သရုပ်ဆောင် အိနြ္ဒာကျော်ဇင်နဲ့ပြေတီဦး၊ ပိုပို၊ စောဖိုးခွါး၊ မ၀င်းမင်းသန်းတို့ကို ထောင်ဒဏ်ချမှတ်…
တေးသံရှင်စောဖိုးခွါး၊ပိုပိုနဲ့ ဗြူးတီး ဘလော့ဂါ မဝင်းမင်းသန်းတို့လည်း အလားတူ ပြစ်ဒဏ်တွေ ချမှတ်ခံရ
အာဏာသိမ်းပြီးနောက် ဧပြီလဆန်းတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ကို
အင်းစိန်ထောင်အထူးတရားရုံးကနေ ဒီနေ့ ဒီဇင်ဘာ ၃၀ ရက်မှာအလုပ်နဲ့ ထောင် ၃ နှစ်စီ ချမှတ်လိုက်ပါတယ်။
သရုပ်ဆောင်ဇနီးမောင်နှံဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းခဲ့တဲ့အပေါ် ဆန့်ကျင်တဲ့လမ်းပေါ်ဆန္ဒပြပွဲတွေမှာ အတူပါဝင်ခဲ့ကြတာဖြစ်ပြီး
စစ်ကောင်စီက သူတို့ဇနီးမောင်နှံကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ဝရမ်းထုတ်ခဲ့ပါတယ်။
အဲဒီနောက် သူတို့ဟာ ဧပြီလဆန်းပိုင်းတည်းက နေအိမ်မှာဖမ်းဆီးခံခဲ့ရပြီး အဲဒီနောက် အင်းစိန်ထောင်တွင်းမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံရပြီး ၈ လအကြာမှာ ခုလို ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရချိန်အတွင်း မင်းသမီးဟာ ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ ရုပ်ရှင်ပွဲတော်မှာ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ‘What Happened to The Wolf’ ဇာတ်ကားနဲ့
အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။
ဖမ်းဆီးခံထားရစဉ်အတွင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိခဲ့ပေမယ့် သူအပါအဝင် ဖမ်းဆီးခံထားရတဲ့ နာမည်ကြီးအနုပညာရှင်တချို့ နဲ့ ထင်ရှား တဲ့နိုင်ငံရေးသမားတွေ၊
တက်ကြွလှုပ်ရှားသူတွေကတော့ အဲဒီစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့သလို ခုရက်ပိုင်းမှာ အဲဒီဖမ်းဆီး ထိန်းသိမ်းခံရသူတွေထဲ ကတချို့ကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို ထောင်ဒဏ်တွေချမှတ်လာခဲ့တာပါ။
အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့တေးသံရှင်တွေ ဖြစ်ကြတဲ့ စောဖိုးခွါးနဲ့ ပိုပိုတို့ကိုလည်း စစ်ကောင်စီရဲ့ထောင်တွင်းတရားရုံးကနေ အလားတူပြစ်ဒဏ်တွေကို ဒီနေ့တစ်ရက်တည်းမှာပဲ ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် ပုဒ်မ ၅၀၅-ကနဲ့ရော၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ပါ အမှုရင်ဆိုင်နေရတဲ့ လူမှုကွန်ယက်မှာနာမည်ကျော်ကြားတဲ့ အလှအပရေးရာ ဘလော်ဂါ မဝင်းမင်းသန်းကိုလည်း
ထောင်တွင်းတရားရုံးက ပုဒ်မ ၂ ခုစလုံးအတွက် ထောင် ၃ နှစ်စီချမှတ်ခဲ့တယ်လို့ သိရပါတယ်။
Credit
Zawgyi Version
သ႐ုပ္ေဆာင္ အိျႏၵာေက်ာ္ဇင္နဲ႔ေျပတီဦး၊ ပိုပို၊ ေစာဖိုးခြါး၊ မဝင္းမင္းသန္းတို႔ကို ေထာင္ဒဏ္ခ်မွတ္…
ေတးသံ႐ွင္ေစာဖိုးခြါး၊ပိုပိုနဲ႔ ျဗဴးတီး ဘေလာ့ဂါ မဝင္းမင္းသန္းတို႔လည္း အလားတူ ျပစ္ဒဏ္ေတြ ခ်မွတ္ခံရ
အာဏာသိမ္းၿပီးေနာက္ ဧၿပီလဆန္းတည္းက ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႐ုပ္႐ွင္သ႐ုပ္ေဆာင္ အိႁႏၵာေက်ာ္ဇင္နဲ႔ ေျပတီဦးတို႔ကို
အင္းစိန္ေထာင္အထူးတရား႐ုံးကေန ဒီေန႔ ဒီဇင္ဘာ ၃၀ ရက္မွာအလုပ္နဲ႔ ေထာင္ ၃ ႏွစ္စီ ခ်မွတ္လိုက္ပါတယ္။
သ႐ုပ္ေဆာင္ဇနီးေမာင္ႏွံဟာ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္က အာဏာသိမ္းခဲ့တဲ့အေပၚ ဆန္႔က်င္တဲ့လမ္းေပၚဆႏၵျပပြဲေတြမွာ အတူပါဝင္ခဲ့ၾကတာျဖစ္ၿပီး
စစ္ေကာင္စီက သူတို႔ဇနီးေမာင္ႏွံကို အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅-က နဲ႔ဝရမ္းထုတ္ခဲ့ပါတယ္။
အဲဒီေနာက္ သူတို႔ဟာ ဧၿပီလဆန္းပိုင္းတည္းက ေနအိမ္မွာဖမ္းဆီးခံခဲ့ရၿပီး အဲဒီေနာက္ အင္းစိန္ေထာင္တြင္းမွာ ထိန္းသိမ္းခံခဲ့ရပါတယ္။ ဖမ္းဆီးခံရၿပီး ၈ လအၾကာမွာ ခုလို ေထာင္ဒဏ္ခ်မွတ္ခံရတာျဖစ္ပါတယ္။
ဖမ္းဆီးခံထားရခ်ိန္အတြင္း မင္းသမီးဟာ ဂ်ာမနီႏိုင္ငံမွာ က်င္းပတဲ့ ႐ုပ္႐ွင္ပြဲေတာ္မွာ သူပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ ‘What Happened to The Wolf’ ဇာတ္ကားနဲ႔
အေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ထူးခြၽန္ဆုကိုလည္း ခ်ီးျမႇင့္ခံခဲ့ရပါတယ္။
ဖမ္းဆီးခံထားရစဥ္အတြင္း စစ္ေကာင္စီရဲ႕ လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြ ႐ွိခဲ့ေပမယ့္ သူအပါအဝင္ ဖမ္းဆီးခံထားရတဲ့ နာမည္ႀကီးအႏုပညာ႐ွင္တခ်ိဳ႕ နဲ႔ ထင္႐ွား တဲ့ႏိုင္ငံေရးသမားေတြ၊
တက္ႂကြလႈပ္႐ွားသူေတြကေတာ့ အဲဒီစာရင္းမွာ ပါဝင္ခဲ့ျခင္းမ႐ွိခဲ့သလို ခုရက္ပိုင္းမွာ အဲဒီဖမ္းဆီး ထိန္းသိမ္းခံရသူေတြထဲ ကတခ်ိဳ႕ကို စစ္ေကာင္စီက ဆက္တိုက္ဆိုသလို ေထာင္ဒဏ္ေတြခ်မွတ္လာခဲ့တာပါ။
အာဏာသိမ္းမႈကို ဆန္႔က်င္ခဲ့ၾကတဲ့ေတးသံ႐ွင္ေတြ ျဖစ္ၾကတဲ့ ေစာဖိုးခြါးနဲ႔ ပိုပိုတို႔ကိုလည္း စစ္ေကာင္စီရဲ႕ေထာင္တြင္းတရား႐ုံးကေန အလားတူျပစ္ဒဏ္ေတြကို ဒီေန႔တစ္ရက္တည္းမွာပဲ ခ်မွတ္ခဲ့ပါတယ္။
ဒါ့အျပင္ ပုဒ္မ ၅၀၅-ကနဲ႔ေရာ၊ မတရားအသင္းဆက္သြယ္မႈပုဒ္မ ၁၇(၁)နဲ႔ပါ အမႈရင္ဆိုင္ေနရတဲ့ လူမႈကြန္ယက္မွာနာမည္ေက်ာ္ၾကားတဲ့ အလွအပေရးရာ ဘေလာ္ဂါ မဝင္းမင္းသန္းကိုလည္း
ေထာင္တြင္းတရား႐ုံးက ပုဒ္မ ၂ ခုစလုံးအတြက္ ေထာင္ ၃ ႏွစ္စီခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
Credit