News

မူဆယ်မြို့တွင် စစ်တပ်နှင့် စစ်ကောင်စီ လက်အောက်ခံ တာမိုးညဲ ပြည် သူ့စစ်များ အချင်းချင်း စကားများရာမှ

မူဆယ်မြို့တွင် စစ်တပ်နှင့် စစ်ကောင်စီ လက်အောက်ခံ တာမိုးညဲ ပြည် သူ့စစ်များ အချင်းချင်း စကားများရာမှ

မူဆယ်တွင် စစ်တပ်နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ စကားများရန်ဖြစ်ပြီး တိုက်ပွဲဖြစ်၊ ပြည်သူ့စစ် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်တပ်နှင့် စစ်ကောင်စီ လက်အောက်ခံ တာမိုးညဲ ပြည် သူ့စစ်များ အချင်းချင်း စကားများရာမှ

ယနေ့ ည ၉ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ် ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကျနော်တို့သိရတာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ စစ်တပ်နဲ့ စကားများ ရန်ဖြစ်ပြီး ထချကြတာ။

အဲဒါ တာမိုးညဲ ပြည်သူ့စစ် ၁ ဦးသေတယ်။ ၃ ဦးဒဏ်ရာရတယ်။ မင်္ဂလာ မူဆယ်နားက သေနတ်ပစ်ကစားကွင်းထဲမှာဖြစ်ကြတာ။

အခု စစ်တပ် တပ်ရင်းမှူးရောက်ပြီး သူတို့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စကားများနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သေနတ်သံများမကြားရတော့ဘဲ မူဆယ်မြို့တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်များအကြား ညှိနှိုင်းနေကြကြောင်း သိရှိရသည်။

မူဆယ္ၿမိဳ႕တြင္ စစ္တပ္ႏွင့္ စစ္ေကာင္စီ လက္ေအာက္ခံ တာမိုးညဲ ျပည္ သူ႕စစ္မ်ား အခ်င္းခ်င္း စကားမ်ားရာမွ

မူဆယ္တြင္ စစ္တပ္ႏွင့္ စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႕စစ္မ်ား စကားမ်ားရန္ျဖစ္ၿပီး တိုက္ပြဲျဖစ္၊ ျပည္သူ႕စစ္ ၁ ဦးေသဆုံးၿပီး ၃ ဦးဒဏ္ရာရ

ရန္ကုန္၊ ဒီဇင္ဘာ ၂၉

႐ွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕တြင္ စစ္တပ္ႏွင့္ စစ္ေကာင္စီ လက္ေအာက္ခံ တာမိုးညဲ ျပည္ သူ႕စစ္မ်ား အခ်င္းခ်င္း စကားမ်ားရာမွ

ယေန႔ ည ၉ နာရီဝန္းက်င္တြင္ တိုက္ပြဲျဖစ္ၿပီး ျပည္သူ႕စစ္ ၁ ဦးေသဆုံးကာ ၃ ဦးဒဏ္ရာရ႐ွိေၾကာင္း ေဒသခံမ်ားထံမွ သိ႐ွိရသည္။

“က်ေနာ္တို႔သိရတာက စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႕စစ္နဲ႔ စစ္တပ္နဲ႔ စကားမ်ား ရန္ျဖစ္ၿပီး ထခ်ၾကတာ။

အဲဒါ တာမိုးညဲ ျပည္သူ႕စစ္ ၁ ဦးေသတယ္။ ၃ ဦးဒဏ္ရာရတယ္။ မဂၤလာ မူဆယ္နားက ေသနတ္ပစ္ကစားကြင္းထဲမွာျဖစ္ၾကတာ။

အခု စစ္တပ္ တပ္ရင္းမႉးေရာက္ၿပီး သူတို႔လက္ေအာက္ခံ ျပည္သူ႕စစ္အဖြဲ႕ေတြနဲ႔ စကားမ်ားေနၾကတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

လက္႐ွိတြင္ ေသနတ္သံမ်ားမၾကားရေတာ့ဘဲ မူဆယ္ၿမိဳ႕တြင္ စစ္ေကာင္စီတပ္မ်ားႏွင့္ ျပည္သူ႕စစ္မ်ားအၾကား ညႇိႏိႈင္းေနၾကေၾကာင္း သိ႐ွိရသည္။