ကြားသိရသမျှ

ဒီနေ့ တစ်နေ့ထဲနဲ့တင် ရန်ကုန်တစ်မြို့လုံးတဲ့….

ဒီနေ့ တစ်နေ့ထဲနဲ့တင် ရန်ကုန်တစ်မြို့လုံးတဲ့….

ရန်ကုန်၊ ရွှေပြည်သာ၊ သာကေတ၊ သမိုင်းလမ်းဆုံ၊ တောင်ဥက္ကလာပ၊ စမ်းချောင်းမြို့နယ်တို့တွင်

ယနေ့ နံနက်ပိုင်းတွင် ဗ ုံ းများပေါ က် ကွဲပြီး တာမွေအနီး CCTV BOX မီးရှို့ခံရကြောင်း ဒေသခံများက

ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ တာမွေဈေးအနီးက CCTV BOXကို ယနေ့ နံနက်အစောင်ပိုင်းတွင်

မီးရှို့ဖျက်ဆီးခဲ့ကြောင်း YPDF-Bahanနှင့် Anonymous Force ပူးပေါင်းက သတင်းထုတ်ပြန်သည်။

အလားတူ ရန်ကုန်တိုင်းရွေပြည်သာမြို့နယ် မော်တော်ပီကေအထိုင်ရုံး အတွင်း ယနေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ဗ ုံး ပေါ က် ကွဲကြောင်း သိရှိရသည်။

အလားတူ သာကေတမြို့နယ် အတွင်း ယနေ့မနက်ပိုင်းတွင် ပေါ က် ကွဲ မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊

နံနက် နံနက် ၅ နာရီ ၃၀ မိနစ်၊ နံနက် ၆ နာရီ ၂၀ မိနစ်၊ နံနက် ၇ နာရီ ၂၀ မိနစ်တို့တွင် ဗုံးပေါက်ကွဲသံ၃ ချက်ထွက်ပေါ်ကြောင်း ၊

ပ စ် ခ တ် သံများလည်းကြားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

အလားတူ တောင်ဥက္ကလာတွင် ယနေ့နံနက် ၂နာရီဝန်းကျင် ပေ ါက် ကွဲ သံ ထွက်ပေါ်ကြောင်း သိရှိရသည်။

အလားတူ စမ်းချောင်းမြို့နယ် စည်ပင်ရုံးတွင် ယနေ့ နံနက်ပိုင်း ပေ ါက် ကွဲ မှု တစ်ရပ်ဖြစ်ပေါ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်း ၇ နာရီ ၂၀ မိနစ်အချိန် သန်လျင်မြို့ တာဝ(၆လမ်းသွား)လမ်းဆုံရှိ မီးပွိုင့်အနီးတွင် ဗုံးခွဲတိုက်ခိုက်မှု လုပ်ဆောင်ကြောင်း ဒေသပျောက်ကြားတပ်ဖွဲ့ထံမှသိရှိရသည်။

Zawgyi Version












