ကြားသိရသမျှ

စစ်​ကောင်စီတပ် သူ့လူသူမထိန်းနိုင်​တော့ဟု ပြည်သူများ​ပြော…

စစ်​ကောင်စီတပ် သူ့လူသူမထိန်းနိုင်​တော့ဟု ပြည်သူများ​ပြော…

မူဆယ်တွင်အာဏာသိမ်းစစ်‌ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှုကြောင့် လူသေဆုံးသည်ဖြစ်စဉ်ကို လာစစ်ဆေးသည့် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအား

ပြည်သူ့စစ်က မောင်းထုတ်ခဲ့သောကြောင့် စစ်တပ်သည် သူ့လူသူ ထိန်းမနိုင်တော့သည့် အခြေအနေ ဖြစ်နေပြီဟု ဒေသခံများကပြောသည်။

မူဆယ်မြို့ မဂ်လာမူဆယ်အိမ်ယာရှိ ပြည်သူ့စစ်ပိုင် လောင်းကစားရုံတစ်ခုတွင် ပန်ဆေးပြည်သူ့စစ်နှင့်တာမိုးညဲပြည်သူ့စစ်တို့ကြား ယမန်နေ့(ဒီဇင်ဘာ ၂၉)ည ရှစ်နာရီခန့်က

စကားများခိုက်ရန်ဖြစ်ပွားရာမှ နှစ်ဖက်ကြားပစ်ခတ်တိုက် ခိုက်မှုဖြစ်ခဲ့သည်။

ပြည်သူ့စစ် တစ်ဦးသေပြီးရဲ တစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရခဲ့သည့် ယင်းဖြစ်စဉ်ကို မူဆယ်အခြေစိုက် စစ်ကောင်စီတပ်၏တပ်ရင်းမှုးက လာစစ်ဆေးသည့်အအခါ

ပြည်သူ့စစ်များက လက်မခံခဲ့ဘဲ နှင်ထုတ်ခဲ့သည်ကို တွေ့ရသည်ဟု ဒေသခံများကပြောသည်။

“တပ်ရင်းမှူးက လာစစ်တာကို ပြည်သူ့စစ်က လက်မခံဘူး။ စကားများကြတယ်။ ငါ့ကို ပစ်ချင်ပစ်လို့ တပ်ရင်းမှူးကပြောတာလည်း ကြားလိုက်ရတယ်။

သေချာတာက စစ်တပ်က သူမွေးတဲ့ မျောက်သူမနိုင်တော့ဘူး။ သူတို့အချင်းချင်းလည်း မတည့်ကြ‌တော့ဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငယ်များကို စစ်တပ်ကပြည်သူ့စစ်အဖွဲ့များအဖြစ် လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများပေးကာ၎င်းတို့၏လက်အောက်ခံအဖွဲ့ များအဖြစ် အသွင်ပြောင်ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။

ပြည်သူ့စစ်များကို မြို့တွင်း သွားလာရာ၌ ယူနီဖောင်းဝတ်ဆင်ခြင်းနှင့် သေနတ်ကိုင်ဆောင်ခြင်းကို စစ်တပ်က ပိတ်ပင်ထားသော်လည်း ယခုအခါ ယင်းအချက်ကိုလည်း ပြည်သူ့စစ်များက

နားမထောင်တော့ဟု ဒေသခံများကပြောသည်။ ယမန်နေ့ညက ရန်ပွဲတွင် လည်း ပြည်သူ့စစ် အဖွဲ့ဝင်အချို့သည် အကြမ်းဖက်စစ်ကောင်စီဝတ်စုံများဝတ်ထားသည်ကိုတွေ့ရသည်။

“စစ်တပ်က ဘာ ပါဝါမှမရှိတော့ဘူး။ ပြည်သူ့စစ်တွေကလည်း အရင်ကထက် ပိုပြီး ခေါင်းထောင်လာတယ်။

လူထုအတွက်ကတော့ ထူးပြီး မနစ်နာဘူး။ စစ်ကောင်စီဘာဩဇာမှမရှိတော့တာတော့ သိသာတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မူဆယ်တွင် ယမန်နေ့ညက ပြည်သူ့စစ်အချင်းချင်း တစ်ချိန်တည်းတွင် သုံးနေရာ၍ ပစ်ခတ်မှုဖြစ်ခဲ့သည်။

တပ်ရင်းမှုးကိုမောင်းထုတ်ခဲ့သည့် ပြည်သူ့စစ်က ၎င်းတို့ချင်း ပစ်ခတ်မှုကြောင့် လူသေဆုံးမှုကို မည်သူ့ကိုမျှ သတင်းယူခွင့် မပေးခဲ့ချေ။

(ဗီဒီယို – ပြည်သူ့စစ်အဖွဲ့ဝင်များအချင်းချင်း လောင်ကစားရုံအနီး ခိုက်ရန်ဖြစ်ပွားနေစဉ်။ ခိုက်ရန်ဖြစ်ပွားရာမှ အပြန်အလှန် မိနစ်အတန်ကြာ ပစ်ခတ်ကြသောတိုက်ပွဲငယ်အထိ ပြင်းထန်ခဲ့သည်။)

#လူထုနွေဦး

Zawgyi Version

စစ္​ေကာင္စီတပ္ သူ႕လူသူမထိန္းႏိုင္​ေတာ့ဟု ျပည္သူမ်ား​ေျပာ…

မူဆယ္တြင္အာဏာသိမ္းစစ္‌ေကာင္စီတပ္လက္ေအာက္ခံ ျပည္သူ႕စစ္အခ်င္းခ်င္း ပစ္ခတ္မႈေၾကာင့္ လူေသဆုံးသည္ျဖစ္စဥ္ကို လာစစ္ေဆးသည့္ စစ္ေကာင္စီတပ္မွ တပ္ရင္းမႉးအား

ျပည္သူ႕စစ္က ေမာင္းထုတ္ခဲ့ေသာေၾကာင့္ စစ္တပ္သည္ သူ႕လူသူ ထိန္းမႏိုင္ေတာ့သည့္ အေျခအေန ျဖစ္ေနၿပီဟု ေဒသခံမ်ားကေျပာသည္။

မူဆယ္ၿမိဳ႕ မဂ္လာမူဆယ္အိမ္ယာ႐ွိ ျပည္သူ႕စစ္ပိုင္ ေလာင္းကစား႐ုံတစ္ခုတြင္ ပန္ေဆးျပည္သူ႕စစ္ႏွင့္တာမိုးညဲျပည္သူ႕စစ္တို႔ၾကား ယမန္ေန႔(ဒီဇင္ဘာ ၂၉)ည ႐ွစ္နာရီခန္႔က

စကားမ်ားခိုက္ရန္ျဖစ္ပြားရာမွ ႏွစ္ဖက္ၾကားပစ္ခတ္တိုက္ ခိုက္မႈျဖစ္ခဲ့သည္။

ျပည္သူ႕စစ္ တစ္ဦးေသၿပီးရဲ တစ္ဦးအပါအဝင္ သုံးဦးဒဏ္ရာရခဲ့သည့္ ယင္းျဖစ္စဥ္ကို မူဆယ္အေျခစိုက္ စစ္ေကာင္စီတပ္၏တပ္ရင္းမႈးက လာစစ္ေဆးသည့္အအခါ

ျပည္သူ႕စစ္မ်ားက လက္မခံခဲ့ဘဲ ႏွင္ထုတ္ခဲ့သည္ကို ေတြ႕ရသည္ဟု ေဒသခံမ်ားကေျပာသည္။

“တပ္ရင္းမႉးက လာစစ္တာကို ျပည္သူ႕စစ္က လက္မခံဘူး။ စကားမ်ားၾကတယ္။ ငါ့ကို ပစ္ခ်င္ပစ္လို႔ တပ္ရင္းမႉးကေျပာတာလည္း ၾကားလိုက္ရတယ္။

ေသခ်ာတာက စစ္တပ္က သူေမြးတဲ့ ေမ်ာက္သူမႏိုင္ေတာ့ဘူး။ သူတို႔အခ်င္းခ်င္းလည္း မတည့္ၾက‌ေတာ့ဘူး”ဟု ေဒသခံတစ္ဦးကေျပာသည္။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ငယ္မ်ားကို စစ္တပ္ကျပည္သူ႕စစ္အဖြဲ႕မ်ားအျဖစ္ လုပ္ပိုင္ခြင့္ႏွင့္ အခြင့္အေရးမ်ားေပးကာ၎တို႔၏လက္ေအာက္ခံအဖြဲ႕ မ်ားအျဖစ္ အသြင္ေျပာင္ဖြဲ႕စည္းေပးထားျခင္းျဖစ္သည္။

ျပည္သူ႕စစ္မ်ားကို ၿမိဳ႕တြင္း သြားလာရာ၌ ယူနီေဖာင္းဝတ္ဆင္ျခင္းႏွင့္ ေသနတ္ကိုင္ေဆာင္ျခင္းကို စစ္တပ္က ပိတ္ပင္ထားေသာ္လည္း ယခုအခါ ယင္းအခ်က္ကိုလည္း ျပည္သူ႕စစ္မ်ားက

နားမေထာင္ေတာ့ဟု ေဒသခံမ်ားကေျပာသည္။ ယမန္ေန႔ညက ရန္ပြဲတြင္ လည္း ျပည္သူ႕စစ္ အဖြဲ႕ဝင္အခ်ိဳ႕သည္ အၾကမ္းဖက္စစ္ေကာင္စီဝတ္စုံမ်ားဝတ္ထားသည္ကိုေတြ႕ရသည္။

“စစ္တပ္က ဘာ ပါဝါမွမ႐ွိေတာ့ဘူး။ ျပည္သူ႕စစ္ေတြကလည္း အရင္ကထက္ ပိုၿပီး ေခါင္းေထာင္လာတယ္။

လူထုအတြက္ကေတာ့ ထူးၿပီး မနစ္နာဘူး။ စစ္ေကာင္စီဘာဩဇာမွမ႐ွိေတာ့တာေတာ့ သိသာတယ္”ဟု ေဒသခံတစ္ဦးကေျပာသည္။

မူဆယ္တြင္ ယမန္ေန႔ညက ျပည္သူ႕စစ္အခ်င္းခ်င္း တစ္ခ်ိန္တည္းတြင္ သုံးေနရာ၍ ပစ္ခတ္မႈျဖစ္ခဲ့သည္။

တပ္ရင္းမႈးကိုေမာင္းထုတ္ခဲ့သည့္ ျပည္သူ႕စစ္က ၎တို႔ခ်င္း ပစ္ခတ္မႈေၾကာင့္ လူေသဆုံးမႈကို မည္သူ႕ကိုမွ် သတင္းယူခြင့္ မေပးခဲ့ေခ်။

(ဗီဒီယို – ျပည္သူ႕စစ္အဖြဲ႕ဝင္မ်ားအခ်င္းခ်င္း ေလာင္ကစား႐ုံအနီး ခိုက္ရန္ျဖစ္ပြားေနစဥ္။ ခိုက္ရန္ျဖစ္ပြားရာမွ အျပန္အလွန္ မိနစ္အတန္ၾကာ ပစ္ခတ္ၾကေသာတိုက္ပြဲငယ္အထိ ျပင္းထန္ခဲ့သည္။)

#လူထုေႏြဦး