News

ယမန်နေ့က ဒီမော့ဆိုအနီး ငွေတောင်နှင့် ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က(၃၃)ယောက်သေဆုံး…

ယမန်နေ့က ဒီမော့ဆိုအနီး ငွေတောင်နှင့် ဖရူဆိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က(၃၃)ယောက်သေဆုံး…

ဇန်နဝါရီ(၁)

ကယား/ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ ငွေတောင်မြို့အနီးရှိ မြို့မရဲစခန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KA/ PDF ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ

ယမန်နေ့ကဝင်ရောက်တိုက်ခိုက်သောကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ငွေတောင်မြို့အနီးရှိ ပြည်အောင်ရတနာဆီဆိုင်ကို KA/ PDF တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင်မူ တိုက်ပွဲပြင်းထန်ခဲ့ပြီး နံနက် ၈ နာရီ ၃၀ မိနစ် အချိန်မှစတင်၍ ညနေပိုင်း ၆ နာရီ အချိန်ထိ တိုက်ပွဲမှာ ပြင်းထန်ခဲ့သည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ (၃၀) ထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာအများအပြားဖြင့် အထိနာခဲ့သောကြောင့် တိုက်လေယာဉ်များ ရဟတ်ယာဉ်များဖြင့်ပင် လေကြောင်းပစ်ကူပေးခဲ့ရကြောင်း သတင်းအရင်းမြစ်ကဆိုသည်။

PDF ဘက်မှ မစိုးရိမ်ရဒဏ်ရာရသူအချို့ရှိခဲ့သည်ဟုပြောသည်။

ထို့အတူ ဒီးမော့ဆိုမြို့နယ် ထီးပွင့်ကန်အနီးတွင်လည်းကောင်း ဖရူဆိုမြို့နယ် ထီသော်တနီးကျေးရွာနှင့် လောတောတနောရွာအနီးတွင်လည်းကောင်း

မွန်းတည့် ၁၂ နာရီအချိန်ခန့်မှစတင်ကာ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သေးရာ တိုက်ပွဲချိန် ၃ နာရီအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား (၃) ယောက် သေဆုံးသေးသည်ဟု KA တပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ထိုတိုက်ပွဲတွင် KA/ PDF ဘက်မှ ထိခိုက်တစုံတရာမရှိ‌ဟုဆိုသည်။

Sa J MM

Zawgyi Version

ယမန္ေန႔က ဒီေမာ့ဆိုအနီး ေငြေတာင္ႏွင့္ ဖ႐ူဆိုတိုက္ပြဲတြင္ စစ္ေကာင္စီဘက္က(၃၃)ေယာက္ေသဆုံး…

ဇန္နဝါရီ(၁)

ကယား/ ကရင္နီျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕ ေငြေတာင္ၿမိဳ႕အနီး႐ွိ ၿမိဳ႕မရဲစခန္းတြင္တပ္စြဲထားေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို KA/ PDF ပူးေပါင္းတပ္မွ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ

ယမန္ေန႔ကဝင္ေရာက္တိုက္ခိုက္ေသာေၾကာင့္ ႏွစ္ဘက္ထိေတြ႕တိုက္ပြဲျဖစ္ပြားခဲ့ၾကသည္။

ေငြေတာင္ၿမိဳ႕အနီး႐ွိ ျပည္ေအာင္ရတနာဆီဆိုင္ကို KA/ PDF တို႔မွ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာတြင္မူ တိုက္ပြဲျပင္းထန္ခဲ့ၿပီး နံနက္ ၈ နာရီ ၃၀ မိနစ္ အခ်ိန္မွစတင္၍ ညေနပိုင္း ၆ နာရီ အခ်ိန္ထိ တိုက္ပြဲမွာ ျပင္းထန္ခဲ့သည္။

၎တိုက္ပြဲတြင္ စစ္ေကာင္စီတပ္ဘက္မွ (၃၀) ထက္မနည္းေသဆုံးကာ ထိခိုက္ဒဏ္ရာအမ်ားအျပားျဖင့္ အထိနာခဲ့ေသာေၾကာင့္ တိုက္ေလယာဥ္မ်ား ရဟတ္ယာဥ္မ်ားျဖင့္ပင္ ေလေၾကာင္းပစ္ကူေပးခဲ့ရေၾကာင္း သတင္းအရင္းျမစ္ကဆိုသည္။

PDF ဘက္မွ မစိုးရိမ္ရဒဏ္ရာရသူအခ်ိဳ႕႐ွိခဲ့သည္ဟုေျပာသည္။

ထို႔အတူ ဒီးေမာ့ဆိုၿမိဳ႕နယ္ ထီးပြင့္ကန္အနီးတြင္လည္းေကာင္း ဖ႐ူဆိုၿမိဳ႕နယ္ ထီေသာ္တနီးေက်း႐ြာႏွင့္ ေလာေတာတေနာ႐ြာအနီးတြင္လည္းေကာင္း

မြန္းတည့္ ၁၂ နာရီအခ်ိန္ခန္႔မွစတင္ကာ ညေန ၃ နာရီအထိ တိုက္ပြဲျဖစ္ပြားခဲ့ေသးရာ တိုက္ပြဲခ်ိန္ ၃ နာရီအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား (၃) ေယာက္ ေသဆုံးေသးသည္ဟု KA တပ္ဖြဲ႕မွ သတင္းထုတ္ျပန္သည္။

ထိုတိုက္ပြဲတြင္ KA/ PDF ဘက္မွ ထိခိုက္တစုံတရာမ႐ွိ‌ဟုဆိုသည္။

Sa J MM