Cele News

မတရားခံရသူ သားဖြစ်သူ ပိုင်တံခွန် အတွက် မိခင်ဖြစ်သူရဲ့ခံစားချက်…

မတရားခံရသူ သားဖြစ်သူ ပိုင်တံခွန် အတွက် မိခင်ဖြစ်သူရဲ့ခံစားချက်…

ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် မော်ဒယ်မင်းသားချော ပိုင်တံခွန် ကတော့

ပုဒ်မ ၅၀၅ က နိုင်ငံတော်အကြည်ညိုပျက်စေမှု့နဲ့ တရားစွဲဆိုခံထားရပြီးနောက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။

ဒီသတင်းကြောင့် ပိုင်တံခွန် ကိုချစ်တဲ့ပရိသတ်တွေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းမှ မိတ်ဆွေအချို့ကတော့ အရမ်းကိုစိတ်မကောင်းဖြစ်နေကြရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရပြီး နောက်နေ့မှာတော့ ပိုင်တံခွန် ဟာ မျက်နှာဆွဲဆောင်မှု့အရှိဆုံး စာရင်းမှာအခြားနိုင်ငံက နာမည်ကြီးအနုပညာရှင်တွေကိုကျော်ပြီး နံပါတ်တစ်စာရင်းဝင်ခဲ့ပါတယ်။

ဒါကြောင့်လဲ ချစ်တဲ့ပရိသတ်တွေက နှမြောတသဖြစ်ကြရပြန်ပါတယ်။ ပိုင်တံခွန် ရဲ့မိခင်ကြီးကတော့ သားဖြစ်သူအတွက် ခံစားချက်တစ်ချို့ ခံစားနေရပါတယ်။

ကမ္ဘာ့နိုင်ငံတွေထိ နာမည်ကြီးကျော်ကြားတဲ့ မော်ဒယ်မင်းသားချော ပိုင်တံခွန် ဟာ မိဘကိုသိတတ်လွန်းသူ တစ်ဦးဖြစ်ပြီး မိခင်ကိုအရမ်းချစ်တဲ့ သားတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့်လဲ ပိုင်တံခွန် နေအိမ်မှာ ဖမ်းဆီးခံရပြီးနောက် မိခင်ဖြစ်သူဟာ ဆီးချိုရောဂါအခံနဲ့ အိပ်ယာထဲလဲခဲ့ရပါတယ်။

ဆီးချိုရောဂါကြောင့် ဆေးရုံကိုရက်ရှည်တတ်ရောက်ကုသခဲ့ပြီး ပိုင်တံခွန် ရဲ့ အစ်မဖြစ်သူ မေချစ်သွေးက ပြုစုမှု့တွေကြောင့် အနည်းငယ်ကျန်းမာရေးကောင်းလာခဲ့ပါတယ်။

ပိုင်တံခွန် ရဲ့ သတင်းတွေကြောင့် မိခင်ဖြစ်သူရုတ်တရတ် ကျန်းမာရေးထိခိုက်သွားမှာကို စိုးရိမ်နေကြပါတယ်။

ဒါပေမယ့် မိခင်ဖြစ်သူကတော့ သားအတွက် ဂုဏ်ယူတယ်ဆိုတဲ့အကြောင်းကို “သားအတွက် မေမေဂုဏ်ယူပါတယ် သားရေ…

ဂုဏ်ယူရတဲ့မေမေ့သားအတွက် မေမေ ကျန်းမာအောင်နေပါ့မယ်” လို့ ပိုင်တံခွန် ရဲ့မိခင်ဖြစ်သူ စိတ်ထားကြောင့် အားလုံးက စိတ်အေးကြရပါတယ်။

ပရိသတ်ကြီးရေ မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် အတွက် ဂုဏ်ယူနေတဲ့ မိခင်ဖြစ်သူ ရဲ့စိတ်ထားကတော့ အရမ်းကိုချီးကျူးလေးစားဖွယ်ကောင်းပါတယ်။

ဒါကြောင့် ပိုင်တံခွန် အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး မိသားစုနဲ့ ဆုံစည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZAWGYI VERSION

မတရားခံရသူ သားျဖစ္သူ ပိုင္တံခြန္ အတြက္ မိခင္ျဖစ္သူရဲ႕ခံစားခ်က္…

ပရိသတ္ႀကီးေရ ျပည္သူ႕အခ်စ္ေတာ္ ေမာ္ဒယ္မင္းသားေခ်ာ ပိုင္တံခြန္ ကေတာ့

ပုဒ္မ ၅၀၅ က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ႕နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။

ဒီသတင္းေၾကာင့္ ပိုင္တံခြန္ ကိုခ်စ္တဲ့ပရိသတ္ေတြနဲ႔ အႏုပညာ႐ွင္အသိုင္းအဝိုင္းမွ မိတ္ေဆြအခ်ိဳ႕ကေတာ့ အရမ္းကိုစိတ္မေကာင္းျဖစ္ေနၾကရပါတယ္။

ေထာင္ဒဏ္ခ်မွတ္ခံရၿပီး ေနာက္ေန႔မွာေတာ့ ပိုင္တံခြန္ ဟာ မ်က္ႏွာဆြဲေဆာင္မႈ႕အ႐ွိဆုံး စာရင္းမွာအျခားႏိုင္ငံက နာမည္ႀကီးအႏုပညာ႐ွင္ေတြကိုေက်ာ္ၿပီး နံပါတ္တစ္စာရင္းဝင္ခဲ့ပါတယ္။

ဒါေၾကာင့္လဲ ခ်စ္တဲ့ပရိသတ္ေတြက ႏွေျမာတသျဖစ္ၾကရျပန္ပါတယ္။ ပိုင္တံခြန္ ရဲ႕မိခင္ႀကီးကေတာ့ သားျဖစ္သူအတြက္ ခံစားခ်က္တစ္ခ်ိဳ႕ ခံစားေနရပါတယ္။

ကမ႓ာ့ႏိုင္ငံေတြထိ နာမည္ႀကီးေက်ာ္ၾကားတဲ့ ေမာ္ဒယ္မင္းသားေခ်ာ ပိုင္တံခြန္ ဟာ မိဘကိုသိတတ္လြန္းသူ တစ္ဦးျဖစ္ၿပီး မိခင္ကိုအရမ္းခ်စ္တဲ့ သားတစ္ဦးျဖစ္ပါတယ္။

ဒါေၾကာင့္လဲ ပိုင္တံခြန္ ေနအိမ္မွာ ဖမ္းဆီးခံရၿပီးေနာက္ မိခင္ျဖစ္သူဟာ ဆီးခ်ိဳေရာဂါအခံနဲ႔ အိပ္ယာထဲလဲခဲ့ရပါတယ္။

ဆီးခ်ိဳေရာဂါေၾကာင့္ ေဆး႐ုံကိုရက္႐ွည္တတ္ေရာက္ကုသခဲ့ၿပီး ပိုင္တံခြန္ ရဲ႕ အစ္မျဖစ္သူ ေမခ်စ္ေသြးက ျပဳစုမႈ႕ေတြေၾကာင့္ အနည္းငယ္က်န္းမာေရးေကာင္းလာခဲ့ပါတယ္။

ပိုင္တံခြန္ ရဲ႕ သတင္းေတြေၾကာင့္ မိခင္ျဖစ္သူ႐ုတ္တရတ္ က်န္းမာေရးထိခိုက္သြားမွာကို စိုးရိမ္ေနၾကပါတယ္။

ဒါေပမယ့္ မိခင္ျဖစ္သူကေတာ့ သားအတြက္ ဂုဏ္ယူတယ္ဆိုတဲ့အေၾကာင္းကို “သားအတြက္ ေမေမဂုဏ္ယူပါတယ္ သားေရ…

ဂုဏ္ယူရတဲ့ေမေမ့သားအတြက္ ေမေမ က်န္းမာေအာင္ေနပါ့မယ္” လို႔ ပိုင္တံခြန္ ရဲ႕မိခင္ျဖစ္သူ စိတ္ထားေၾကာင့္ အားလုံးက စိတ္ေအးၾကရပါတယ္။

ပရိသတ္ႀကီးေရ ေမာ္ဒယ္ သ႐ုပ္ေဆာင္ ပိုင္တံခြန္ အတြက္ ဂုဏ္ယူေနတဲ့ မိခင္ျဖစ္သူ ရဲ႕စိတ္ထားကေတာ့ အရမ္းကိုခ်ီးက်ဴးေလးစားဖြယ္ေကာင္းပါတယ္။

ဒါေၾကာင့္ ပိုင္တံခြန္ အျမန္ဆုံးျပန္လည္လြတ္ေျမာက္ၿပီး မိသားစုနဲ႔ ဆုံစည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။