ကြားသိရသမျှ

အထူးသတင်းကောင်းကြီးလာပါပြီ၊ ပြည်သူတွေဖြစ်ချင်တာနဲ့ တစ်ထပ်တည်းပါ…

အထူးသတင်းကောင်းကြီးလာပါပြီ၊ ပြည်သူတွေဖြစ်ချင်တာနဲ့ တစ်ထပ်တည်းပါ…

မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်ကောင်များကို နိုင်ငံရေးစကားဝိုင်းတွင် တွေ့ဆုံမည်မဟုတ်ဘဲ

ပြည်တွင်းပြည်ပ ရာဇဝတ်တရားရုံးသို့ ပို့မည်ဟု NUG ယာယီသမ္မတက တိုင်းပြည်သို့ အသိပေးမိန့်ခွန်းပြောခဲ့ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၄

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ရာဇဝတ်ကောင်များကို နိုင်ငံရေးစကားဝိုင်းတွင် တွေ့ဆုံမည်မဟုတ်ဘဲ ပြည်တွင်းပြည်ပ ရာဇဝတ်တရားရုံးသို့ပို့ဆောင်မည်ဟု

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုင်းပြည်သို့ အသိပေး ပြောဆိုလိုက်သည်။

ယနေ့ကျရောက်သည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အဖြစ် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“တကယ်တော့ ပြည်သူ့သွေးစွန်းနေတဲ့ စစ်ရာဇဝတ်ကောင်တွေဆိုတာ နိုင်ငံ ရေး စားပွဲဝိုင်းကို ပို့ရမှာ မဟုတ်ပါဘူး၊ သူတို့ ကို ပို့ရမယ့်နေရာက ပြည်တွင်း ပြည်ပ ရာဇဝတ်ခုံရုံးများပဲ ဖြစ်ပါတယ်။

အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်အောက်ခံဖြစ်နေပေမယ့် စစ်အုပ်စုရဲ့အကြမ်းဖက်မှုများ ကို စက်ဆုပ်တဲ့ သူတွေ၊ စစ်တပ်ဟာ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်စောင့်ရှောက်ဖို့မှတစ်ပါး

နိုင်ငံရေး မှာ ဝင်ပတ်သက်စရာ မလိုဘူးလို့ နားလည်ခံယူတဲ့ တပ်မှုး တပ်သားများကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အစဉ် ရင်ဖွင့်ကြိုဆိုနေမှာ ဖြစ်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏ မိန့်ခွန်းတွင် ပြောဆိုသည်။

နိုင်ငံတော်သည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်ဘဲ တစ်ဦးတစ်ယောက်က ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သည့် နိုင်ငံမဟုတ်ကြောင်း၊

အကြမ်းဖက်စစ်အုပ်စုသည် လွတ်လပ်ရေးကြေညာ စာတမ်းပါ လွတ်လပ် ရေး၏အနှစ်သာရ စံတန်ဖိုးတွေကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြီး

နိုင်ငံကို တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းသဖွယ် ချုပ်ကိုင်အပိုင်သိမ်းယူအကျိုးခံစားနေကြကြောင်း၊ တိုင်းပြည်ကို စစ်ကျွန်ဘဝတွင် နစ် မွန်းနေစေကြောင်း ယာယီ သမ္မတ ကပြောသည်။

“၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုကတော့ သမိုင်းတလျှောက် အရုပ်ဆိုး အကျည်းတန်ဆုံး ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ လူမဆန်တဲ့ နည်းပေါင်းစုံနဲ့ ပြည်သူကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ကာ

စစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်နေတယ်ဆိုတာကတော့ ပြည်သူများကော နိုင်ငံတကာကပါ သိရှိပြီး ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာလည်း “တပ်မတော်”ဆိုတဲ့ အမည်နာမကို ခံယူရန် ထိုက်တန်ခြင်း မရှိတော့ဘဲ

“ပြည်သူ့ရန်သူ အကြမ်းဖက် သမားများ” အဖြစ် လျှောကျ သက်ဆင်း သွားခဲ့ပြီလည်း ဖြစ်ပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလ က မိန့်ခွန်းတွင် ပြောဆိုသည်။

Zawgyi Version

အထူးသတင္းေကာင္းႀကီးလာပါၿပီ၊ ျပည္သူေတြျဖစ္ခ်င္တာနဲ႔ တစ္ထပ္တည္းပါ…

မင္းေအာင္လိႈင္ႏွင့္ စစ္ရာဇဝတ္ေကာင္မ်ားကို ႏိုင္ငံေရးစကားဝိုင္းတြင္ ေတြ႕ဆုံမည္မဟုတ္ဘဲ

ျပည္တြင္းျပည္ပ ရာဇဝတ္တရား႐ုံးသို႔ ပို႔မည္ဟု NUG ယာယီသမၼတက တိုင္းျပည္သို႔ အသိေပးမိန္႔ခြန္းေျပာခဲ့ပါတယ္။

ရန္ကုန္၊ ဇန္နဝါရီ ၄

အၾကမ္းဖက္ လူသတ္ ဖက္ဆစ္ စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္ႏွင့္ စစ္ရာဇဝတ္ေကာင္မ်ားကို ႏိုင္ငံေရးစကားဝိုင္းတြင္ ေတြ႕ဆုံမည္မဟုတ္ဘဲ ျပည္တြင္းျပည္ပ ရာဇဝတ္တရား႐ုံးသို႔ပို႔ေဆာင္မည္ဟု

အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ယာယီသမၼတ ဒူဝါလ႐ွီးလက တိုင္းျပည္သို႔ အသိေပး ေျပာဆိုလိုက္သည္။

ယေန႔က်ေရာက္သည့္ ၇၄ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အျဖစ္ မိန္႔ခြန္းတြင္ ၎က အထက္ပါအတိုင္း ေျပာဆိုလိုက္ျခင္းျဖစ္သည္။

“တကယ္ေတာ့ ျပည္သူ႕ေသြးစြန္းေနတဲ့ စစ္ရာဇဝတ္ေကာင္ေတြဆိုတာ ႏိုင္ငံ ေရး စားပြဲဝိုင္းကို ပို႔ရမွာ မဟုတ္ပါဘူး၊ သူတို႔ ကို ပို႔ရမယ့္ေနရာက ျပည္တြင္း ျပည္ပ ရာဇဝတ္ခုံ႐ုံးမ်ားပဲ ျဖစ္ပါတယ္။

အခုအခ်ိန္မွာ အၾကမ္းဖက္စစ္အုပ္စုရဲ႕ လက္ေအာက္ခံျဖစ္ေနေပမယ့္ စစ္အုပ္စုရဲ႕အၾကမ္းဖက္မႈမ်ား ကို စက္ဆုပ္တဲ့ သူေတြ၊ စစ္တပ္ဟာ ႏိုင္ငံနဲ႔ ျပည္သူကို ကာကြယ္ေစာင့္ေ႐ွာက္ဖို႔မွတစ္ပါး

ႏိုင္ငံေရး မွာ ဝင္ပတ္သက္စရာ မလိုဘူးလို႔ နားလည္ခံယူတဲ့ တပ္မႈး တပ္သားမ်ားကိုေတာ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရက အစဥ္ ရင္ဖြင့္ႀကိဳဆိုေနမွာ ျဖစ္ပါတယ္။” ဟု ယာယီသမၼတ ဒူဝါလ႐ွီးလက ၎၏ မိန္႔ခြန္းတြင္ ေျပာဆိုသည္။

ႏိုင္ငံေတာ္သည္ မည္သူတစ္ဦးတစ္ေယာက္ တစ္ဖြဲ႕တစ္သင္း၏ အေမြအႏွစ္မဟုတ္ဘဲ တစ္ဦးတစ္ေယာက္က ခ်ဳပ္ကိုင္အႏိုင္သိမ္းယူ အက်ိဳးခံစားအပ္သည့္ ႏိုင္ငံမဟုတ္ေၾကာင္း၊

အၾကမ္းဖက္စစ္အုပ္စုသည္ လြတ္လပ္ေရးေၾကညာ စာတမ္းပါ လြတ္လပ္ ေရး၏အႏွစ္သာရ စံတန္ဖိုးေတြကို ေျဖာင့္ေျဖာင့္ႀကီး ဆန္႔က်င္ၿပီး

ႏိုင္ငံကို တစ္ဖြဲ႕တစ္သင္း၏ ပုဂၢလိကအပိုင္ပစၥည္းသဖြယ္ ခ်ဳပ္ကိုင္အပိုင္သိမ္းယူအက်ိဳးခံစားေနၾကေၾကာင္း၊ တိုင္းျပည္ကို စစ္ကြၽန္ဘဝတြင္ နစ္ မြန္းေနေစေၾကာင္း ယာယီ သမၼတ ကေျပာသည္။

“၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလ (၁) ရက္ေန႔ စစ္အာဏာသိမ္းမႈကေတာ့ သမိုင္းတေလွ်ာက္ အ႐ုပ္ဆိုး အက်ည္းတန္ဆုံး ျဖစ္ၿပီး၊ ေန႔စဥ္နဲ႔အမွ် လူမဆန္တဲ့ နည္းေပါင္းစုံနဲ႔ ျပည္သူကို အၾကမ္းဖက္ ႏွိပ္စက္ သတ္ျဖတ္ကာ

စစ္ရာဇဝတ္မႈမ်ား ဆက္တိုက္ က်ဴးလြန္ေနတယ္ဆိုတာကေတာ့ ျပည္သူမ်ားေကာ ႏိုင္ငံတကာကပါ သိ႐ွိၿပီး ျဖစ္ပါတယ္။ အၾကမ္းဖက္စစ္တပ္ဟာလည္း “တပ္မေတာ္”ဆိုတဲ့ အမည္နာမကို ခံယူရန္ ထိုက္တန္ျခင္း မ႐ွိေတာ့ဘဲ

“ျပည္သူ႕ရန္သူ အၾကမ္းဖက္ သမားမ်ား” အျဖစ္ ေလွ်ာက် သက္ဆင္း သြားခဲ့ၿပီလည္း ျဖစ္ပါတယ္။” ဟု ယာယီသမၼတ ဒူဝါလ႐ွီးလ က မိန္႔ခြန္းတြင္ ေျပာဆိုသည္။