Funny

ယနေ့ နံနက်ခင်းမှာ ဖြစ်ပွားခဲ့တဲ့ တောင်ကြီးက ကြောက်စရာဖြစ်ရပ်

ယနေ့ နံနက်ခင်းမှာ ဖြစ်ပွားခဲ့တဲ့ တောင်ကြီးက ကြောက်စရာဖြစ်ရပ်

၃၀.၁၂.၂၀၂၁ ရက်နေ့ မနက် ရနာရီခွဲလောက် စစ်စံထွန်းဈေးနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်းဈေးရှေ့နားမှာ လူတွေအထိတ်တလန့်နဲ့ အုန်းအုန်းကျက်ကျက်ဖြစ်နေတာတွေ့လို့ ကိုယ်လဲ စပ်စုချင်တာနဲ့ ပြေးသွားလိုက်တယ်။

အနားရောက်တော့ ၄/၅ နှစ်အရွယ် ကလေးငယ် တစ်ယောက် တရှုံ့ရှုံ့နဲ့ငိုနေတာတွေ့လို့ တစ်ချို့လူကြီးတွေက ဝိုင်းပြီး မေးမြန်းနေကြတယ်…..။

မိဘနဲ့ဈေးထဲမှာ ကွဲသွားတာလား.. မိဘတွေက ကလေးကိုဂရုမစိုက်ဘူး… သားကဘယ်မှာနေတာလဲ… ဘယ်သူကအနိုင်ကျင့်လိုက်လို့လဲ..

ဒီလောက်လူတွေအများကြီးရှိတာ လုပ်ရဲတာ အံ့ဩပါ့တော် ဈေးကသက်ဆိုင်ရာလူကြီးတွေကိုအကြောင်းကြား.. သူလာတဲ့နေရာကိုပြန်လိုက်ကြည့်..

ရဲခေါ်မှရမှာ…ဘာလုပ်မယ် ညာလုပ်မယ် စသဖြင့် အမျိုးမျိုးဝေဖန်အကြံပေး ဆရာကြီးလုပ်တဲ့သူလုပ်..။

ထုံးစံအတိုင်း ကလေးကိုဓာတ်ပုံရိုက်တဲ့သူကရိုက်… ဖုန်းဆက်တဲ့သူကဆက်… ဆူညံပွက်လောရိုက်နေကြတယ်…။

အဲ့ဒီ အချိန်မှာ ကလေးအမေအရွယ် အမျိုးသမီးတစ်ယောက်က ကလေးကိုချော့မော့ပြီးသား ဘာဖြစ်တာလဲ..

မကြောက်နဲ့ အန်တီတို့ကို ပြောပြ အန်တီတို့ကူညီပေးမယ်…ဆိုလိုက်တော့..။

ကလေးက ငိုနေတာရပ်ပြီး မျက်လုံးလေးအဝိုင်းသားနဲ့ စကားမပီတပီ တိုးတိုးလေးပြန်ပြောတယ်..။

သားသား.ယဥ..အရှိတော့ဝူးတဲ့…. ဟာ…..ဆိုပြီး ကြည့်နေတဲ့လူတွေအကုန်လုံး အံ့ဩတုန်လှုပ်ပြီး အာမေဋိတ်ကိုယ်စီ ထွက်လာကြတယ်..။

သွားပြီ… ကလေးသူခိုးတွေ ကလေးရဲ့ယဥကို ခွဲထုတ်ပြီး ရောင်းစားဖို့ မိုက်မိုက်ရိုင်းရိုင်း လုက်ရက်လေခြင်းပေါ့…။

အဲ့ဒါနဲ့ ကလေးရဲ့ဘောင်းဘီကို ချွတ်ပြီးကြည့်လိုက်တော့… ဟုတ်ပါတယ်..။ရွှေပန်းငေါက်တောက်ကလေးပဲကျန်ပြီး..တကယ်လည်း..ယဥ နှစ်လုံးက မရှိတော့ပါဘူး…။

ဘေးကလူတေကုန်လုံး ဘာလုပ်ရမှန်းမသိပဲ ရုတ်ရုတ်သဲသဲဖြစ်နေတုန်း… လူကြီးတစ်ယောက်က လက်ဖက်ရည်ဆိုင်ထဲက မပူ့တပူရေနွေးတစ်ခွက်ယူပြီးကလေးရဲ့ ယဥရှိတဲ့နေရာကိုလောင်းချလိုက်ပါတယ်…။

ခဏနေတော့ ကလေးရဲ့ယဥလေးနှစ်လုံး ပြန်ထွက်လာမှပဲ အဲ့ကလေးလဲ… သားသားရဲ့ ယဥ ပြန်ထွက်လာပြီ လို့ဝမ်းသာအားရအော်ပြီး ဈေးထောင့်က အိမ်ထဲပြေးဝင်သွားပါတယ်..။

အဲ့ကျမှ ဝိုင်းကြည့်နေတဲ့လူတွေလည်း သက်ပြင်းကိုယ်စီချပြီးဈေးဝယ်တဲ့သူကဝယ်.. လုပ်စရာရှိတာလုပ်ဖို့ သတိရကာ ပြန်ထွက်သွားကြပါတော့တယ်…။

အဲ….အဓိကပြောချင်တာက..တောင်ကြီးမှာ..အေးနေပါပြီလို့..နွေးနွေးထွေးထွေးနေပြီး ကျန်းမာရေးဂရုစိုက်ပါလို့…ပြောချင်တာ….

စာဖတ်သူတွေအားလုံးလဲ… ကိုယ့်ရဲ့သက်ဆိုင်ရာ ယဥလေးတွေကို ဂရုစိုက်ကြဖို့ သတိပေးပါရစေ…။

ဆဲချင်လည်း ဖြေးဖြေးဆဲပါနော့် 😂

credit




















credit