လာမယ့်(၃)လအတွင်း မြန်မာပြည်ကြုံတွေ့ရမယ့် အအေးလှိုင်း(လာနီညာ)ဖြစ်စဉ်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေကို
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကနေ ကြိုတင်ခန့်မှန်းထားချက်ကို ဖော်ပြ လိုက်ပါတယ်။
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ
အားအသင့်အတင့်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပါတယ်။
နိုင်ငံတကာ မိုးလေဝသဌာနများ၏ သချင်္ာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ
ယခုလက်ရှိမှ လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး၊
ဖေဖော်ဝါရီလနှင့် မတ်လများတွင် အားအနည်းငယ်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါတယ်။
လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့်
အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊
အရှေ့မြောက်မုတ်သုံလေအားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့ နည်းခြင်း၊
အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊
အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဉတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါတယ်။
လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။
Credit
Zawgyi Version
လာမယ့္(၃)လအတြင္း ျမန္မာျပည္ၾကဳံေတြ႕ရမယ့္ အေအးလိႈင္း(လာနီညာ)ျဖစ္စဥ္
၂၀၂၁ ခုႏွစ္၊ ဒီဇင္ဘာလမွ ၂၀၂၂ ခုႏွစ္၊ မတ္လအတြင္း ျဖစ္ေပၚလာႏိုင္သည့္ လာနီညာအေျခအေနကို
မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနကေန ႀကိဳတင္ခန္႔မွန္းထားခ်က္ကို ေဖာ္ျပ လိုက္ပါတယ္။
အီေကြတာအနီး႐ွိ အပူပိုင္းပစိဖိတ္သမုဒၵရာ၏ ပင္လယ္ေရမ်က္ႏွာျပင္အပူခ်ိန္ႏွင့္ ေလထုျဖစ္စဥ္မ်ားမွာ
အားအသင့္အတင့္႐ွိေသာ လာနီညာအေျခအေနသို႔ ေရာက္႐ွိေနပါတယ္။
ႏိုင္ငံတကာ မိုးေလဝသဌာနမ်ား၏ သခ်ၤာပုံစံျပဳေမာ္ဒယ္မ်ား ခန္႔မွန္းခ်က္အရ
ယခုလက္႐ွိမွ လာမည့္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအတြင္း အားအသင့္အတင့္႐ွိေသာ လာနီညာအဆင့္တြင္ ဆက္လက္တည္႐ွိႏိုင္ၿပီး၊
ေဖေဖာ္ဝါရီလႏွင့္ မတ္လမ်ားတြင္ အားအနည္းငယ္႐ွိေသာ လာနီညာအဆင့္သို႔ ေရာက္႐ွိႏိုင္သည္ဟု ခန္႔မွန္းရပါတယ္။
လာနီညာျဖစ္စဥ္သည္ ပစိဖိတ္သမုဒၵရာတြင္ ျဖစ္ေပၚသည့္ ျဖစ္စဥ္ျဖစ္ေသာ္လည္း အဆိုပါ လာနီညာျဖစ္စဥ္ေၾကာင့္
အက်ိဳးသက္ေရာက္မႈမွာ ေယဘုယ်အားျဖင့္ ေဆာင္းရာသီကာလအတြင္း ဘဂၤလားပင္လယ္ေအာ္တြင္ မုန္တိုင္းမ်ားပိုမိုျဖစ္ေပၚလာႏိုင္ျခင္း၊
အေ႐ွ႕ေျမာက္မုတ္သုံေလအားေကာင္းမႈေၾကာင့္ ျမန္မာႏိုင္ငံတြင္ ညအပူခ်ိန္မ်ား ေလ်ာ့ နည္းျခင္း၊
အေအးပိုျခင္း၊ အေ႐ွ႕ဘက္မွ ေလေပြလိႈင္းမ်ားတိုက္ခတ္ျခင္း၊
အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းမႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာျခင္းစသည့္ ရာသီဉတုျဖစ္စဥ္မ်ား ျဖစ္ေပၚေလ့႐ွိပါတယ္။
လာနီညာျဖစ္ေပၚမႈႏွင့္ ပတ္သက္သည့္ အေျခအေနမ်ားအား အခ်ိန္ႏွင့္တစ္ေျပးညီ ဆက္လက္ထုတ္ျပန္ ေပးသြားမွာ ျဖစ္ပါတယ္။
Credit