ကြားသိရသမျှ

သားအတြက္ မိခင္ျဖစ္သူ၏ ရင္ကြဲ အလြမ္း…😢

သားအတြက္ မိခင္ျဖစ္သူ၏ ရင္ကြဲ အလြမ္း…😢

မတ္လ ၂၇ရက္ေန႔က က်ဆုံးခဲ့တဲ့ ေဒါက္တာသီဟတင္ထြန္းအတြက္ မိခင္ျဖစ္သူ၏ ၉လျပည့္ ရင္ကြဲအလြမ္း 😢

“သားဆီသို႔”

သို႔/ခ်စ္လွစြာေသာသား

အေမတို႔မေတြ႕ရတာဒီေန႔ဆို၉လၾကာခဲ့ၿပီေနာ္။ အေမတို႔ကသားကိုလြမ္းနည္းေပါင္းစုံနဲ႔လြမ္းေနၾကပါတယ္။

ကိုယ့္နည္းကိုယ့္ဟန္နဲ႔ေပါ့သားရယ္။

မင္းအေမႀကီးကသတိရတိုင္း၊မင္းရွိေနသလိုပဲစကားေတြေျပာတယ္။မင္းၾကားမွာပါေနာ္၊သား။

မင္းအဘြားကလည္းမင္းနာမည္ကိုေခၚၿပီးေန႔တိုင္းအမၽွေပးေဝခဲ့တယ္။အခုေတာ့အဘြားမရွိရွာေတာ့ဘူးသားရယ္။

မင္းအေဒၚေတြနဲ႔မင္းဦးေလးကသားအတြက္ရည္စူး၊ကုသိုလ္ေကာင္းမႈေတြလုပ္ေပးေနၾကတယ္။

မင္းရဲ့ညီအစ္ကိုေမာင္ႏွမေတြ၊မင္းမိတ္ေဆြသူငယ္ခ်င္းေတြအားလုံးကသတိရလြမ္းဆြတ္ေနၾကပါတယ္။

သားေရ ၊မင္းမရွိတဲ့ေနာက္မွာ ဆိုးရြားလွတဲ့အျဖစ္အပ်က္ေတြ ထပ္ခါထပ္ခါၾကဳံေတြ႕ေနရလို႔အေမ့မွာႏွလုံးေရာဂါျဖစ္ေနၿပီသားရယ္။

အေမ့ေရာဂါကအသစ္အဆန္းသားရဲ့။အသည္းႂကြပ္ဆတ္မာေက်ာတဲ့ေရာဂါလိုပဲ ႏွလုံးႂကြပ္ဆတ္မာေက်ာတဲ့ေရာဂါေလ။

အေမ့ႏွလုံးသားကႏူးညံ့ေပ်ာ့ေပ်ာင္းမလာပဲပိုၿပီးမာေက်ာတင္းက်ပ္သြားတာေၾကာင့္ေသြးလွည့္ပတ္မႈမေကာင္းေတာ့ဘူးထင္တယ္။

ဘယ္ကုထုံးနဲ႔မ်ားကုရမလဲကြယ္။အေမ့သားရွိေနေသးရင္ေတာ့ ဆရာေက်ာ္ေရ ကၽြန္ေတာ့္အေမကိုဘယ္လိုလုပ္ေပးရမလဲလို႔တိုင္ပင္မွာေပါ့ကြယ္။

မမ(စိတ္အထူးကု)ေရ အေမ့ကိုအဆင္ေျပေအာင္ကုေပးပါေနာ္လို႔အကူအညီေတာင္းမွာပဲေပါ့။အခုလည္းမင္းမမကအေမ့ကိုမအားတဲ့ၾကားကသက္သာေအာင္ကုေပးေနပါတယ္။

မင္းရဲ့ခ်စ္မိတ္ေဆြကဗ်ာဆရာေဒါက္တာကလည္းအေမလွမ္းၿပီးရင္ဖြင့္တိုင္းအခ်ိန္အၾကာႀကီးနားေထာင္ေပးၿပီးအေမ့ႏွလုံးေရာဂါကိုသက္သာေအာင္ႏွစ္သိမ့္ေပးပါတယ္။

အေမ့ႏွလုံးမာေက်ာႂကြပ္ဆတ္သြားတာဟာသားကိုဆုံးရႈံးရလို႔၊သားကိုလြမ္းဆြတ္တာေၾကာင့္ခ်ည္းပဲေတာ့မဟုတ္ပါဘူးကြယ္။

ငါ့ေၾကာင့္ငါ့အေမေရာဂါျဖစ္တာလို႔ထင္မေနနဲ႔ေနာ္သားေရ။တကယ္ေတာ့ငါးဖယ္ေတသလိုအထပ္ထပ္အခါခါအေတခံ(ထုရိုက္ခံ)ရလို႔ပါ။

အေမ့ႏွလုံးသားဟာ အက္ဆစ္ေလာင္းခံရ၊ ပြင့္ထြက္ေအာင္အပစ္ခံရ၊ ေဆာင့္ကန္ခံရ၊ ေသနတ္ဒင္နဲ႔အရိုက္ခံရ၊

ေလးထပ္တိုက္ေပၚကခုန္ခ်ရ၊ ကားနဲ႔တိုက္ခံရ၊ဗုံးၾကဲခံရ၊မီးရွို႔ခံရ၊ ျမစ္ေရထဲျဖတ္ေျပးရ၊ ထုရိုက္ခံရ၊ အေစာ္ကားခံရနဲ႔ပါကြယ္။

ၾကာေတာ့လည္းဒီႏွလုံးသားဟာ မာသည္ထက္မာလာၿပီး ဘာကိုမွမျဖဳံ ထုံေပေပနဲ႔ေပါ့။ အခုေနခါမွာအေမက ဒရာမာခ်ိဳးတယ္ဆိုတဲ့စကားလုံး အမုန္းဆုံးပဲလို႔ထင္ပါတယ္။

ေငြေနာက္ဘယ္ေတာ့မွမလိုက္တဲ့အေမ၊ေငြကိုမမက္ေမာတဲ့မင္းအေမ ေငြရွာေနရတယ္သားရယ္။

မိတ္ေဆြေတြေဆြမ်ိဳးေတြ ကူၾကသူေတြကိုမွတ္တမ္းထား မင္းသိေစခ်င္လို႔အေမေျပာျပပါမယ္ေနာ္။

အေမတို႔ကိုအမွီျပဳေနၾကသူေတြကို ျပစ္မထားနိုင္တဲ့စိတ္ေၾကာင့္ အေမဟာေရွ႕မ်က္ႏွာေနာက္ထား အားနာစြာနဲ႔ပဲ၊ ဘဝမွာတစ္ခါမွမလုပ္ဖူးတဲ့အလုပ္ ဇြတ္မွိတ္ၿပီးလုပ္ရတယ္သားရယ္။

တခ်ိဳ႕မိတ္ေဆြေတြကအားနာေလာက္ေအာင္ကူညီၾကတယ္။ေက်းဇူးမေမ့ပါဘူးကြယ္။တခ်ိဳ႕ကေတာ့ဒါနပါရမီထူးတယ္လို႔ျမန္ျပည္တခြင္ေက်ာ္ၾကားေပမဲ့

အေမ့ရဲ့အကူအညီေတာင္းစာေၾကာင့္ မက္ဆင္ဂ်ာကသူ႔စာေလးေတြကိုဖ်က္ တိတ္တဆိတ္ေပ်ာက္ကြယ္ အေမနဲ႔ပတ္သက္ရမွာေတာင္ေၾကာက္ရွာသတဲ့ကြယ္။

သိန္းေပါင္းရာခ်ီၿပီးအလႉႀကီးေပးေနက်လူေတြမို႔လို႔ ေႏြဦးပန္းေလးေတြကိုေရေလာင္းေပးမယ္ေတာ့မထင္ေလနဲ႔ကြယ္။ငါ့သားသာသိရင္ေတာ့ေလ။

အေမစိတ္ပူလို႔ပါသားရယ္လို႔ေျပာမိတာေတာင္…ဒါဆိုဘယ္လိုလုပ္ၿပီးေတာ္လွန္ေရးေအာင္ျမင္မွာလဲလို႔ေျပာၿပီး

အေမ့ကိုစိတ္ေကာက္တဲ့သား ဘယ္ေလာက္မ်ားေလာကဓံကိုထီမထင္ခံစားေနရရွာမလဲကြယ္။

အေမကေတာ့သားစိတ္ပ်က္ေအာင္မလုပ္ဘူးေနာ္။အေမတို႔ႀကိဳးစားၾကတာသားလည္းအသိပဲ။

ဂ႐ုမစိုက္ ၊ထုံေပေပကပ္တပ္တပ္၊ဘာပဲျဖစ္ျဖစ္ ဘာပဲၾကဳံၾကဳံ၊ လာခ်င္ရာလာစမ္း ဆိုတဲ့စိတ္နဲ႔အေမတို႔မိသားစု

ေရေမ်ာကမ္းတင္ဘဝနဲ႔ေနေနၾကတာသားလည္းအေမတို႔အတြက္ေက်နပ္ဂုဏ္ယူေနဖို႔ပါ။အေမတို႔လည္းသားအတြက္ဂုဏ္ယူရတယ္ေလ။အျပန္အလွန္ေပါ့ကြယ္။

မင္းရဲ့ခ်စ္လွစြာေသာအဘဆုံးတာ၁၂ႏွစ္ျပည့္ေတာ့မယ္။ အဘအေၾကာင္းေျပာတိုင္းငိုတတ္တဲ့သားေရ မင္းသူတို႔ေရာက္တဲ့ေနရာမွာသတၱိျပၾကတယ္။

မင္းအားေပးလိုက္ပါဦးသားေရ။မငိုပါနဲ႔ေတာ့ေနာ္။မင္းေက်နပ္စြာျပဳံးေနပါကြယ္။

အေမ့ရဲ့ကေလး၊မင္းရဲ့ညီေလးေတြ မင္းသားေလးေတြလိုႏုေခ်ာတဲ့သူရဲေကာင္းေလးေတြ

အခုအခ်ိန္မင္းသာရွိေသးရင္သူတို႔နဲ႔အတူရဲစြမ္းျပေနမွာအေမျမင္ေယာင္ပါေသးတယ္ကြယ္။

မင္းသူငယ္ခ်င္းေတြအနားမွာမင္းကိုအျမဲျမင္ေယာင္ေနပါတယ္သားရယ္။

ဒီကာလမွာစာအရွည္ႀကီးေရးလို႔မေတာ္ဘူးဆိုေပမဲ့သားကိုလြမ္းလို႔အေမစာအရွည္ႀကီးေရးလိုက္တယ္။

ဖတ္ၿပီးျပဳံးေနတဲ့မင္း႐ုပ္သြင္ အေမျမင္ေနရတာမို႔ အလြမ္းေျပပါတယ္အေမ့သားရယ္။

Credit

Unicode Version

သားအတွက် မိခင်ဖြစ်သူ၏ ရင်ကွဲ အလွမ်း…😢

မတ်လ ၂၇ရက်နေ့က ကျဆုံးခဲ့တဲ့ ဒေါက်တာသီဟတင်ထွန်းအတွက် မိခင်ဖြစ်သူ၏ ၉လပြည့် ရင်ကွဲအလွမ်း 😢

“သားဆီသို့”

သို့/ချစ်လှစွာသောသား

အမေတို့မတွေ့ရတာဒီနေ့ဆို၉လကြာခဲ့ပြီနော်။ အမေတို့ကသားကိုလွမ်းနည်းပေါင်းစုံနဲ့လွမ်းနေကြပါတယ်။

ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါ့သားရယ်။

မင်းအမေကြီးကသတိရတိုင်း၊မင်းရှိနေသလိုပဲစကားတွေပြောတယ်။မင်းကြားမှာပါနော်၊သား။

မင်းအဘွားကလည်းမင်းနာမည်ကိုခေါ်ပြီးနေ့တိုင်းအမျှပေးဝေခဲ့တယ်။အခုတော့အဘွားမရှိရှာတော့ဘူးသားရယ်။

မင်းအဒေါ်တွေနဲ့မင်းဦးလေးကသားအတွက်ရည်စူး၊ကုသိုလ်ကောင်းမှုတွေလုပ်ပေးနေကြတယ်။

မင်းရဲ့ညီအစ်ကိုမောင်နှမတွေ၊မင်းမိတ်ဆွေသူငယ်ချင်းတွေအားလုံးကသတိရလွမ်းဆွတ်နေကြပါတယ်။

သားရေ ၊မင်းမရှိတဲ့နောက်မှာ ဆိုးရွားလှတဲ့အဖြစ်အပျက်တွေ ထပ်ခါထပ်ခါကြုံတွေ့နေရလို့အမေ့မှာနှလုံးရောဂါဖြစ်နေပြီသားရယ်။

အမေ့ရောဂါကအသစ်အဆန်းသားရဲ့။အသည်းကြွပ်ဆတ်မာကျောတဲ့ရောဂါလိုပဲ နှလုံးကြွပ်ဆတ်မာကျောတဲ့ရောဂါလေ။

အမေ့နှလုံးသားကနူးညံ့ပျော့ပျောင်းမလာပဲပိုပြီးမာကျောတင်းကျပ်သွားတာကြောင့်သွေးလှည့်ပတ်မှုမကောင်းတော့ဘူးထင်တယ်။

ဘယ်ကုထုံးနဲ့များကုရမလဲကွယ်။အမေ့သားရှိနေသေးရင်တော့ ဆရာကျော်ရေ ကျွန်တော့်အမေကိုဘယ်လိုလုပ်ပေးရမလဲလို့တိုင်ပင်မှာပေါ့ကွယ်။

မမ(စိတ်အထူးကု)ရေ အမေ့ကိုအဆင်ပြေအောင်ကုပေးပါနော်လို့အကူအညီတောင်းမှာပဲပေါ့။အခုလည်းမင်းမမကအမေ့ကိုမအားတဲ့ကြားကသက်သာအောင်ကုပေးနေပါတယ်။

မင်းရဲ့ချစ်မိတ်ဆွေကဗျာဆရာဒေါက်တာကလည်းအမေလှမ်းပြီးရင်ဖွင့်တိုင်းအချိန်အကြာကြီးနားထောင်ပေးပြီးအမေ့နှလုံးရောဂါကိုသက်သာအောင်နှစ်သိမ့်ပေးပါတယ်။

အမေ့နှလုံးမာကျောကြွပ်ဆတ်သွားတာဟာသားကိုဆုံးရှုံးရလို့၊သားကိုလွမ်းဆွတ်တာကြောင့်ချည်းပဲတော့မဟုတ်ပါဘူးကွယ်။

ငါ့ကြောင့်ငါ့အမေရောဂါဖြစ်တာလို့ထင်မနေနဲ့နော်သားရေ။တကယ်တော့ငါးဖယ်တေသလိုအထပ်ထပ်အခါခါအတေခံ(ထုရိုက်ခံ)ရလို့ပါ။

အမေ့နှလုံးသားဟာ အက်ဆစ်လောင်းခံရ၊ ပွင့်ထွက်အောင်အပစ်ခံရ၊ ဆောင့်ကန်ခံရ၊ သေနတ်ဒင်နဲ့အရိုက်ခံရ၊

လေးထပ်တိုက်ပေါ်ကခုန်ချရ၊ ကားနဲ့တိုက်ခံရ၊ဗုံးကြဲခံရ၊မီးရှို့ခံရ၊ မြစ်ရေထဲဖြတ်ပြေးရ၊ ထုရိုက်ခံရ၊ အစော်ကားခံရနဲ့ပါကွယ်။

ကြာတော့လည်းဒီနှလုံးသားဟာ မာသည်ထက်မာလာပြီး ဘာကိုမှမဖြုံ ထုံပေပေနဲ့ပေါ့။ အခုနေခါမှာအမေက ဒရာမာချိုးတယ်ဆိုတဲ့စကားလုံး အမုန်းဆုံးပဲလို့ထင်ပါတယ်။

ငွေနောက်ဘယ်တော့မှမလိုက်တဲ့အမေ၊ငွေကိုမမက်မောတဲ့မင်းအမေ ငွေရှာနေရတယ်သားရယ်။

မိတ်ဆွေတွေဆွေမျိုးတွေ ကူကြသူတွေကိုမှတ်တမ်းထား မင်းသိစေချင်လို့အမေပြောပြပါမယ်နော်။

အမေတို့ကိုအမှီပြုနေကြသူတွေကို ပြစ်မထားနိုင်တဲ့စိတ်ကြောင့် အမေဟာရှေ့မျက်နှာနောက်ထား အားနာစွာနဲ့ပဲ၊ ဘဝမှာတစ်ခါမှမလုပ်ဖူးတဲ့အလုပ် ဇွတ်မှိတ်ပြီးလုပ်ရတယ်သားရယ်။

တချို့မိတ်ဆွေတွေကအားနာလောက်အောင်ကူညီကြတယ်။ကျေးဇူးမမေ့ပါဘူးကွယ်။တချို့ကတော့ဒါနပါရမီထူးတယ်လို့မြန်ပြည်တခွင်ကျော်ကြားပေမဲ့

အမေ့ရဲ့အကူအညီတောင်းစာကြောင့် မက်ဆင်ဂျာကသူ့စာလေးတွေကိုဖျက် တိတ်တဆိတ်ပျောက်ကွယ် အမေနဲ့ပတ်သက်ရမှာတောင်ကြောက်ရှာသတဲ့ကွယ်။

သိန်းပေါင်းရာချီပြီးအလှူကြီးပေးနေကျလူတွေမို့လို့ နွေဦးပန်းလေးတွေကိုရေလောင်းပေးမယ်တော့မထင်လေနဲ့ကွယ်။ငါ့သားသာသိရင်တော့လေ။

အမေစိတ်ပူလို့ပါသားရယ်လို့ပြောမိတာတောင်…ဒါဆိုဘယ်လိုလုပ်ပြီးတော်လှန်ရေးအောင်မြင်မှာလဲလို့ပြောပြီး

အမေ့ကိုစိတ်ကောက်တဲ့သား ဘယ်လောက်များလောကဓံကိုထီမထင်ခံစားနေရရှာမလဲကွယ်။

အမေကတော့သားစိတ်ပျက်အောင်မလုပ်ဘူးနော်။အမေတို့ကြိုးစားကြတာသားလည်းအသိပဲ။

ဂရုမစိုက် ၊ထုံပေပေကပ်တပ်တပ်၊ဘာပဲဖြစ်ဖြစ် ဘာပဲကြုံကြုံ၊ လာချင်ရာလာစမ်း ဆိုတဲ့စိတ်နဲ့အမေတို့မိသားစု

ရေမျောကမ်းတင်ဘဝနဲ့နေနေကြတာသားလည်းအမေတို့အတွက်ကျေနပ်ဂုဏ်ယူနေဖို့ပါ။အမေတို့လည်းသားအတွက်ဂုဏ်ယူရတယ်လေ။အပြန်အလှန်ပေါ့ကွယ်။

မင်းရဲ့ချစ်လှစွာသောအဘဆုံးတာ၁၂နှစ်ပြည့်တော့မယ်။ အဘအကြောင်းပြောတိုင်းငိုတတ်တဲ့သားရေ မင်းသူတို့ရောက်တဲ့နေရာမှာသတ္တိပြကြတယ်။

မင်းအားပေးလိုက်ပါဦးသားရေ။မငိုပါနဲ့တော့နော်။မင်းကျေနပ်စွာပြုံးနေပါကွယ်။

အမေ့ရဲ့ကလေး၊မင်းရဲ့ညီလေးတွေ မင်းသားလေးတွေလိုနုချောတဲ့သူရဲကောင်းလေးတွေ

အခုအချိန်မင်းသာရှိသေးရင်သူတို့နဲ့အတူရဲစွမ်းပြနေမှာအမေမြင်ယောင်ပါသေးတယ်ကွယ်။

မင်းသူငယ်ချင်းတွေအနားမှာမင်းကိုအမြဲမြင်ယောင်နေပါတယ်သားရယ်။

ဒီကာလမှာစာအရှည်ကြီးရေးလို့မတော်ဘူးဆိုပေမဲ့သားကိုလွမ်းလို့အမေစာအရှည်ကြီးရေးလိုက်တယ်။

ဖတ်ပြီးပြုံးနေတဲ့မင်းရုပ်သွင် အမေမြင်နေရတာမို့ အလွမ်းပြေပါတယ်အမေ့သားရယ်။

Credit