Cele News

ကမၻာ့အေခ်ာဆုံးလူသား ပိုင္တံခြန္နဲ႔ ႐ုပ္ခ်င္းခၽြတ္စြပ္တူေနလို႔ လူအမ်ားစိတ္ဝင္စားေနၾကသူတဦး

ကမၻာ့အေခ်ာဆုံးလူသား ပိုင္တံခြန္နဲ႔ ႐ုပ္ခ်င္းခၽြတ္စြပ္တူေနလို႔ လူအမ်ားစိတ္ဝင္စားေနၾကသူတဦး

ေလာကမွာ လူတူ မရွား နာမည္တူ မရွားဆိုတဲ့အတိုင္း လူတေယာက္နဲ႔ တေယာက္ ခၽြတ္စြပ္တူတဲ့အျဖစ္ဟာ တိုက္တိုက္ဆိုင္ဆိုင္ ျဖစ္ေလ့ ရွိပါတယ္။

သိပၸံပညာရွင္မ်ား တြက္ခ်က္ထားမႈအရေတာ့ ကမၻာေပၚမွာ ကိုယ္နဲ႔ တူတဲ့ လူေပါင္း ေနာက္ထပ္ (၆) ေယာက္ အနည္းဆုံး ရွိနိုင္တယ္လို႔ သိရပါတယ္။

တခ်ိဳ႕ေတြကေတာ့ ႐ုပ္ခ်င္းပဲ ဆင္ေလ့ ရွိေပမယ့္ တခ်ိဳ႕ကက်ေတာ့ အႁမႊာေတြ ပမာဏ ႐ုပ္၊ အသံ၊ ေလယူေလသိမ္း၊ အမူအက်င့္ကအစ တူညီၾကတာေတြ ရွိပါတယ္။

ယခုလည္း နာမည္ေက်ာ္ ေမာ္ဒယ္မင္းသား ပိုင္တံခြန္နဲ႔ ခၽြတ္စြပ္နီးပါးတူတဲ့ လူတဦးရဲ့ပုံေတြ အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ့လာပါတယ္။

ထိုသူရဲ့ အမည္နဲ႔ ေနရပ္ကို ေသခ်ာစြာ မသိရေသးေပမယ့္ ဝတ္စားဆင္ယင္ပုံအရေတာ့ နယ္ဖက္က လူတေယာက္ ျဖစ္နိုင္ပါတယ္။

မင္းသားပိုင္တံခြန္ရဲ့ ပရိသတ္ေတြကလည္း ပိုင္တံခြန္နဲ႔ ထိုလူ ခၽြတ္စြပ္တူညီမႈကို အံ့အားသင့္ေနၾကပါတယ္။

ထိုသူရဲ့ ပုံေတြကလည္း အြန္လိုင္းမွာ ေတာ္ေတာ္မ်ားမ်ား ပ်ံ႕ႏွံ့ေနၿပီ ျဖစ္ပါတယ္။

မင္းသား ပိုင္တံခြန္ဟာ လက္ရွိအခ်ိန္မွာ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၃ ႏွစ္ မတရားအခ်ခံထားရတာေၾကာင့္ အင္းစိန္ေထာင္ထဲမွာ ရွိေနပါတယ္။

ေထာင္ထဲ ရွိေနစဥ္မွာပဲ ကမၻာ့အေခ်ာဆုံး စာရင္းမွာ နံပါတ္ (၁) အျဖစ္ ရရွိခဲ့ပါတယ္။

မင္းသားပိုင္တံခြန္ မတရားဖမ္းဆီး ခံရျခင္းမွ အျမန္လြတ္ေျမာက္ပါေစလို႔ ဒီေနရာကေန ဆုေတာင္း ေပးလိုက္ရပါတယ္ ခင္ဗ်ာ။

Unicode Version

ကမ္ဘာ့အချောဆုံးလူသား ပိုင်တံခွန်နဲ့ ရုပ်ချင်းချွတ်စွပ်တူနေလို့ လူအများစိတ်ဝင်စားနေကြသူတဦး

လောကမှာ လူတူ မရှား နာမည်တူ မရှားဆိုတဲ့အတိုင်း လူတယောက်နဲ့ တယောက် ချွတ်စွပ်တူတဲ့အဖြစ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လေ့ ရှိပါတယ်။

သိပ္ပံပညာရှင်များ တွက်ချက်ထားမှုအရတော့ ကမ္ဘာပေါ်မှာ ကိုယ်နဲ့ တူတဲ့ လူပေါင်း နောက်ထပ် (၆) ယောက် အနည်းဆုံး ရှိနိုင်တယ်လို့ သိရပါတယ်။

တချို့တွေကတော့ ရုပ်ချင်းပဲ ဆင်လေ့ ရှိပေမယ့် တချို့ကကျတော့ အမြွှာတွေ ပမာဏ ရုပ်၊ အသံ၊ လေယူလေသိမ်း၊ အမူအကျင့်ကအစ တူညီကြတာတွေ ရှိပါတယ်။

ယခုလည်း နာမည်ကျော် မော်ဒယ်မင်းသား ပိုင်တံခွန်နဲ့ ချွတ်စွပ်နီးပါးတူတဲ့ လူတဦးရဲ့ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။

ထိုသူရဲ့ အမည်နဲ့ နေရပ်ကို သေချာစွာ မသိရသေးပေမယ့် ဝတ်စားဆင်ယင်ပုံအရတော့ နယ်ဖက်က လူတယောက် ဖြစ်နိုင်ပါတယ်။

မင်းသားပိုင်တံခွန်ရဲ့ ပရိသတ်တွေကလည်း ပိုင်တံခွန်နဲ့ ထိုလူ ချွတ်စွပ်တူညီမှုကို အံ့အားသင့်နေကြပါတယ်။

ထိုသူရဲ့ ပုံတွေကလည်း အွန်လိုင်းမှာ တော်တော်များများ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

မင်းသား ပိုင်တံခွန်ဟာ လက်ရှိအချိန်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် မတရားအချခံထားရတာကြောင့် အင်းစိန်ထောင်ထဲမှာ ရှိနေပါတယ်။

ထောင်ထဲ ရှိနေစဉ်မှာပဲ ကမ္ဘာ့အချောဆုံး စာရင်းမှာ နံပါတ် (၁) အဖြစ် ရရှိခဲ့ပါတယ်။

မင်းသားပိုင်တံခွန် မတရားဖမ်းဆီး ခံရခြင်းမှ အမြန်လွတ်မြောက်ပါစေလို့ ဒီနေရာကနေ ဆုတောင်း ပေးလိုက်ရပါတယ် ခင်ဗျာ။