News

လေးကေ့ကော်ဒေသခံ စစ်ရှောင်များ ပြန်လာနိုင်ကြောင်း မှဲ့တစ်ပေါက် မစွန်းရပါဘူးဆိုပီး လိုက်အော်နေတဲ့ (ရုပ်သံ)

လေးကေ့ကော်ဒေသခံ စစ်ရှောင်များ ပြန်လာနိုင်ကြောင်း မှဲ့တစ်ပေါက် မစွန်းရပါဘူးဆိုပီး လိုက်အော်နေတဲ့ (ရုပ်သံ)

အာဏာသိမ်း စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသော

လေးကေ့ကော် ဒေသခံများ နေရပ်သို့ ပြန်လည် နေထိုင်နိုင်ကြောင်း စစ်ကောင်စီက ကြေညာသည်။

စစ်ကောင်စီတပ်သားများ နှင့် ထွေအုပ်ရုံး ဝန်ထမ်းများက ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် မြဝတီခရိုင်အတွင်း ကားဖြင့် လိုက်လံကြေညာနေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦး ပေးပို့သည့် ရုပ်သံဖိုင်တွင် “စစ်တပ်က နယ်မြေရှင်းလင်းခြင်းမှာ NUG အမည်ခံ PDF သောင်းကျန်းသူများကို ရှာဖွေတိုက်ခိုက်ရခြင်း ဖြစ်တယ်။

ဒီအဖွဲ့တွေနဲ့ ပူးပေါင်းတဲ့ အဖွဲ့တွေ ပါဝင် လာသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ပါတယ်။ ယခု မိမိတို့ နေရပ်သို့ ပြန်လည် ဝင်ရောက် လာနိုင်ကြပြီ ဖြစ်ပါတယ်။

မှဲ့တစ်ပေါက် မစွန်းရပါဘူးခင်ဗျာ” ဟု ကရင်-မြန်မာ နှစ်ဘာသာဖြင့် လိုက်လံ ကြေညာနေသည်ကို တွေ့ရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးတိမ်းရှောင်လာသူတွေကို ထိုင်းစစ်တပ်နဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေက

ကျန်းမာရေးနဲ့ကယ်ဆယ်ရေး စောင့်ရှောက်မှုတွေပေးနေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။

လေးကေ့ကော်တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို ထိုင်းနိုင်ငံ၊ တက်ခရိုင်ထဲက နေရာငါးခုမှာ ထိုင်းအာဏာပိုင်တွေက နေရာချထားပေးခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် မဲဆောက်ဆေးရုံကဆရာဝန်တွေနဲ့ သူနာပြုတွေကလည်း မြန်မာစစ်ရှောင်တွေရဲ့ကျန်းမာရေးကိစ္စတွေကို တာဝန်ယူထားတယ်လို့ မဲဆောက်မီဒီယာက သတင်းဖော်ပြပါတယ်။

လက်ရှိမှာ လေးကေ့ကော် ဘက်ခြမ်းမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/KNU တိုက်ပွဲတွေ ပြန်ငြိမ်နေပြီဖြစ်လို့ စစ်ရှောင်လာကြတဲ့ဒေသခံတွေထဲက

လူပေါင်း တစ်ထောင်ကျော်ဟာ သဘောဆန္ဒအလျောက်နေရပ်ပြန်လာပြီဖြစ်ပေမဲ့ ထိုင်းဘက်ခြမ်းရောက်နေတဲ့ဒေသခံ ၆ ထောင်ကျော်ရှိနေဆဲဖြစ်ပါတယ်။

ရုပ်သံကြည့်ရန်

Credit – Mizzima

Zawgyi Version

ေလးေက့ေကာ္ေဒသခံ စစ္ေ႐ွာင္မ်ား ျပန္လာႏိုင္ေၾကာင္း မွဲ႔တစ္ေပါက္ မစြန္းရပါဘူးဆိုပီး လိုက္ေအာ္ေနတဲ့ (႐ုပ္သံ)

အာဏာသိမ္း စစ္တပ္ႏွင့္ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ပူးေပါင္း တပ္ဖြဲ႕မ်ားအၾကား ျဖစ္ပြားေသာ တိုက္ပြဲမ်ားေၾကာင့္ ေနရပ္စြန္႔ခြာ တိမ္းေ႐ွာင္ေနရေသာ

ေလးေက့ေကာ္ ေဒသခံမ်ား ေနရပ္သို႔ ျပန္လည္ ေနထိုင္ႏိုင္ေၾကာင္း စစ္ေကာင္စီက ေၾကညာသည္။

စစ္ေကာင္စီတပ္သားမ်ား ႏွင့္ ေထြအုပ္႐ုံး ဝန္ထမ္းမ်ားက ယမန္ေန႔ ဒီဇင္ဘာလ ၂၈ ရက္တြင္ ျမဝတီခ႐ိုင္အတြင္း ကားျဖင့္ လိုက္လံေၾကညာေနျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ေဒသခံတစ္ဦး ေပးပို႔သည့္ ႐ုပ္သံဖိုင္တြင္ “စစ္တပ္က နယ္ေျမ႐ွင္းလင္းျခင္းမွာ NUG အမည္ခံ PDF ေသာင္းက်န္းသူမ်ားကို ႐ွာေဖြတိုက္ခိုက္ရျခင္း ျဖစ္တယ္။

ဒီအဖြဲ႕ေတြနဲ႔ ပူးေပါင္းတဲ့ အဖြဲ႕ေတြ ပါဝင္ လာသျဖင့္ တိုက္ခိုက္ရျခင္း ျဖစ္ပါတယ္။ ယခု မိမိတို႔ ေနရပ္သို႔ ျပန္လည္ ဝင္ေရာက္ လာႏိုင္ၾကၿပီ ျဖစ္ပါတယ္။

မွဲ႔တစ္ေပါက္ မစြန္းရပါဘူးခင္ဗ်ာ” ဟု ကရင္-ျမန္မာ ႏွစ္ဘာသာျဖင့္ လိုက္လံ ေၾကညာေနသည္ကို ေတြ႕ရသည္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ေတာင္ဘက္က ေလးေက့ေကာ္တိုက္ပြဲေတြေၾကာင့္ ထိုင္းႏိုင္ငံဘက္ျခမ္း ထြက္ေျပးတိမ္းေ႐ွာင္လာသူေတြကို ထိုင္းစစ္တပ္နဲ႔ နယ္စပ္လုံျခဳံေရးတပ္ဖြဲ႕ေတြက

က်န္းမာေရးနဲ႔ကယ္ဆယ္ေရး ေစာင့္ေ႐ွာက္မႈေတြေပးေနတဲ့ျမင္ကြင္းေတြျဖစ္ပါတယ္။

ေလးေက့ေကာ္တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာသူေတြကို ထိုင္းႏိုင္ငံ၊ တက္ခ႐ိုင္ထဲက ေနရာငါးခုမွာ ထိုင္းအာဏာပိုင္ေတြက ေနရာခ်ထားေပးခဲ့တာျဖစ္ပါတယ္။

ဒါ့ျပင္ မဲေဆာက္ေဆး႐ုံကဆရာဝန္ေတြနဲ႔ သူနာျပဳေတြကလည္း ျမန္မာစစ္ေ႐ွာင္ေတြရဲ႕က်န္းမာေရးကိစၥေတြကို တာဝန္ယူထားတယ္လို႔ မဲေဆာက္မီဒီယာက သတင္းေဖာ္ျပပါတယ္။

လက္႐ွိမွာ ေလးေက့ေကာ္ ဘက္ျခမ္းမွာ စစ္ေကာင္စီနဲ႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ KNLA/KNU တိုက္ပြဲေတြ ျပန္ၿငိမ္ေနၿပီျဖစ္လို႔ စစ္ေ႐ွာင္လာၾကတဲ့ေဒသခံေတြထဲက

လူေပါင္း တစ္ေထာင္ေက်ာ္ဟာ သေဘာဆႏၵအေလ်ာက္ေနရပ္ျပန္လာၿပီျဖစ္ေပမဲ့ ထိုင္းဘက္ျခမ္းေရာက္ေနတဲ့ေဒသခံ ၆ ေထာင္ေက်ာ္႐ွိေနဆဲျဖစ္ပါတယ္။

႐ုပ္သံၾကည့္ရန္

Credit – Mizzima