လောကီပညာထဲက သိစရာ စနေနေ့ လက်သည်းညှပ်ရင် အကြွေးပြန်ရတယ် အင်္ဂါနေ့ညှပ်ရင်…
လက်သည်း ခြေသည်း ညှပ်ကြတယ်။
တချို့က ကျန်းမာရေးအရ ညှပ်တယ်။ တချို့က လက်သည်းရှည်ရင်မနေတတ်လို့ ညှပ်တယ်
ဘယ်လိုပဲ ညှပ်ကြပါစေ ညှပ်ရင်း လာဘ်ပွင့်တယ်ဆိုရင်တော့ မကောင်းဘူးလား?
ဆရာဦးမင်းနိူင်ရဲ့ လောကီပညာသိစရာ ထဲကနည်းလေးကို တင်ပြပေးလိုက်ပါတယ်။
စနေနေ့ ညှပ်ရင် အကြွေးပြန်ရတယ် ၊ ငွေအစုအလိုက်အပုံလိုက်ဝင်တတ်ပါတယ်။
အင်္ဂါနေ့ ညှပ်ရင် အကြွေးကျေတယ်။
သောကြာနေ့ညှပ်ရင် ဇနီးမယား၊ သမီး ချွေးမ ကိစ္စတွေလိုရာပြည့်တယ်။
ကြာသပတေးနေ့ညှပ်ရင် ပညာကိစ္စ၊ ဆရာကိစ္စ လိုရာပြည့်တယ်။
တနင်္လာနေ့ညှပ်ရင် အမေနဲ့ ပတ်သက်သောကိစ္စများလိုရာပြည့်တယ်။
တနင်္ဂနွေနေ့ညှပ်ရင် အဖေ ၊ အိမ်တွင်းရေးကိစ္စ ၊ အထက်အရာအရှိနဲ့ပတ်သက်သောကိစ္စများ လိုရာပြည့်တယ်။
ဗုဒ္ဓဟူးနေ့ညှပ်ရင် သားသမီးနဲ့ပတ်သက်သော ကိစ္စများတွင် စိတ်ရွှင်လန်းစေတတ်ပါတယ်။
ညှပ်နေဆဲမှာ လိုရာကိုဆုတောင်းရပါတယ်။
အနည်းဆုံး လေးကြိမ်ဆက်တိုက်လုပ်မှ သိသာမြင်သာတဲ့ အာနိသင် ပြပါလိမ့်မယ်။
Credit – ဆရာ ဇေယျာထက်
Zawgyi Version
ဆရာဦးမင်းနိုင်ရဲ့ လောကီပညာသိစရာ ထဲကနည်းလေးကို တင်ပြပေးလိုက်ပါတယ်။
Credit – ဆရာ ဇေယျာထက်