Buddha

















Credit – Source

Unicode Version

မော်လမြိုင်မြို့က တန်ခိုးကြီးဘုရားတဆူကိုဖူးမြှော်နေစဉ် မျက်နှာတော်ကိုဖူးလိုက်ရ

မော်လမြိုင်မြို့က တန်ခိုးကြီးဘုရားတဆူကိုဖူးမြှော်နေစဉ် မျက်နှာတော်ကိုဖူးလိုက်ရတဲ့ ကုသိုလ်ထူးတဲ့ ဘုရားဖူး

မော်လမြိုင်မြို့ဟာ အေးချမ်းသာယာတဲ့ မြို့တစ်မြို့ဖြစ်ပြီး တန်ခိုးကြီးဘုရားတွေများပြား တည်ရှိရာဒေသ တစ်ခု ဖြစ်ပါတယ်။

တန်ခိုးကြီး ဘုရားတွေထဲက စေတီတစ်ဆူ ဖြစ်တဲ့ ဦးဇိနစေတီတော်ဟာ မော်လမြိုင်မြို့အရှေ့ဖက် တောင်ရိုးပေါ်မှာ တည်ရှိတဲ့ စေတီတော် တစ်ဆူ ဖြစ်ပါတယ်။

စေတီတော် ရဲ့သမိုင်းကြောင်းကို ဆိုရမယ် ဆိုရင် ရှေးမြန်မာ မင်းများ လက်ထက်က မော်လမြိုင် ရမ္မာဝတီ ကို မင်းကြီး ဥဇနာ ဦးဇိန ကအုပ်ချုပ် ခဲ့ပါတယ်။

မင်းကြီး ဥဇနာဟာ တောင်ကုန်းပေါ်မှာရှိတဲ့ စေတီဟောင်းတစ်ဆူကို ပြုပြင် ခဲ့ပါတယ်။

ထိုစေတီကိုလည်း ဦးဇိနစေတီဟုခေါ်တွင်ခဲ့ပြီး တောင်ကုန်းကိုလည်း ဦးဇိနတောင်လို့ ခေါ်ဆိုခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဦးဇိနတည်ခဲ့တဲ့ စေတီဟောင်းကို အသောက မင်းကြီး တည်ထား ခဲ့တဲ့ ဆံတော်ကိန်းဝပ်လျက်ရှိတဲ့ စေတီလို့လည်း ယုံကြည်မှုတွေ ရှိခဲ့ ကြတယ်လို့ သိရပါတယ်။

ထိုစေတီတော်ကို သွားရောက် ဖူးမြော်ကြသူတွေလည်း ရှိကြပြီးတော့ သွားရောက်ဖူးမြော်သူ တစ်ဦးကတော့ ဘုရား ဖူးမြော်စဉ် မှာ ထူးဆန်း တဲ့ အဖြစ်အပျက် တစ်ခုနဲ့ ကြုံခဲ့ရပါတယ်။

အဲတာကတော့ စေတီတော်ကို ဖူးမြော်စဉ်မှာ မျက်နှာတော်ပေါ်လာပြီး မျက်နှာတော်ကိုပါ ဖူးမြော်ခွင့်ရခဲ့တာပါ။

ဒီအကြောင်းကို ဓာတ်ပုံတွေနဲ့ တကွ အဆိုပါဖူးမြော်သူက ခုလို ပြောဆိုထားပါတယ် မော်လမြိုင် ဦးဇိနဘုရား သွားဖူးတာ မျက်နှာတော်ပါ ဖူးမြင်ခဲ့ရတယ် ဆိုပြီး

ထူးခြားတဲ့ တန်ခိုးတော် ကို ဖော်ပြ ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းဟာ လူမှုကွန်ရက်မှာလည်း ပြန့်နှံ့နေပြီး ဓာတ်ပုံထဲက တစ်ဆင့် ဖူးမြော်သူတွေများပြားနေပါတယ်။

ပရိသတ်ကြီး တို့လည်း တန်ခိုးတော်ကြီးမားတဲ့ စေတီတော်ကြီးကို ဖူးမြော်နိုင်အောင် ဓာတ်ပုံလေးတွေ ပြန်လည်ဝေမျှ လိုက်ပါတယ်နော်။

ကိုယ်တိုင် သွားမဖူးနိုင်တဲ့ သူတွေ ဖူး ရအောင်လည်း ပြန်လည် Share ပေး ခဲ့ ကြဖို့ မမေ့ပါနဲ့နော်။

Credit – Source