Cele News

ခ်စ္သူစြန္႔လႊတ္လိုက္တာက ကိုယ့္ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုကို စြန္႔လႊတ္လိုက္တာနဲ႔တူတူပါပဲဆိုတဲ့ ျမတ္ေကသီေအာင္

ခ်စ္သူစြန္႔လႊတ္လိုက္တာက ကိုယ့္ခႏၶာကိုယ္ အစိတ္အပိုင္းတစ္ခုကို စြန္႔လႊတ္လိုက္တာနဲ႔တူတူပါပဲဆိုတဲ့ ျမတ္ေကသီေအာင္

မင္းသမီးေခ်ာ ျမတ္ေကသီေအာင္ကေတာ့ အကယ္ဒမီ ဆုႏွစ္ဆု တိတိ ရယူသိမ္းပိုက္ႏိုင္ခဲ့တဲ့ ပရိသတ္ အခ်စ္ေတာ္ေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္ေနာ္။

အႏုပညာသက္တမ္းႏွစ္အေတာ္ၾကာေအာင္႐ွိၿပီျဖစ္တဲ့ ျမတ္ေကသီေအာင္က ဇာတ္႐ုပ္မ်ိဳးစံကို သူမရဲ႕အႏုပညာအရည္အခ်င္းေတြနဲ႔ ေျပာင္ေျမာက္စြာ ဖန္တီးပုံ ေဖာ္ခဲ့တာ ျဖစ္ပါတယ္။

ျမတ္ေကသီေအာင္ ပါဝင္ သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားေတြကလည္း ပရိသတ္ေတြရဲ႕ အႀကိဳက္နဲ႔ထပ္တူက်ၿပီး ေအာင္ျမင္ခဲ့တာပဲ ျဖစ္ပါတယ္။

လက္႐ွိမွာေတာ့ ျမတ္ေကသီေအာင္က အႏုပညာ လႈပ္႐ွားမႈေတြနဲ႔ ေဝးကြာေနခဲ့တာ အခ်ိန္ အေတာ္ၾကာေနၿပီလည္း ျဖစ္ပါတယ္။

ဒါေပမဲ့လည္း ျမတ္ေကသီေအာင္ကိုခ်စ္တဲ့ ပရိသတ္ေတြက သူမရဲ႕လႈပ္႐ွားမႈေတြကို လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ ေစာင့္ၾကည့္ အားေပးေနတာ ျဖစ္ပါတယ္။

အခုလည္း ျမတ္ေကသီေအာင္က “ထပ္တူ ညီမွ်ျခင္းဟာ ကိုယ့္အတြက္ အခ်ိန္ေတာ္ေတာ္မ်ားမ်ားေပးထားတတ္တဲ့ခ်စ္သူ (သို႔) အိမ္ေထာင္ဖက္ကို စြန္႔လႊတ္လိုက္တာက

ကိုယ့္ရဲ႕ခႏၶာကိုယ္ အစိတ္အပိုင္းတခုကို စြန္႔လႊတ္လိုက္တာနဲ႔တူတူပါပဲ


“ေနာက္ဆက္တြဲ ျဖစ္လာတဲ့ ခံစားမႈဟာလည္း ႏွစ္ေယာက္လုံး ရဲ႕စိတ္ကို ဆက္တိုက္ေျခာက္ျခားေစတယ္ တစ္ဖက္နဲ႔တစ္ဖက္ျပဳမိခဲ့တဲ့ အမွားေတြနဲ႔ ႐ွင္သန္ေနထိုင္ရတဲ့အခါမ်ိဳး ပိုၿပီးစိတ္ကိုနာက်င္ေစခဲ့တယ္.

အေဝးဆုံးေနရာေတြမွာ ေနမိျပန္ေတာ့လည္း အမွားေတြနဲ႔ ကင္းလႊတ္ခြင့္ရတဲ့ အခိုက္အတန္႔ေလးလိုမ်ိဳး စိတ္ဒဏ္ရာေတြကို သက္သာေစခဲ့တယ္

တကယ္ေတာ့ ဘဝေတြဟာ ၾကင္နာျခင္းကိုလိုခ်င္လို႔ ႐ွာရင္းနဲ႔ နာက်င္ျခင္းေတြေတြ႕ၿပီး ထပ္တူက်က်လာတယ္ဆိုတာ ခ်စ္တတ္တဲ့သူေတြကေမ့ေနၾကတာပါ MKTA” ဆိုၿပီး

ပုံေလးနဲ႔အတူ စာေလးေတြကိုေရးသားမွ်ေဝထားတာပဲ ျဖစ္ပါတယ္။

Source & Photo Credit-Myat Kay Thi Aung’s FB Acc

Unicode Version

ချစ်သူစွန့်လွှတ်လိုက်တာက ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကို စွန့်လွှတ်လိုက်တာနဲ့တူတူပါပဲဆိုတဲ့ မြတ်ကေသီအောင်

မင်းသမီးချော မြတ်ကေသီအောင်ကတော့ အကယ်ဒမီ ဆုနှစ်ဆု တိတိ ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ ပရိသတ် အချစ်တော်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။

အနုပညာသက်တမ်းနှစ်အတော်ကြာအောင်ရှိပြီဖြစ်တဲ့ မြတ်ကေသီအောင်က ဇာတ်ရုပ်မျိုးစံကို သူမရဲ့အနုပညာအရည်အချင်းတွေနဲ့ ပြောင်မြောက်စွာ ဖန်တီးပုံ ဖော်ခဲ့တာ ဖြစ်ပါတယ်။

မြတ်ကေသီအောင် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျပြီး အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြတ်ကေသီအောင်က အနုပညာ လှုပ်ရှားမှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန် အတော်ကြာနေပြီလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြတ်ကေသီအောင်ကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် စောင့်ကြည့် အားပေးနေတာ ဖြစ်ပါတယ်။

အခုလည်း မြတ်ကေသီအောင်က “ထပ်တူ ညီမျှခြင်းဟာ ကိုယ့်အတွက် အချိန်တော်တော်များများပေးထားတတ်တဲ့ချစ်သူ (သို့) အိမ်ထောင်ဖက်ကို စွန့်လွှတ်လိုက်တာက

ကိုယ့်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတခုကို စွန့်လွှတ်လိုက်တာနဲ့တူတူပါပဲ

“နောက်ဆက်တွဲ ဖြစ်လာတဲ့ ခံစားမှုဟာလည်း နှစ်ယောက်လုံး ရဲ့စိတ်ကို ဆက်တိုက်ခြောက်ခြားစေတယ် တစ်ဖက်နဲ့တစ်ဖက်ပြုမိခဲ့တဲ့ အမှားတွေနဲ့ ရှင်သန်နေထိုင်ရတဲ့အခါမျိုး ပိုပြီးစိတ်ကိုနာကျင်စေခဲ့တယ်.

အဝေးဆုံးနေရာတွေမှာ နေမိပြန်တော့လည်း အမှားတွေနဲ့ ကင်းလွှတ်ခွင့်ရတဲ့ အခိုက်အတန့်လေးလိုမျိုး စိတ်ဒဏ်ရာတွေကို သက်သာစေခဲ့တယ်

တကယ်တော့ ဘဝတွေဟာ ကြင်နာခြင်းကိုလိုချင်လို့ ရှာရင်းနဲ့ နာကျင်ခြင်းတွေတွေ့ပြီး ထပ်တူကျကျလာတယ်ဆိုတာ ချစ်တတ်တဲ့သူတွေကမေ့နေကြတာပါ MKTA” ဆိုပြီး

ပုံလေးနဲ့အတူ စာလေးတွေကိုရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်။

Source & Photo Credit-Myat Kay Thi Aung’s FB Acc