News

ပုသိမ်မှာ မနေ့ည(၁၀)နာရီဝန်းကျင်က ဖြစ်ပျက်သွားတာပါ(ရုပ်သံ)

ပုသိမ်မှာ မနေ့ည(၁၀)နာရီဝန်းကျင်က ဖြစ်ပျက်သွားတာပါ(ရုပ်သံ)

ပုသိမ်ရဲတပ်ဖွဲ့၏ ရက်စက်စွာ ပစ်သတ်ခံခဲ့ရသူ ဒေါ်မဌေး၏ ဝိညာဉ်

မိသားစုဝင်တဦးကို ဝင်ပူးသည်ဆိုသော ရုပ်သံဖိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်က

ရဲတပ်ဖွဲ့၏ အနီးကပ် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရသူ ဒေါ်မဌေးရဲ့ ရုပ်အလောင်းကို

ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ဗုဒ္ဓဘာသာ ဓလေ့အအရ ရုတ်တရက် ကွယ်လွန်ဆုံးပါးသူတွေရဲ့ဝိညာဉ်ဟာ ကွယ်လွန်ပြီးစအချိန်တွေမှာ

လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပူးကပ်ပြီး သူ့မိသားစုနဲ့ပတ်သတ်တာတွေကို

မှာကြားလေ့ရှိတယ်လို့အများစုက ယုံကြည်ကြပါတယ်။

အခုလည်း ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဒေါ်မဌေးဟာ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာပဲ

မိသားစုဝင်တဦးကို ပြန်ဝင်ပူးပြီး စိတ်ပူတာတွေကို မှာကြားခဲ့တယ်လို့ ဒေသခံတွေနဲ့

ကွယ်လွန်သူ ဒေါ်ဌေးရဲ့ မိသားစုဝင်တွေက ယုံကြည်ကြပါတယ်။

အောက်မှာတော့ ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ဒေါ်မဌေးကို ဘယ်လိုသတ်ဖြတ်ခဲ့သလဲဆိုတာ

ဧရာဝတီတိုင်းမ်ရဲ့ ဆက်သွယ်မေးမြန်းထားချက် ဖြစ်ပါတယ်။

“ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ဒေါ်မဌေးကို ဘယ်လိုသတ်ဖြတ်ခဲ့သလဲ”(ရုပ်/သံ)

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မာတလမ်းမကြီးပေါ်ရှိ

မျိုးချစ်ဆန်စက်ရှေ့ တန်းလျားတွင်နေထိုင်သူ ဒေါ်မဌေးအား ၎င်း၏

နေအိမ်တွင် တရားခံတစ်ဦးအား လာရောက်ဖမ်းဆီးစဉ် လည်ပင်းအား အနီးကပ်

ပစ်ခတ်သတ်ဖြတ်သွားကြောင်း ပုသိမ်မြို့ခံများထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က ဒေါ်မဌေးကို ဘယ်လိုသတ်ဖြတ်ခဲ့သလဲဆိုတာကို

ဖြစ်စဉ်အား အသေးစိတ်သိရှိသူများနှင့် ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့်

ဆက်သွယ်မေးမြန်ထပါတယ်။

ရုပ်သံ – ဧရာဝတီတိုင်းမ်

ပုသိမ္မွာ မေန႕ည(၁၀)နာရီ၀န္းက်င္က ျဖစ္ပ်က္သြားတာပါ(ရုပ္သံ)

ပုသိမ္ရဲတပ္ဖြဲ႕၏ ရက္စက္စြာ ပစ္သတ္ခံခဲ့ရသူ ေဒၚမေဌး၏ ဝိညာဥ္

မိသားစုဝင္တဦးကို ဝင္ပူးသည္ဆိုေသာ ႐ုပ္သံဖိုင္

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕မွာ ဒီဇင္ဘာလ ၁၉ ရက္ေန႔ ည ၁၀ နာရီဝန္းက်င္အခ်ိန္က

ရဲတပ္ဖြဲ႕၏ အနီးကပ္ ရက္စက္စြာ ပစ္ခတ္သတ္ျဖတ္ျခင္းခံခဲ့ရသူ ေဒၚမေဌးရဲ႕ ႐ုပ္အေလာင္းကို

ဒီဇင္ဘာလ ၂၁ ရက္ေန႔မွာ မီးသၿဂိဳလ္ခဲ့တယ္လို႔ သိရပါတယ္။

ဗုဒၶဘာသာ ဓေလ့အအရ ႐ုတ္တရက္ ကြယ္လြန္ဆုံးပါးသူေတြရဲ႕ဝိညာဥ္ဟာ ကြယ္လြန္ၿပီးစအခ်ိန္ေတြမွာ

လူ႔ခႏၶာကိုယ္ထဲ ဝင္ေရာက္ပူးကပ္ၿပီး သူ႔မိသားစုနဲ႔ပတ္သတ္တာေတြကို

မွာၾကားေလ့ရွိတယ္လို႔အမ်ားစုက ယုံၾကည္ၾကပါတယ္။

အခုလည္း ရဲတပ္ဖြဲ႕ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့တဲ့ ေဒၚမေဌးဟာ ဒီဇင္ဘာလ ၂၁ ရက္ေန႔မွာပဲ

မိသားစုဝင္တဦးကို ျပန္ဝင္ပူးၿပီး စိတ္ပူတာေတြကို မွာၾကားခဲ့တယ္လို႔ ေဒသခံေတြနဲ႔

ကြယ္လြန္သူ ေဒၚေဌးရဲ႕ မိသားစုဝင္ေတြက ယုံၾကည္ၾကပါတယ္။

ေအာက္မွာေတာ့ ပုသိမ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ေဒၚမေဌးကို ဘယ္လိုသတ္ျဖတ္ခဲ့သလဲဆိုတာ

ဧရာဝတီတိုင္းမ္ရဲ႕ ဆက္သြယ္ေမးျမန္းထားခ်က္ ျဖစ္ပါတယ္။

“ပုသိမ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ေဒၚမေဌးကို ဘယ္လိုသတ္ျဖတ္ခဲ့သလဲ”(႐ုပ္/သံ)

ဒီဇင္ဘာလ ၁၉ ရက္ေန႔ ညပိုင္းက ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕ မာတလမ္းမႀကီးေပၚရွိ

မ်ိဳးခ်စ္ဆန္စက္ေရွ႕ တန္းလ်ားတြင္ေနထိုင္သူ ေဒၚမေဌးအား ၎၏

ေနအိမ္တြင္ တရားခံတစ္ဦးအား လာေရာက္ဖမ္းဆီးစဥ္ လည္ပင္းအား အနီးကပ္

ပစ္ခတ္သတ္ျဖတ္သြားေၾကာင္း ပုသိမ္ၿမိဳ႕ခံမ်ားထံမွ သိရသည္။

အဆိုပါ ျဖစ္စဥ္အတြင္း ရဲတပ္ဖြဲ႕က ေဒၚမေဌးကို ဘယ္လိုသတ္ျဖတ္ခဲ့သလဲဆိုတာကို

ျဖစ္စဥ္အား အေသးစိတ္သိရွိသူမ်ားႏွင့္ ဧရာဝတီတိုင္းမ္သတင္းဌာနအေနျဖင့္ ဆက္သြယ္ေမးျမန္ထပါတယ္။

႐ုပ္သံ – ဧရာဝတီတိုင္းမ္