Astrology
ကျိုက်ထီးဆောင်းဆရာတော်မှစစ်တိုင်းမှူးဘဝကတည်းက ကြိုတင်ဟောခဲ့တဲ့ မအလရဲ့အနာဂါတ်ရှေ့ရေးများ…
ကျိုက်ထီးဆောင်းဆရာတော်မှစစ်တိုင်းမှူးဘဝကတည်းက ကြိုတင်ဟောခဲ့တဲ့ မအလရဲ့အနာဂါတ်ရှေ့ရေးများ…
မအလ စစ်တိုင်းမှုးဘဝတုန်းကထွက်ရပ်ပေါက် ကျိုက်ထီးဆောင်းဆရာတော်ကိုဖူးတော့ ဆရာတော်က မအလရှေ့ရေးကို ကြိုတင်ဟောကိန်းထုတ်ထားပြီးသား
“ယခုလက်ရှိရာထူးနေရာရဲ့ အမြင့်ဆုံးနေရာထိရောက်မယ် လောဘထပ်မကြီးဖို့ ရသင့်တာထက်ပိုလိုခြင်ရင် ပျက်စီးခြင်းတွေကြုံရမယ်နောက်ဆုံး မိမိနေရပ်ကိုစွန့်ခွာပြီးဇီဝိန်ချုပ်လိမ့်မယ်
ထွက်ပြေးရပါက တရုတ်ကိုမသွားပါနဲ့ရုရှားကိုသွားပါလို့ ” ကြိုတင်ဟောကိန်းထုတ်ထားပြီးသားပါ
ဒါကိုဆရာတော်ရဲ့တပည့်တစ်ယောက်က ပြန်လည်ဝေမျှထားတာပါ။ မအလဟာ စစ်ရဲ့အမြင့်ဆုံးစစ်ဦးစီးချုပ် လည်းဖြစ်ပြီးသွားပြီ
ဒါကိုတောင်မတင်းတိမ်နိုင်ပဲ လောဘတတ်ပြီး သမ္မတရာထူးတောင်းတယ်။မပေးတော့ အာဏာသိမ်းတယ်။
အဲ့ဒီမှာမအလ ဘဝစပျက်တာပဲကာချုပ်ဘဝတုန်းက သူဟာဘာအမှားတွေကိုကျူးလွန် ကျူးလွန် လူအများကသတိမထားမိကြဘူးရှေးက အဘတွေကလည်းသူ့လိုပဲတိုင်းပြည်ဥစ္စာ ငါ့ဥစ္စာလုပ်ခဲ့ကြတာပဲပြည်သူအားလုံးနီးပါးသိကြတယ်
အခု မအလတို့ကိုထောက်ခံနေကြသူသိပေမယ့် အများစုက မမြင်ခြင်ယောင်ဆောင်ပြီး ဘာသိဘာသာနေကြတယ်။
ထူဆန်းတဲ့အပိုင်းက အကျဘက်ရောက်နေတဲ့သူဟာ ဘာလုပ်လုပ်အကောင်းမထွက်တာ ဓမ္မတာပဲ နှစ်ပေါင်း60ကြာ ငွေ၊လက်နတ်၊ဖြည့်တင်းထားလို့သာ ဟန်မပျက်ရပ်တည်နေနိုင်သယောင်ရှိတာ။
မအလရဲ့တကယ့်အစွမ်းအဆတခုထည်းနဲ့ဆိုရင် အာဏာသိမ်းမှု့ဟာဆောင်း တွင်းအိမ်မက်ပဲ ဆရာတော်တွေက ကြိုဟောထားပြီးပါပြီမအလ လောဘကြောင့်မြန်မာ့မြေမှာခေါင်းချခွင့် မရဘူးထွက်ပြေးရမယ်။
ရွှေပေါ်ကျွန်းဆရာတော်ကလည်းပျံလွန်တော်မမူခင်ကတည်းကမြန်မာ့အရေးကိုကြိုတင် တဘောင်ထားခဲ့တာပြည်သူတွေလည်း တော်လှန်ရေးစပေါ်ကတည်းကကြားမိမှာပါ။
ဒီတော်လှန်ရေးကြောင့် ဗုဒ္ဓဘာသာအားပျော့သွားမယ် ဆိုပြီးစကစက ဘာသာရေးသွေးထိုးမှု့တွေလုပ်နေလို့ တချို့လူတွေဝေ့ဝါးသွားကြတယ်။
မြတ်စွာဘရားဗျာဒိတ်ထားခဲ့တဲ့ “ငါဘုရားရဲ့ သစ္စာလေးပါးတရားတော်တွေဟာ အနှစ်ငါးထောင်တည်မယ်။
အနှစ်ငါးထောင်ပြည့်တာနဲ့ကွယ်ပျောက်မယ်”လို့ ဧကောဓမ္မော မိန့်ကြားထားပြီးပြီ။
အခုမှနှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ပဲရှိသေးတယ်။ဘာကိုစိတ်ပူနေကြတာလဲ။နှစ်ပေါင်းတရာကျော်ကိုလိုနီဖြစ်ခဲ့တာတောင်ဗုဒ္ဓတရားတော်ကွယ်ပျောက်လို့လား
ဗုဒ္ဓကစိတ်သည်သာ ကမ္ဘာကိုလွှမ်းတယ်ဆိုတာကို မျက်ကွယ်ပြုရင်း ဘုရားတည်ကျောင်းဆောက်ရင်း အချိန်ဖြုန်းကြတယ်။တကယ့်အနှစ်သာရ သီလသမာဓိ၊ပညာပျောက်ဆုံးနေတယ်။
အခြေခံအကျဆုံးသီလတောင်ပျောက်ဆုံးနေတဲ့ အာဏာမက်မောသူတွေပြောသမျှသဘောကျနေတာကို သင်တို့ရှက်သင့်တယ်။
အခြေခံအကျဆုံး ငါးပါးသီလကို ဗုဒ္ဓက မဖြစ်မနေစောင့်ထိန်းဖို့ မှာကြားခဲ့ပြီးသား သင်တို့မြောက်ပင့်နေတဲ့အဘအုပ်စု ဘယ်နှစ်ပါးလုံခြုံသလဲ။
ကြိုက်သလောက်မိုက်ပါ မယုတ်မာမိပါစေနဲ့။လူအများရဲ့နာကျည်းမှု့က မအလအဖွဲ့ရဲ့ယုတ်မာမှုမှာ အမြုတေတာပါ။
ဒါကြောင့် ဓမ္မဘက်တော်သားတွေဘာမှအားမငယ်ပါနဲ့နှစ်ပေါင်း60ကျော်မင်းမူခဲ့တဲ့စစ်အာဏာရူးဆိုတာ တရားသဘောအရ အနိစ္စဆိုတာမလွဲမသွေကြုံမှာပါ။
ထာဝရမြဲနေရင် မြတ်စွာဘုရားရဲ့တရားတော်နဲ့ဆန့်ကျင်နေမှာပေါ့။
2022ကို မြန်မာပြည်အေးချမ်းမယ့်နှစ်ဆိုတာ မြေကြီးကိုပုတ်ရင်တောင်လွဲဦးမယ်
#Credit
ထူဆန်းတဲ့အပိုင်းက အကျဘက်ရောက်နေတဲ့သူဟာ ဘာလုပ်လုပ်အကောင်းမထွက်တာ ဓမ္မတာပဲ နှစ်ပေါင်6း0ကြာ ငွေ၊လက်နတ်၊ဖြည့်တင်းထားလို့သာ ဟန်မပျက်ရပ်တည်နေနိုင်သယောင်ရှိတာ။
ဒါကြောင့် ဓမ္မဘက်တော်သားတွေဘာမှအားမငယ်ပါနဲ့နှစ်ပေါင်6း0ကျော်မင်းမူခဲ့တဲ့စစ်အာဏာရူးဆိုတာ တရားသဘောအရ အနိစ္စဆိုတာမလွဲမသွေကြုံမှာပါ။
#Credit