ကြားသိရသမျှ

စစ်သားများ ပစ်ခတ်သည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ရဲသတင်းပေးဟု ယူဆရသူ သေဆုံးပြီး ရဲတစ်ဦး ဒဏ်ရာရ….

စစ်သားများ ပစ်ခတ်သည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ရဲသတင်းပေးဟု ယူဆရသူ သေဆုံးပြီး ရဲတစ်ဦး ဒဏ်ရာရ….

ယမန်နေ့ (ဇန်နဝါရီ ၅) ညပိုင်းတွင် စစ်ကိုင်းမြို့မြောက်ဘက် နုံးတွင်းကျေးရွာအနီး မော်တော်ယာဉ်တစ်စီးကို စစ်သားများ၏ ပစ်ခတ်မှုကြောင့်

ကားပေါ်တွင် ရှိနေကြသော အရပ်သားတစ်ဦး သေဆုံးပြီး ရဲတစ်ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများထံမှ သိရသည်။

သေဆုံးသူမှာ ရဲသတင်းပေးဟု ဒေသခံတို့ ယူဆနေကြသော အသက် ၄၀ ကျော်အရွယ် ဦးမင်းမင်းဇော်ဖြစ်ကြောင်း၊ ညောင်ပင်ဝန်းရွာရဲစခန်းမှူး ရဲအုပ်၊ ရဲတပ်သားတစ်ဦးတို့နှင့်အတူ ကားစီးလာစဉ်

ည ၁၀ နာရီခွဲခန့် နုံးတွင်းကျေးရွာအနီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ညောင်ပင်ဝန်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကိုင်းက ပြန်လာပုံပေါ်တယ်။ မတ်ခ်တူးအဖြူလေးနဲ့၊ နုံးတွင်းရွာနားမှာက အမြောက်တပ်တစ်ခုရှိတယ်။ အဲ့ဒီက ကင်းလှည့်တာနဲ့ တိုးပြီး လိုက်ပစ်တာ” ဟု ရဲစခန်းသတင်းရင်းမြစ်ကို ကိုးကားပြီး အထက်ပါဒေသခံက ဆိုသည်။

“ကားရပ်သွားတဲ့အချိန် သွားကြည့်တော့ (ညောင်ပင်ဝန်း) စခန်းမှူးကား ဖြစ်နေရော။ စခန်းမှူးကတော့ ငိုယိုပြီး သူမှားသွားတာပါ၊ သူမှားလို့ အခုလိုဖြစ်ရတာပါ ပြောနေတာ“

စခန်းမှူး ဒဏ်ရာမရရှိကြောင်း၊ ပေါင်တွင် ကျည်ထိထားသော ရဲတပ်သားကို စစ်ကိုင်းဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ညောင်ပင်ဝန်းရွာဒေသခံများ၏ အဆိုအရ သိရသည်။

“(ဦးမင်းမင်းဇော်က) သူ့သမီးကို ဆေးရုံ လိုက်ပို့တာ၊ စခန်းမှူးနဲ့ ရဲတပ်သားတစ်ယောက်နဲ့ အတူတူသွားပြီးတော့ ပြန်လာတာ။

နုံးတွင်းရွာအကျော်မှာ ကင်းပုန်းဝပ်နေတဲ့ စကစ (စစ်ကောင်စီ) က တားတဲ့အချိန် ရပ်မပေးတော့ လိုက်ပစ်တာ”ဟု ညောင်ပင်ဝန်းရွာမှ အမည်မဖော်လိုသူ အမျိုးသားနောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားတို့က လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးနေပြီး စစ်ဆေးသည့်နေရာမှ ရှောင်ကွင်းသွားသူများကို လိုက်လံပစ်ခတ်လေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ရဲများ လိုက်ပါလာသည့် မော်တော်ယာဉ်ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ညောင်ပင်ဝန်းရဲစခန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရပေ။

(ဓာတ်ပုံ-EPA) ရန်ကုန်မြို့လယ်တွင် ပေါက်ကွဲမှုများဖြစ်ပေါ်အပြီး လိုက်လံစစ်ဆေးနေသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်မျာ

Zawgyi Version

စစ္သားမ်ား ပစ္ခတ္သည့္ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ ရဲသတင္းေပးဟု ယူဆရသူ ေသဆုံးၿပီး ရဲတစ္ဦး ဒဏ္ရာရ….

ယမန္ေန႔ (ဇန္နဝါရီ ၅) ညပိုင္းတြင္ စစ္ကိုင္းၿမိဳ႕ေျမာက္ဘက္ ႏုံးတြင္းေက်း႐ြာအနီး ေမာ္ေတာ္ယာဥ္တစ္စီးကို စစ္သားမ်ား၏ ပစ္ခတ္မႈေၾကာင့္

ကားေပၚတြင္ ႐ွိေနၾကေသာ အရပ္သားတစ္ဦး ေသဆုံးၿပီး ရဲတစ္ဦး ဒဏ္ရာရသြားသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ေသဆုံးသူမွာ ရဲသတင္းေပးဟု ေဒသခံတို႔ ယူဆေနၾကေသာ အသက္ ၄၀ ေက်ာ္အ႐ြယ္ ဦးမင္းမင္းေဇာ္ျဖစ္ေၾကာင္း၊ ေညာင္ပင္ဝန္း႐ြာရဲစခန္းမႉး ရဲအုပ္၊ ရဲတပ္သားတစ္ဦးတို႔ႏွင့္အတူ ကားစီးလာစဥ္

ည ၁၀ နာရီခြဲခန္႔ ႏုံးတြင္းေက်း႐ြာအနီး ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း ေညာင္ပင္ဝန္း႐ြာမွ အမ်ိဳးသားတစ္ဦးက ေျပာသည္။

“စစ္ကိုင္းက ျပန္လာပုံေပၚတယ္။ မတ္ခ္တူးအျဖဴေလးနဲ႔၊ ႏုံးတြင္း႐ြာနားမွာက အေျမာက္တပ္တစ္ခု႐ွိတယ္။ အဲ့ဒီက ကင္းလွည့္တာနဲ႔ တိုးၿပီး လိုက္ပစ္တာ” ဟု ရဲစခန္းသတင္းရင္းျမစ္ကို ကိုးကားၿပီး အထက္ပါေဒသခံက ဆိုသည္။

“ကားရပ္သြားတဲ့အခ်ိန္ သြားၾကည့္ေတာ့ (ေညာင္ပင္ဝန္း) စခန္းမႉးကား ျဖစ္ေနေရာ။ စခန္းမႉးကေတာ့ ငိုယိုၿပီး သူမွားသြားတာပါ၊ သူမွားလို႔ အခုလိုျဖစ္ရတာပါ ေျပာေနတာ“

စခန္းမႉး ဒဏ္ရာမရ႐ွိေၾကာင္း၊ ေပါင္တြင္ က်ည္ထိထားေသာ ရဲတပ္သားကို စစ္ကိုင္းေဆး႐ုံသို႔ ပို႔ေဆာင္ထားရေၾကာင္း ေညာင္ပင္ဝန္း႐ြာေဒသခံမ်ား၏ အဆိုအရ သိရသည္။

“(ဦးမင္းမင္းေဇာ္က) သူ႕သမီးကို ေဆး႐ုံ လိုက္ပို႔တာ၊ စခန္းမႉးနဲ႔ ရဲတပ္သားတစ္ေယာက္နဲ႔ အတူတူသြားၿပီးေတာ့ ျပန္လာတာ။

ႏုံးတြင္း႐ြာအေက်ာ္မွာ ကင္းပုန္းဝပ္ေနတဲ့ စကစ (စစ္ေကာင္စီ) က တားတဲ့အခ်ိန္ ရပ္မေပးေတာ့ လိုက္ပစ္တာ”ဟု ေညာင္ပင္ဝန္း႐ြာမွ အမည္မေဖာ္လိုသူ အမ်ိဳးသားေနာက္တစ္ဦးက ေျပာသည္။

စစ္ေကာင္စီတပ္သားတို႔က လမ္းသြားလမ္းလာမ်ားကို တားဆီးစစ္ေဆးေနၿပီး စစ္ေဆးသည့္ေနရာမွ ေ႐ွာင္ကြင္းသြားသူမ်ားကို လိုက္လံပစ္ခတ္ေလ့႐ွိသည္ဟု ေဒသခံတို႔ထံမွ သိရသည္။

ရဲမ်ား လိုက္ပါလာသည့္ ေမာ္ေတာ္ယာဥ္ပစ္ခတ္ခံရမႈႏွင့္ ပတ္သက္ၿပီး ေညာင္ပင္ဝန္းရဲစခန္းကို ေမးျမန္းရန္ ႀကိဳးစားေသာ္လည္း ဖုန္းအဆက္အသြယ္ မရေပ။

(ဓာတ္ပုံ-EPA) ရန္ကုန္ၿမိဳ႕လယ္တြင္ ေပါက္ကြဲမႈမ်ားျဖစ္ေပၚအၿပီး လိုက္လံစစ္ေဆးေနသည့္ စစ္ေကာင္စီ၏ ရဲတပ္ဖြဲ႕ဝင္မ်ာ