Cele News

၂၀၂၁ ကမၻာ့အေခ်ာဆုံး အမ်ိဳးသား ၁၀၀တြင္ ပိုင္တံခြန္ နံပါတ္(၁)ရ…

၂၀၂၁ ကမၻာ့အေခ်ာဆုံး အမ်ိဳးသား ၁၀၀တြင္ ပိုင္တံခြန္ နံပါတ္(၁)ရ…

ကမ႓ာ့ နာမည္ေက်ာ္ အေခ်ာဆုံး အမ်ိဳးသား စာရင္းကို TC Candler ႏွင့္ The Independent Critics တို႔က ႏွစ္စဥ္ ထုတ္ျပန္ရာ

ယခုႏွစ္အတြက္ အေယာက္ ၁၀၀ စာရင္းထဲတြင္ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ ပိုင္တံခြန္သည္ နံပါတ္ (၁) ေနရာတြင္ ေ႐ြးခ်ယ္ ေဖာ္ျပခံရသည္။

အေမရိကန္ျပည္ေထာင္စု နီဗားဒါးျပည္နယ္ လာစ္ဗီးဂက္စ္ အေျခစိုက္ TC Candler သည္ ၁၉၉၀ ခုႏွစ္မွ စတင္ကာ

ကမ႓ာ့အေခ်ာဆုံး အမ်ိဳးသားႏွင့္ အမ်ိဳးသမီး စာရင္းအား ႏွစ္စဥ္ ထုတ္ျပန္ရာ ၂၀၂၁ ခုႏွစ္အတြက္ အေခ်ာဆုံး မ်က္ႏွာပိုင္႐ွင္မ်ား၏ ပုံရိပ္မ်ားကို

၎တို႔၏ Youtube Channel ႏွင့္ အင္စတာဂရမ္တို႔မွ တဆင့္ ယေန႔ ရက္စြဲျဖင့္ ထုတ္ျပန္ ေၾကညာထားသည္။

ျမန္မာေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္အေနျဖင့္ အဆိုပါ The 100 Most Handsome & Beautiful Faces စာရင္းတြင္ ဒုတိယအႀကိမ္ ပါဝင္ျခင္းျဖစ္ၿပီး၊

ၿပီးခဲ့သည့္ႏွစ္ ကမ႓ာ့အေခ်ာဆုံး အမ်ိဳးသား အေယာက္ ၁၀၀ စာရင္းတြင္ နံပါတ္ ၁၀ ေနရာမွ ပါဝင္ခဲ့ျခင္း ျဖစ္သည္။

သ႐ုပ္ေဆာင္ ပိုင္တံခြန္အား စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး လႈပ္႐ွားမႈမ်ားတြင္ ပါဝင္ျခင္း၊ လူမႈကြန္ရက္ စာမ်က္ႏွာကို အသုံးျပဳ၍ ဆန္႔က်င္လႈံ႕ေဆာ္မႈမ်ား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ဟုဆိုကာ

ပုဒ္မ ၅၀၅-က ျဖင့္ ဧၿပီလ ၈ ရက္ေန႔မွ စတင္ကာ အခ်ိန္ ၈ လၾကာ အင္းစိန္ေထာင္တြင္း ဖမ္းဆီး ထိန္းသိမ္းခဲ့ၿပီး ယမန္ေန႔က ၎ကို အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္လိုက္သည္။

၏ပိုင္တံခြန္အား အျမန္လႊတ္ေပးရန္ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ Free Paing Takhon ကမ္ပိန္း လုပ္ေဆာင္မႈမ်ား ႐ွိေနသလို၊

TC Candler မွလည္း ပိုင္တံခြန္အား အျမန္ဆုံး လႊတ္ေပးရန္ ယင္းထုတ္ျပန္ခ်က္ ဗီဒီယိုတြင္ ထည့္သြင္း ေတာင္းဆိုထားသည္။

Credit

Source – TC Candler

Unicode Version

၂၀၂၁ ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀တွင် ပိုင်တံခွန် နံပါတ်(၁)ရ…

ကမ္ဘာ့ နာမည်ကျော် အချောဆုံး အမျိုးသား စာရင်းကို TC Candler နှင့် The Independent Critics တို့က နှစ်စဉ် ထုတ်ပြန်ရာ

ယခုနှစ်အတွက် အယောက် ၁၀၀ စာရင်းထဲတွင် မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်သည် နံပါတ် (၁) နေရာတွင် ရွေးချယ် ဖော်ပြခံရသည်။

အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာစ်ဗီးဂက်စ် အခြေစိုက် TC Candler သည် ၁၉၉၀ ခုနှစ်မှ စတင်ကာ

ကမ္ဘာ့အချောဆုံး အမျိုးသားနှင့် အမျိုးသမီး စာရင်းအား နှစ်စဉ် ထုတ်ပြန်ရာ ၂၀၂၁ ခုနှစ်အတွက် အချောဆုံး မျက်နှာပိုင်ရှင်များ၏ ပုံရိပ်များကို

၎င်းတို့၏ Youtube Channel နှင့် အင်စတာဂရမ်တို့မှ တဆင့် ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

မြန်မာမော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်အနေဖြင့် အဆိုပါ The 100 Most Handsome & Beautiful Faces စာရင်းတွင် ဒုတိယအကြိမ် ပါဝင်ခြင်းဖြစ်ပြီး၊

ပြီးခဲ့သည့်နှစ် ကမ္ဘာ့အချောဆုံး အမျိုးသား အယောက် ၁၀၀ စာရင်းတွင် နံပါတ် ၁၀ နေရာမှ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် ပိုင်တံခွန်အား စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဟုဆိုကာ

ပုဒ်မ ၅၀၅-က ဖြင့် ဧပြီလ ၈ ရက်နေ့မှ စတင်ကာ အချိန် ၈ လကြာ အင်းစိန်ထောင်တွင်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ယမန်နေ့က ၎င်းကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။

၏ပိုင်တံခွန်အား အမြန်လွှတ်ပေးရန် လူမှုကွန်ရက် စာမျက်နှာများတွင် Free Paing Takhon ကမ်ပိန်း လုပ်ဆောင်မှုများ ရှိနေသလို၊

TC Candler မှလည်း ပိုင်တံခွန်အား အမြန်ဆုံး လွှတ်ပေးရန် ယင်းထုတ်ပြန်ချက် ဗီဒီယိုတွင် ထည့်သွင်း တောင်းဆိုထားသည်။

Credit

Source – TC Candler