ဒီးမော့ဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF နှင့် KGZ ပူးပေါင်းအဖွဲ့ဝင်တိုက်
ဒီးမော့ဆိုမြို့မရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF နှင့် KGZ ပူးပေါင်းအဖွဲ့ဝင်တိုက်၊ စစ်သား ၃ ဦးသေဆုံး၊ PDF ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဒီဇင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းတွင် ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်
ကရင်နီ GZ army အဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။
ရဲစခန်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မှ စတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီကျော် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း PDF ၂ ဦး ဒဏ်ရာရကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့သည် ရဲစခန်းအရှေ့ရှိ ပြည်သူပိုင် နေအိမ် ၁ လုံးကို အကြောင်းမဲ့ မီးရှို့ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊
ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ၁၅ မိနစ်ခန့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အားသုံးထိုးစစ်ဆင်လာနိုင်ပြီး တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်တာကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးသတိဖြင့် သွားလာနေထိုင်ကြရန် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Video – Karenni GZ army
ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္းရွိ စစ္ေကာင္စီတပ္ဖြဲ႕ကို ဒီးေမာ့ဆို PDF ႏွင့္ KGZ ပူးေပါင္းအဖြဲ႕ဝင္တိုက္
ဒီးေမာ့ဆိုၿမိဳ႕မရဲစခန္းရွိ စစ္ေကာင္စီတပ္ဖြဲ႕ကို ဒီးေမာ့ဆို PDF ႏွင့္ KGZ ပူးေပါင္းအဖြဲ႕ဝင္တိုက္၊ စစ္သား ၃ ဦးေသဆုံး၊ PDF ၂ ဦး ဒဏ္ရာရ (႐ုပ္/သံ)
ရန္ကုန္၊ ဒီဇင္ဘာ ၂၆
ကရင္နီျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းရွိ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ကို ယမန္ေန႔ ဒီဇင္ဘာလ ၂၅ ရက္ မြန္းလြဲပိုင္းတြင္ ဒီးေမာ့ဆိုျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ႏွင့္
ကရင္နီ GZ army အဖြဲ႕က ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီး စစ္သား ၃ ဦး ေသဆုံးကာ အမ်ားအျပား ဒဏ္ရာရေၾကာင္း ဒီးေမာ့ဆို PDF က သတင္းထုတ္ျပန္သည္။
ရဲစခန္းကို ယမန္ေန႔ မြန္းလြဲ ၃ နာရီ ၄၅ မွ စတင္ကာ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ၂ နာရီေက်ာ္ အျပန္အလွန္ ပစ္ခတ္ခဲ့ေၾကာင္း PDF ၂ ဦး ဒဏ္ရာရေၾကာင္း ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။
တိုက္ပြဲျဖစ္ပြားေနစဥ္ စစ္ေကာင္စီတပ္ဖြဲ႕သည္ ရဲစခန္းအေရွ႕ရွိ ျပည္သူပိုင္ ေနအိမ္ ၁ လုံးကို အေၾကာင္းမဲ့ မီးရႈိ႕ခဲ့ေၾကာင္း တိုက္ပြဲျဖစ္ပြားျခင္းမရွိသည့္ ေဒါငံခါးေက်း႐ြာဘက္သို႔ လက္နက္ႀကီးပစ္ခတ္ခဲ့ျခင္းမ်ား ျပဳလုုပ္ခဲ့ေၾကာင္း၊
ယမန္ေန႔ ည ၇ နာရီ ၄၅ မိနစ္တြင္ ၁၅ မိနစ္ခန႔္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။
အၾကမ္းဖက္စစ္ေကာင္စီတပ္မွ အင္အားသုံးထိုးစစ္ဆင္လာႏိုင္ၿပီး တိုက္ပြဲမ်ား ထပ္မံျဖစ္ပြားႏိုင္တာေၾကာင့္ မိဘျပည္သူမ်ားအေနျဖင့္ လုံၿခဳံေရးသတိျဖင့္ သြားလာေနထိုင္ၾကရန္ ဒီးေမာ့ဆို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
Video – Karenni GZ army