၏ တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း (၁၅) ၊ (၅၉)၊ (၇၉)၊ (၁၁၃) နှင့်

တပ်မ (၇၇)လက်အောက်ခံ တပ်ရင်း(၃၁၃) စုစုပေါင်း လူအင်အား(၅၀၀)ကျော်ဖြင့် ထိုးစစ်ဆင်လာကြောင်း၊

MNDAA ဘက်က အကောင်းဆုံးခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၀၀ နီးပါး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊

MNDAA ဘက်မှ ၂ ဦးကျဆုံးပြီး ၆ ဦဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ထားသည်

“လေကြောင်းပစ်တာမှာ ကိုယ့်တပ်ပေါ် ကိုယ်ဗုံးကျဲပစ်ခတ်မှုဖြစ်တယ်ဆိုတာမျိုး တပ်ထဲမှာ သတင်းတွေ ထွက်လာပါတယ်။ စစ်ဆေးမှုတွေ လုပ်မယ်လို့လည်း ကြားပါတယ်။

ဒါမှမဟုတ် အရှက်ပြေ အကျအဆုံးများလို့ သတင်းလွှင့်တာလားလည်း သေချာတော့ မသိပါဘူး။

သေချာတာကတော့ MNDAA ကိုးကန့်နဲ့တိုက်ပွဲမှာ အသေအပျောက် အရမ်းများပြီး စစ်ကြောင်းအလိုက်ပါ ပျောက်သွားတဲ့အထိ အသေများသွားတယ်။

အကျ အဆုံးများတာအတွက်လည်း တပ်တွင်းစစ်ဆေးမှုတွေ လုပ်နေတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်နှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

နေပြည်တော်စစ်ရုံးတွင် ယခုရက်ပိုင်းအတွင်း ကရင်ပြည်နယ်တွင် ရင်ဆိုင်နေရသည့် စစ်ပွဲ၊ ရှမ်းပြည်နယ်တွင် ရင်ဆိုင်နေရသည့် စစ်ပွဲများ အပါအဝင်

နိုင်ငံတစ်ဝန်း ရင်ဆိုင်နေရသည့် စစ်ပွဲများနှင့်ပတ်သက်၍ မည်သို့မည်ပုံ ဆက်လက်ရင်ဆိုင်မည်ဆိုသော မဟာဗျူဟာအစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း၊

ယခင်အစည်းအဝေးများတွင် ဒီဇင်ဘာလအတွင်း လက်နက်ကိုင်တော်လှန်မှုများကို အပြီး သတ်ချေမှုန်းရေး စစ်ဆင်ရေးများ ချမှတ် အကောင်အထည်ဖော်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊

မင်းအောင်လှိုင်ကိုယ်တိုင် စစ်ဘက်ဆိုင်ရာအစည်း အဝေးများ တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

မုံးကိုးမွာ ၾကည္းတပ္ကို ေလတပ္က အခ်င္းခ်င္း မွားက်ဲလို႔ အေရးေပၚအစည္းအေဝးေခၚ ပြက္ေလာ႐ိုက္ေန

မုံးကိုးတြင္ MNDAAစခန္းကို စစ္တပ္က တိုက္ေလယာဥ္ျဖင့္ တိုက္ခိုက္ရာတြင္ ကိုယ့္တပ္ကို ဗုံးမွားက်ဲမႈမ်ား႐ွိခဲ့၊ ေနျပည္ေတာ္တြင္ စစ္ေရး အစည္းအေဝး ေခၚယူ

ရန္ကုန္၊ ဒီဇင္ဘာ ၂၁

႐ွမ္းျပည္နယ္၊ မုံးကိုးတြင္ MNDAA ၏ မန္ရန္စခန္းကို စစ္ေကာင္စီက အင္အား ၅၀၀ ျဖင့္ အျပင္းအထန္ ထိုးစစ္ဆင္ရာတြင္

တိုက္ေလယာဥ္ျဖင့္ပါ ဗုံးက်ဲတိုက္ခိုက္မႈမ်ား႐ွိခဲ့ၿပီး စစ္ေကာင္စီတပ္မ်ားအေပၚ မွားယြင္း ဗုံးက်ဲမႈမ်ား ႐ွိခဲ့ေၾကာင္း စစ္ေရးသတင္းရပ္ကြက္ထံမွ သိ႐ွိရသည္။

MNDAA ၏ ထုတ္ျပန္ခ်က္အရ ဒီဇင္ဘာလ ၁၉ ရက္ေန႔ စစ္ေၾကာင္း ၃ ေၾကာင္းျဖင့္ MNDAA တပ္စခန္းကို စစ္တပ္က ထိုးစစ္ဆင္ရာတြင္

လက္နက္ႀကီးမ်ား၊ တိုက္ေလယာဥ္မ်ားျဖင့္ပါ ပစ္ခတ္ခဲ့ေၾကာင္း ၊ စစ္ေကာင္စီ၏ တပ္မ(၉၉)လက္ေအာက္ခံ တပ္ရင္း (၁၅) ၊ (၅၉)၊ (၇၉)၊ (၁၁၃) ႏွင့္

တပ္မ (၇၇)လက္ေအာက္ခံ တပ္ရင္း(၃၁၃) စုစုေပါင္း လူအင္အား(၅၀၀)ေက်ာ္ျဖင့္ ထိုးစစ္ဆင္လာေၾကာင္း၊

MNDAA ဘက္က အေကာင္းဆုံးခုခံတိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္မွ ၁၀၀ နီးပါး ေသဆုံးကာ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း၊

MNDAA ဘက္မွ ၂ ဦးက်ဆုံးၿပီး ၆ ဦဒဏ္ရာရ႐ွိေၾကာင္း သတင္းထုတ္ျပန္ထားသည္

“ေလေၾကာင္းပစ္တာမွာ ကိုယ့္တပ္ေပၚ ကိုယ္ဗုံးက်ဲပစ္ခတ္မႈျဖစ္တယ္ဆိုတာမ်ိဳး တပ္ထဲမွာ သတင္းေတြ ထြက္လာပါတယ္။ စစ္ေဆးမႈေတြ လုပ္မယ္လို႔လည္း ၾကားပါတယ္။

ဒါမွမဟုတ္ အ႐ွက္ေျပ အက်အဆုံးမ်ားလို႔ သတင္းလႊင့္တာလားလည္း ေသခ်ာေတာ့ မသိပါဘူး။

ေသခ်ာတာကေတာ့ MNDAA ကိုးကန္႔နဲ႔တိုက္ပြဲမွာ အေသအေပ်ာက္ အရမ္းမ်ားၿပီး စစ္ေၾကာင္းအလိုက္ပါ ေပ်ာက္သြားတဲ့အထိ အေသမ်ားသြားတယ္။

အက် အဆုံးမ်ားတာအတြက္လည္း တပ္တြင္းစစ္ေဆးမႈေတြ လုပ္ေနတယ္” ဟု ေနျပည္ေတာ္ စစ္ဘက္သတင္းရပ္ကြက္ႏွင့္နီးစပ္သူတစ္ဦးက ေျပာဆိုသည္။

ေနျပည္ေတာ္စစ္႐ုံးတြင္ ယခုရက္ပိုင္းအတြင္း ကရင္ျပည္နယ္တြင္ ရင္ဆိုင္ေနရသည့္ စစ္ပြဲ၊ ႐ွမ္းျပည္နယ္တြင္ ရင္ဆိုင္ေနရသည့္ စစ္ပြဲမ်ား အပါအဝင္

ႏိုင္ငံတစ္ဝန္း ရင္ဆိုင္ေနရသည့္ စစ္ပြဲမ်ားႏွင့္ပတ္သက္၍ မည္သို႔မည္ပုံ ဆက္လက္ရင္ဆိုင္မည္ဆိုေသာ မဟာဗ်ဴဟာအစည္းအေဝးမ်ား က်င္းပလ်က္႐ွိေၾကာင္း၊

ယခင္အစည္းအေဝးမ်ားတြင္ ဒီဇင္ဘာလအတြင္း လက္နက္ကိုင္ေတာ္လွန္မႈမ်ားကို အၿပီး သတ္ေခ်မႈန္းေရး စစ္ဆင္ေရးမ်ား ခ်မွတ္ အေကာင္အထည္ေဖာ္ခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေၾကာင္း၊

မင္းေအာင္လိႈင္ကိုယ္တိုင္ စစ္ဘက္ဆိုင္ရာအစည္း အေဝးမ်ား တက္ေရာက္လ်က္႐ွိေၾကာင္း သိ႐ွိရသည္။