Cele News

သရုပ်ဆောင် ဖူးပွင့်သခင်၏အိမ်မှ တက်တက်ပြောင်အောင်ခိုးသွားတဲ့ လင်မယား ဖမ်းမိပြီ

သရုပ်ဆောင် ဖူးပွင့်သခင်၏အိမ်မှ တက်တက်ပြောင်အောင်ခိုးသွားတဲ့ လင်မယား ဖမ်းမိပြီ

ဖူးပွင့်သခင်အိမ်မှ ပစ္စည်းများခိုးယူထွက်ပြေးသည့် လင်မယား ဖမ်းဆီးရမိ

သရုပ်ဆောင် ဖူးပွင့်သခင်အိမ်တွင် နေစရာမရှိလို့ သနားပြီး အိမ်အကူခေါ်ထားမိရာက

အိမ်တွင်းပစ္စည်းတွေ တစ်ခုမကျန် ခိုးယူထွက်ပြေးသွားသော လင်မယားနှစ်ယောက်အား ထန်းတစ်ပင်မြို့နယ်တွင် ဖမ်းဆီးရမိသည်ဟု သိရသည်။

Photo : Original Uploder

ရုပ်ရှင် သရုပ်ဆောင် ဖူးပွင့်သခင် နေအိမ်တွင်အလုပ် လုပ်သူလင်မယားမှကျပ်သိန်း(၅၀)ကျော်ခန့်လက်ဝတ်ရတနာနှင့် ပစ္စည်းများ ခိုးယူသွားဟုဆို

ကျွန်မ 17.12.2021 မှ 20.12.2021 ခရီးသွားနေစဉ်အချိန် ကျွန်မအိမ်တွင်အလုပ်လုပ်သူဒေါ်အောင်မေဆန်း ခေါ် မေမြတ်နိုးနှင့်

သူမရဲ့အမျိုးသားကျော်ဇင် တို့လင်မယားနှစ်ယောက်ကိုယုံကြည်စိတ်ချစွာအိမ်ကိုအပ်နှံထားခဲ့ရာမှ ကျွန်မ မရှိစဉ်

အချိန် 20.12.2021 နေ့ရက်တွင်ကျွန်မ​၏အိမ်တွင်းရှိပရိဘောဂပစ္စည်းများအဝတ်အထည်အသစ်

များလက်ဝတ်ရတနာများဖောက်ယူခိုးပီးထွက်ပြေးသွားပါသည်။

ပစ္စည်း​များ၏တန်းဖိုးများမှာ ယခုခန့်မှန်းခြေသိန်း ၅၀ ကျော်ခန့်ခိုး ယူထွက်ပြေးသွားပါသည်။

ခိုးယူထွက်ပြေးသွားသောလင်မယားနှစ်ယောက်အားတွေ့ရှိပါဖုန်း 09768904502 အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ခေါ်ယူလက်ခံထားသောသူမျာအားဥပဒေအရထိရောက်စွာအရေးယူပါမည်။

ကျေးဇူးပြုပီးအခုတင်ထားသော post လေးအား ကူညီပီး share ပေးကြပါရှင် ဆက်သွယ်ပေးသူအားလဲ ကျေးဇူးဆပ်ပါမည်… ဟု

သရုပ်ဆောင် ဖူးပွင့်သခင် ကသူမ၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားကြောင်းတွေ့ရသည်။














