Cele News

မော်ဒယ်ပိုင်တံခွန်နှင့် ဒေါ်သန်းမြင့်အောင်တို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်

မော်ဒယ်ပိုင်တံခွန်နှင့် ဒေါ်သန်းမြင့်အောင်တို့အား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်

စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်ကတည်း က အဓမ္မ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် စာရေး ဆရာမ၊ ပရဟိတသမား ဒေါ်သန်းမြင့်အောင်နှင့် အာဏာ သိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်အား ဆန့်ကျင်တော်လှန်ခဲ့သည့်

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် တို့အား ယနေ့တွင် စစ်ကောင်စီထောင်တွင်း တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

ဒေါ်သန်းမြင့်အောင်နှင့် ပိုင်တံခွန်တို့ကို အမိန့်ချမှတ်ရမည့်ရက် မဟုတ်သေးသော်လည်း ထောင်တွင်းအထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီကို ရုတ်တရက်အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးက ဆိုသည်

“အမှန်က ဒီနေ့က ပိုင်တံခွန်အတွက် တရား လိုပြသက်သေစစ်ရဖို့ရက်ချိန်းဖြစ်ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားဘဲ တရားရုံးက အမိန့်ချလိုက်တာပေါ့။

ပိုင်တံခွန်အတွက်က တရားလိုပြသက်သေစစ်ပြီး စွဲချက်တင်မတင် နှစ်ဖက်လျှောက်လဲချက်တင်ရမှာပါ။ ပြီးမှ ခံပြသက် သေတွေစစ်ပြီးမှ အမိန့်ချမယ့်အဆင့်ရောက်မှာပါ။

အခုက အဆင့်အများကြီးလိုသေးတယ်။ တရားစီရင်ရေးလောကမှာ ခုလို မကြုံဖူးသေးဘူး” ဟု အဆိုပါ ရှေ့နေကဆိုသည်

ယနေ့တွင် ပိုင်တံခွန်ကို ရုံးထုတ်ရာ တရားသူကြီးက ပိုင်တံခွန်ကို စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွင် ပါခဲ့ခြင်းရှိမရှိ မေးမြန်းခဲ့ကြောင်း၊ ပိုင်တံခွန်က ပါ ဝင် ခဲ့သည်ဟု ဖြေခဲ့ပြီး တရားသူကြီးကလည်း ချက်ချင်းအမိန့်ချခဲ့ခြင်းဖြစ်သည်

ထို့အတူ စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်ကတည်းက အဓမ္မ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် စာရေးဆရာမ၊ ပရဟိတသမား ဒေါ်သန်းမြင့်‌‌အောင်ကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်

စစ်ကောင်စီသည် ဆရာမ ဒေါ်သန်းမြင့်အောင်အား ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် တရား စွဲဆိုခဲ့ခြင်းဖြစ်သလို မော်ဒယ်ပိုင်တံခွန်ကိုလည်း ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁ ရက် အာ ဏာသိမ်းမှုတွင် ဆရာမ ဒေါ်သန်းမြင့်အောင် ၊ နိုင်ငံတော် အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးဝင်းမြင့် စသူတို့ အပါအဝင် လူပေါင်း ၇၀ ခန့်ကို အဓမ္မဖမ်းဆီးခဲ့သည်။

အေအေပီပီ၏ စာရင်းအရ အာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၀၀၀၀ ကျော်ရှိသည်။

Burma Associated Press

(လေးစားစွာဖြင့် ခရက်ဒစ်)

ေမာ္ဒယ္ပိုင္တံခြန္ႏွင့္ ေဒၚသန္းျမင့္ေအာင္တို႔အား အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္စီခ်မွတ္

စစ္အာဏာသိမ္းခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ကတည္း က အဓမၼ ဖမ္းဆီးထိန္းသိမ္းျခင္း ခံထားရသည့္ စာေရး ဆရာမ၊ ပရဟိတသမား ေဒၚသန္းျမင့္ေအာင္ႏွင့္ အာဏာ သိမ္းၿပီးေနာက္ပိုင္း စစ္အာဏာ႐ွင္အား ဆန္႔က်င္ေတာ္လွန္ခဲ့သည့္

ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ တို႔အား ယေန႔တြင္ စစ္ေကာင္စီေထာင္တြင္း တရား႐ုံးက အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့ေၾကာင္း တရား႐ုံးႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းက ေျပာသည္။

ေဒၚသန္းျမင့္ေအာင္ႏွင့္ ပိုင္တံခြန္တို႔ကို အမိန္႔ခ်မွတ္ရမည့္ရက္ မဟုတ္ေသးေသာ္လည္း ေထာင္တြင္းအထူးတရား႐ုံးက အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္စီကို ႐ုတ္တရက္အမိန္႔ခ်လိုက္ျခင္းျဖစ္သည္ဟု ေ႐ွ႕ေနတစ္ဦးက ဆိုသည္။

“အမွန္က ဒီေန႔က ပိုင္တံခြန္အတြက္ တရား လိုျပသက္ေသစစ္ရဖို႔ရက္ခ်ိန္းျဖစ္ပါတယ္။ ဒါေပမယ့္ မေမွ်ာ္လင့္ထားဘဲ တရား႐ုံးက အမိန္႔ခ်လိုက္တာေပါ့။

ပိုင္တံခြန္အတြက္က တရားလိုျပသက္ေသစစ္ၿပီး စြဲခ်က္တင္မတင္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္တင္ရမွာပါ။ ၿပီးမွ ခံျပသက္ ေသေတြစစ္ၿပီးမွ အမိန္႔ခ်မယ့္အဆင့္ေရာက္မွာပါ။

အခုက အဆင့္အမ်ားႀကီးလိုေသးတယ္။ တရားစီရင္ေရးေလာကမွာ ခုလို မၾကဳံဖူးေသးဘူး” ဟု အဆိုပါ ေ႐ွ႕ေနကဆိုသည္။

ယေန႔တြင္ ပိုင္တံခြန္ကို ႐ုံးထုတ္ရာ တရားသူႀကီးက ပိုင္တံခြန္ကို စစ္အာဏာ႐ွင္ဆန္႔က်င္ေရးသပိတ္စစ္ေၾကာင္းတြင္ ပါခဲ့ျခင္း႐ွိမ႐ွိ ေမးျမန္းခဲ့ေၾကာင္း၊ ပိုင္တံခြန္က ပါ ဝင္ ခဲ့သည္ဟု ေျဖခဲ့ၿပီး တရားသူႀကီးကလည္း ခ်က္ခ်င္းအမိန္႔ခ်ခဲ့ျခင္းျဖစ္သည္။

ထို႔အတူ စစ္အာဏာသိမ္းခဲ့သည့္ ေဖေဖာ္ဝါရီလ ၁ ရက္ကတည္းက အဓမၼ ဖမ္းဆီးထိန္းသိမ္းျခင္း ခံထားရသည့္ စာေရးဆရာမ၊ ပရဟိတသမား ေဒၚသန္းျမင့္‌‌ေအာင္ကိုလည္း ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္ ။

စစ္ေကာင္စီသည္ ဆရာမ ေဒၚသန္းျမင့္ေအာင္အား ဖမ္းဆီးထိန္းသိမ္းၿပီးေနာက္ ပုဒ္မ ၅၀၅-က ျဖင့္ တရား စြဲဆိုခဲ့ျခင္းျဖစ္သလို ေမာ္ဒယ္ပိုင္တံခြန္ကိုလည္း ပုဒ္မ ၅၀၅-က ျဖင့္ တရားစြဲဆိုထားျခင္း ျဖစ္သည္။

စစ္ေကာင္စီသည္ ေဖေဖာ္ဝါရီလ ၁ ရက္ အာ ဏာသိမ္းမႈတြင္ ဆရာမ ေဒၚသန္းျမင့္ေအာင္ ၊ ႏိုင္ငံေတာ္ အတိုင္ ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ၊ သမၼတ ဦးဝင္းျမင့္ စသူတို႔ အပါအဝင္ လူေပါင္း ၇၀ ခန္႔ကို အဓမၼဖမ္းဆီးခဲ့သည္။

ေအေအပီပီ၏ စာရင္းအရ အာဏာသိမ္းၿပီးေနာက္တြင္ ဖမ္းဆီးထိန္းသိမ္းခံထားရသူ ၁၀၀၀၀ ေက်ာ္႐ွိသည္။

Burma Associated Press

(ေလးစားစြာျဖင့္ ခရက္ဒစ္)