Astrology

အင်္ဂါသားသမီးများအတွက် 2022 ခု ဇန်နဝါရီလတစ်လစာ အထူးဟောစာတမ်း…

အင်္ဂါသားသမီးများအတွက် 2022 ခု ဇန်နဝါရီလတစ်လစာ အထူးဟောစာတမ်း…

2022-ခု ဇန်နဝါရီလ (1)လပိုင်းအဟော အဂ်ါသားသမီးများ

ယခုလတွင် အဂ်ါ သားသမီးများ ဤကာလ လေမှာ မိမမ သဒ္ဒါတရားစိတ် နဲ့အတူ မိမိတတ်နိုင်သလောက် အလှူပြုပေးတာမျိုး၊လိုအပ်တဲ့နေရာမှာ ဖြည့်ဆည်းကူညီတာလေးလုပ်ပေးခြင်း သင့်ထံကံကောင်းမှုများလာလိမ့်မည်။

ငွေမဝင်ဖြစ်နေသူများ ငွေပြန်ဝင်လာပါလိမ့်မယ်။ မမျော်လင့်ပဲ ငွေများများဝင်လာဖို့များပါတယ်။ အရောင်းအဝယ်တွေများလည်း ပြန်ကောင်းလာမည်။

မဖြစ်နိုင်သည်ဟု ထင်ရသော မိမိအတွက်မယုံ ကြည်နိုင်လောက်အောင် ကံကြမ္မာ၏ အထောက်အပံ့ကောင်း ကောင်းချီးများရရှိလိမ့်မည်ဖြစ်သည်။

မိမိကိုယ်မိမိအားကိုးပါ ယုံကြည်ပါ။ သူတစ်ပါးကိစ္စအကြား ဝင်ဖြေရှင်းပေးဖို့ မကြိုးစားပါနှင့် မိမိပါ ဝင်ညှပ်ပြီး ပြသနာ‌တွေဖြစ်တတ်ပါလိမ့်မည်။

နှေးကွေးစွာအလုပ်လုပ်သောသူနဲ့ အကျိုးတူစီးပွားအဖြစ် သို့မဟုတ် လက်တွဲပြီး အလုပ်တွဲမလုပ်ပါနဲ့။

စက်ပစ္စည်းများ အသစ်လဲရခြင်း၊ ထွက်နေသောပစ္စည်းများ ပြန်ဝင်ခြင်းများ ကြုံရတတ်၏။ လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း၊ပျောက်ခြင်းဖြစ်တက်၏။

သူခိုး၊ဂျပိုး မျက်စိအကျခံရသောကာလဖြစ်၍ အခိုးခံရတက်ကြောင်းသတိပြုပါလေ။

အရှေ့တောင် အရပ် လာဘ်ရအံ့။ ငွေဝင်လာကိန်းများရှိအံ့။ သူတော်ကောင်းများနှင့်တွေ့ဆုံရအံ့။ 2022.ဇန်နဝါရီလ (24)ရက်မှ(31)အတွင်း အတိုက်အခံများကြုံတွေ့ရအံ့။

ပညာရေး

ပညာရေးလုပ်နေသူများ စာသေချာလုပ်ပါ ထူးချွန်နိုင်ပါသည် အောင်မြင်နိုင်ပါသည်။ အထက်လူကြီး၊ မင်းစိုးရာဇာတို့ကို အမှီပြုအောင်မြင်လိမ့်မည်။

စီးပွားရေး

စိတ်ကူးနှင့်လက်တွေ့ အကောင်အထည်ဖော်ဆောင်ရန် သင့်တော်၏။ လုပ်ငန်းသစ်များကို လက်တွေ့ကျကျလုပ်ဆောင်ရာ၌ အောင်မြင်ဖြစ်ထွန်းပါလိမ့်မည်။ စနေသားသမီးတစ်ဦး အကူအညီကောင်းမျရရှိ မစခြင်းခံရအံ့။

နေ့တူ၊ နံတူ၊ လုပ်ငန်းတူ အချင်းချင်း ရန်းမီးပွား၊ စီးပွားကျဆင်း၊ သစ္စာဖောက်ခံရနိုင်သည်။ စီးပွာရေး ရေလုပ်ငန်း၊မွေးမြူးရေးလုပ်ငန်း၊

ဆေးသုတ်လုပ်ငန်း၊လူမှုတီထွင်လုပ်ငန်း၊ကုမ္ပဏီ၊အစုရှယ်ယာလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ စိုက်ပျိူးရေးဆေးဝါးလုပ်ငန်း၊ ခွဲစိတ်ကုသပစ္စည်းအရောင်းအဝယ်လုပ်ငန်းအိမ်တွင်းစတိုးဆိုင်လုပ်ငန်း၊

ဘဏ်„ငွေအပြောင်းအလဲ„ဝန်ဆောက်မှုလုပ်ငန်း၊ရတနာအရောင်းအဝယ်များ အကျိူးထူးပေး အမြတ်စွန်းများရရှိအံ့။

အထူးသဖြင့် ဘဝင်ကို လျော့ချပြိး စိတ်အင်အားကို ပရိယာရ်ကြွယ်စွာ အသုံးချတတ်လျှင် မည်သည့်လုပ်ငန်းမဆို အောင်မြင်မှုရရှိမည်။

အချစ်ရေးနှင့်အိမ်ထောင်းရေး

ချစ်သူထားရမှာ ကြောက်နေတတ်သလိုတွေဖြစ်ကာ မိမိကိုယ်မိမိသာ အာရုံစိုက်နေတတ်သောအချိန်ဖြစ်၍ မိမိနှင့်မိမိချစ်သူအကြား တစ်ပါးသူ ဝင်ရောက်နှောက်ယှက်တတ်၏။

အချစ်ရေး မိမိချစ်သူနဲ့မိမိ လတ်တလောမှာ အယူအဆမတူတာတွေ သူအနေနဲ့ မိမိအပေါ်မှာ အလိုမကျတာတွေများနေတတ်ပါတယ်။

မိမိအတွက်သင့်တော်သူကိုသာ မိမိစိတ်နဲ့ထပ်တူကျ‌သောသူကိုသာရွေးချယ်ရင်း ပြတ်သားလိုက်ပါ။ သို့မှသာ မိမိအတွက်စိတ်ချမ်းသာရလိမ့်မည်။

အိမ်ထောင်ဖက် နဲ​ အဆင်ပိုပြေနိုင်ပြိး တစ်ဘက်မိဘတို့၏ အဒေါ်အမတွေ့ ရဲ့ အချစ်ခံရတက်ပါသည်။

သားသမီးရှိသူများ သားသမီး အကျိုးခံစားရတက်ပါသည်။ အထူးအချစ်ရေးမှ သ၀န်တိုခြင်း၊ စည်းကမ်းတင်းကြပ်ခြင်းကိုဆင်ခြင်ပါ။

အိမ်ထောင်ဘက်ကို ဆွေးနွေးညှိနှိုင်းလို့ အဆင်ပြေအံ့။ မိမိဖြစ်ချင်တဲ့ ဆန္ဒတွေကို မိမိလိုချင်တဲ့ အကြောင်းအရာတွေကို ပြောပြပြီး မိမိလိုရာ သိမ်းသွင်းနိုင်မှာပါ။

ကျန်းမာရေး

ကျန်းမာရေး နာတာရှည်ဝေဒနာက ဒုက္ခပေးတာလေး‌တွေဖြစ်တတ်ပါတယ်။ သဘာဝတရားတို့ရဲ့ လေကောင်းလေသန့်တို့ မိမိကိုယ်ခန္ဓာအတွင်းသို့အပြည့်အဝရရှိလိမ့်မည်ဖြစ်ပြီး ကျန်းမာရွှင်လန်း လန်းဆန်း‌ပါလိမ့်မည်။

ကျန်းမာရေး ရင်ဘက်၊ခါး၊အပူကန်ခြင်းတွေ၊ မီးပူ၊ရေနွေးပူ လောင်းမိစေတတ်၏။ အထူး အသက်ကြီးသူနှင့် ကလေးငယ်များ ဂရုစိုက်ပါ။

အထူးအားဖြင့် အခုအပတ်တွင် အသက် ၂၃နှစ်မှ ၂၆အကြား နှင့် အသက် ၃၀နှစ်မှ ၃၆အကြား ပညာရေး၌ စိတ်လေ့လွင်မှုများမည်။

သဘာဝကံကြမ္မာ တရားကြီးကိုဆန့်ကျင်၍ မိန်းကလေးခြင်း၊ယောင်္ကျားလေးခြင်း ချစ်ကြိုက်၍ “Relationship” တစ်ခုကို မဖန်တီးမိစေပါနဲ့လို့ အကြံပြုပါရစေ။

ရင်ထဲမှအချစ်ကို ဖွင့်ပြောရန် အလွန်သတ္တိနည်း လိမ့်မည်။ ထို့အတူ ရွေးချယ်ရခက်ခဲသောအနေအထားများ အမြဲလိုလိုကြုံတတ်၏။ အချစ်ရေးတွင် အဆင့မပြေမှုကြုံတွေ့ရမည်။

အိမ်ထောင်ရှင်များကတော့ အမျိူးသား မှုမမှန်၊အိမ်နေနည်း၊အပြင်ပျော်၊အပေါင်းအသင်းမှား၊မိန်းကလေးပြဿနာအစွတ်စွဲခံရခြင်း ကြုံတွေ့ရမည်။

အထူးအဟော….ခေါင်းမာခြင်း၊ ဇီဇာကြောင်ခြင်း၊ သ၀န်တိုခြင်းကိုယ်ဖြစ်ချင်တာကိုသာအဓိကကြည့်မိခြင်းမကြာခဏစိတ်ဒွိဟဖြစ်ခြင်းတို့ကိုအထူးဆင်ခြင်သင့်၏။

မတော်တဆ သွေးထွက်သံယိုမှု ကြူံတွေ့ရသော်လည်း အသက်ဘေးလွတ်မြောက်တတ်၏။

ကျောက်၊ငွေ အဖိုးတန်းပစ္စည်းမေ့ကျန်ခြင်း၊ အခိုးခံထိ၊လုယှက်ခံရတတ်၏။

တနလ်ာသားသမီးတစ်ဦး အနှောက်အယှက်ပေးအံ့။

၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၄)ရက်

ယနေ့ နံနက် (၈း၇)မိနစ်လွန် ဘုရားတည်၊ ရှင်ပြု၊နားသ၊စေ့စပ်၊ ပန္နက်ရိုက်ခြင်း၊တိုင်ထူ၊အုတ်မြစ်ချ၊ဆိုင်းဘုတ်တင်၊ ဆေးဖော်၊ဆေးခန်းသစ်ဖွင့်ခြင်း၊ အိမ်သစ်တတ်တို့ ကောင်း၏။

၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၁၁)ရက်

ယနေ့ စေတီပုထိုးပြုပြင်ခြင်း၊မြေသန့်မဂ်လာ၊ အမည်မှည့်၊ကင်းပွန်းတပ်၊ အိမ်တတ်၊ လက်မှုတီထွင်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊လက်မှတ်ရေးထိုးခြင်း၊

ရေကြောင်း၊လေကြောင်းခရီးသွားလာခြင်း၊ စိုက်ပျိူးရေးဆေးဝါးဖြန့်ချီခြင်း၊ စပါးရိတ်သိမ်းခြင်း၊ ခွဲစိတ်ကုသခံယူခြင်း တို့ကောင်း၏။

၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၁၈)ရက်

ယနေ့ ဂါထာမန္တာန်သိဒ္ဓိတင်ခြင်း၊ အလုပ်လျှောက်ခြင်း၊မိတ်ဆွေသစ်ဖွဲ့ခြင်း၊တွေ့ဆုံဆွေးနွေးခြင်း၊ အချစ်ရေးစကားပြောခြင်းတို့ကောင်း၏။

၂၀၂၂-ခုနှစ် ဇန်နဝါရီလ (၂၅)ရက်

ယနေ့ ပန္နက်ရိုက်၊ကျင်းတူ၊အုတ်မြစ်ချ၊ အိမ်တတ်၊ ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ ထီထိုး၊ ထွန်ချ၊သစ်ပင်စိုက်ခြင်း၊ ပရဟိတလုပ်ခြင်းတို့ကောင်း၏။

ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက် ➖ မြောက်အရပ်မျက်နှာမှုက ရေတစ်ဘူး ဘုရား လှူပြိးသွားပါ။ ပျားလမ္မော်သီး တစ်လုံးဆောင်သွားပါ။

အကျိူးပေးဂဏန်း ➖ (၃.၇.၉.၆)

အကျိူးပေးနေနံ ➖ စနေ

အကျိူးမပေးနေနံ ➖ တနလ်ာ

ဆောင်ရန် ➖ပျားလမ္မော်သီး(၁)လုံးဆောင်သွားပါ

ရှောင်ရန် ➖ အနောက်မြောက် အရပ်

အနောက် မြောက်အရပ် ခရီးသွား၊လုပ်ငန်းဖြန့်ချီခြင်းများ၊ငွေလုပ်ငန်း၊ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်းတို့ ရှောင့်သင့်၏။

ကံကောင်းစေသောအရောင် ➖ကြည်ပြာရောင်၊ကြက်သွေးရောင်အနီ၊ဆင်စွယ်ရောင်

ယတြာ ➖ နံနက် (၈း၇)အချိန်တွင် အိမ်ဘုရားမှ ပုတိမ်မနိုင်အဖြူရောင်ပန်း၊ ကံကော်၊ပုလဲပန်း ဘုရားပူဇော်ပါ။ နေထွက်ချိန် နေမင်းကို မော်ကြည့်ကြီး ရေတစ်ခွက် မြေပေါ်လောင်းပြိး ဆုတောင်းပါ။

ဘုရားရင်ဘတ်တော်၊ခါး ရွှေသင်္ကန်းကပ်လှူပါ။ လက်သည်းညှပ်အဟောင်း၊အတုံးရှိ စွန့်ပစ်လိုက်ပါ။

ဗုဒ္ဓံပူဇေမိ ဓမ္မံပူဇေမိ သံဃံပူဇေမိ နက္ခတဗေဒ ဗေဒင်နှင့်လက္ခဏာ ဆရာကြီး မင်းသူရ

၃၅လမ်း/၇၁×၇၂လမ်းကြား မန်းလေး(MDY) 09-75108982609-767817917/09-792756450

Zawgyi Version











ပညာရေး


စီးပွားရေး



ဆေးသုတ်လုပ်ငန်း၊လူမှုတီထွင်လုပ်ငန်း၊ကုမ္ပဏီ၊အစုရှယ်ယာလုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ စိုက်ပျိုးရေးဆေးဝါးလုပ်ငန်း၊ ခွဲစိတ်ကုသပစ္စည်းအရောင်းအဝယ်လုပ်ငန်းအိမ်တွင်းစတိုးဆိုင်လုပ်ငန်း၊

ဘဏ်„ငွေအပြောင်းအလဲ„ဝန်ဆောက်မှုလုပ်ငန်း၊ရတနာအရောင်းအဝယ်များ အကျိုးထူးပေး အမြတ်စွန်းများရရှိအံ့။









ကျန်းမာရေး






အိမ်ထောင်ရှင်များကတော့ အမျိုးသား မှုမမှန်၊အိမ်နေနည်း၊အပြင်ပျော်၊အပေါင်းအသင်းမှား၊မိန်းကလေးပြဿနာအစွတ်စွဲခံရခြင်း ကြုံတွေ့ရမည်။









ရေကြောင်း၊လေကြောင်းခရီးသွားလာခြင်း၊ စိုက်ပျိုးရေးဆေးဝါးဖြန့်ချီခြင်း၊ စပါးရိတ်သိမ်းခြင်း၊ ခွဲစိတ်ကုသခံယူခြင်း တို့ကောင်း၏။






အကျိုးပေးဂဏန်း ➖ (၃.၇.၉.၆)

အကျိုးပေးနေနံ ➖ စနေ

အကျိုးမပေးနေနံ ➖ တနလ်ာ







