News

ေနရပ္စြန႔္ခြာၿပီး အေလာင္းနဲ႔အတူ စစ္ေရွာင္ရတဲ့သူမ်ား…

ေနရပ္စြန႔္ခြာၿပီး အေလာင္းနဲ႔အတူ စစ္ေရွာင္ရတဲ့သူမ်ား…

ကႏၲာရဝတီတိုင္း(မ္)

ကရင္နီျပည္နယ္ရွိ လြိဳင္ေကာ္ၿမိဳ႕ေပၚရပ္ကြက္ေတြမွာ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားတဲ့အျပင္ စစ္ေကာင္စီတပ္မွ ေလေၾကာင္းတိုက္ခိုက္မႈေတြ ျပဳလုပ္ေနတဲ့အတြက္ ၿမိဳ႕ကို စြန႔္ခြာၿပီး ထြက္ေျပးတိမ္းေရွာင္ၾကရပါတယ္။

ဒီကေန႔ ဇန္နဝါရီလ ၉ ရက္ေန႔မွာ ပစ္ခတ္မႈ ခနတာ ၿငိမ္တဲ့အခ်ိန္မွာ ၿမိဳ႕ေပၚလူထုေတြဟာ ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကတာပါ။

အဲ့ဒီထဲမွာမွ လြိဳင္ေကာ္ၿမိဳ႕ေပၚရပ္ကြက္တစ္ခုမွာ ဒီကေန႔မနက္ပိုင္းမွာပဲ ဆုံးသြားတဲ့ သက္ႀကီး႐ြယ္အိုအဖြားတစ္ေယာက္ကို ၿမိဳ႕တြင္းမွာ လက္ရွိအေျခအေနအရ သၿဂႋဳလ္ဖို႔မျဖစ္ႏိုင္တဲ့အတြက္

မိသားစုေတြက စစ္ေရွာင္တဲ့ေနရာကို အေလာင္းသယ္ၿပီး ေခၚယူသြားတာျဖစ္ပါတယ္။

မိသားစုနဲ႔နီးစပ္သူတစ္ဦးက“အဓိကက လြိဳင္ေကာ္ၿမိဳ႕ကို လူထုက စြန႔္ခြာတာေပါ့ေနာ လြိဳင္ေကာ္ၿမိဳ႕ကို လူထုကစြန႔္ခြာတယ္ ဒီစြန႔္ခြာတဲ့ထဲမွာမွ ေသဆုံးတဲ့ ဒီအဖြားအိုတစ္ေယာက္ကို လြိဳင္ေကာ္ၿမိဳ႕မွာသၿဂႋဳလ္ဖို႔ေနရာမရွိဘူးေပါ့

တိက်တဲ့ေနရာမရတာရယ္ မီးနဲ႔သၿဂႋဳလ္ဖို႔စီစဥ္ဖို႔ မရွိတာရယ္ အဲ့ဒါေၾကာင့္မို႔ ဒီအေလာင္းနဲ႔အတူ စစ္ေရွာင္တဲ့ေနရာကိုသယ္သြားၿပီးေတာ့မွ ဒီအေလာင္းကို စစ္ေရွာင္တဲ့ေနရာမွာသြားသၿဂႋဳလ္မွာျဖစ္တယ္” လို႔ ေျပာပါတယ္။

ဒီကေန႔ မနက္ပိုင္းမွာ လြိဳင္ေကာ္ၿမိဳ႕ကို စြန႔္ခြာေရွာင္တိမ္းတဲ့သူ မ်ားျပားေနၿပီး လြိဳင္ေကာ္ၿမိဳ႕အထြက္လမ္းမွာ စစ္ေကာင္စီတပ္သားေတြ ေသနတ္နဲ႔ပစ္ခတ္ခဲ့ပါေသးတယ္။

ကန္တာရဝတီတိုင်း(မ်)

Unicode Version

နေရပ်စွန့်ခွာပြီး အလောင်းနဲ့အတူ စစ်ရှောင်ရတဲ့သူများ…

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်ရှိ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားတဲ့အပြင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် မြို့ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ ပစ်ခတ်မှု ခနတာ ငြိမ်တဲ့အချိန်မှာ မြို့ပေါ်လူထုတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

အဲ့ဒီထဲမှာမှ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တစ်ခုမှာ ဒီကနေ့မနက်ပိုင်းမှာပဲ ဆုံးသွားတဲ့ သက်ကြီးရွယ်အိုအဖွားတစ်ယောက်ကို မြို့တွင်းမှာ လက်ရှိအခြေအနေအရ သင်္ဂြိုလ်ဖို့မဖြစ်နိုင်တဲ့အတွက်

မိသားစုတွေက စစ်ရှောင်တဲ့နေရာကို အလောင်းသယ်ပြီး ခေါ်ယူသွားတာဖြစ်ပါတယ်။

မိသားစုနဲ့နီးစပ်သူတစ်ဦးက“အဓိကက လွိုင်ကော်မြို့ကို လူထုက စွန့်ခွာတာပေါ့နော လွိုင်ကော်မြို့ကို လူထုကစွန့်ခွာတယ် ဒီစွန့်ခွာတဲ့ထဲမှာမှ သေဆုံးတဲ့ ဒီအဖွားအိုတစ်ယောက်ကို လွိုင်ကော်မြို့မှာသင်္ဂြိုလ်ဖို့နေရာမရှိဘူးပေါ့

တိကျတဲ့နေရာမရတာရယ် မီးနဲ့သင်္ဂြိုလ်ဖို့စီစဉ်ဖို့ မရှိတာရယ် အဲ့ဒါကြောင့်မို့ ဒီအလောင်းနဲ့အတူ စစ်ရှောင်တဲ့နေရာကိုသယ်သွားပြီးတော့မှ ဒီအလောင်းကို စစ်ရှောင်တဲ့နေရာမှာသွားသင်္ဂြိုလ်မှာဖြစ်တယ်” လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ လွိုင်ကော်မြို့ကို စွန့်ခွာရှောင်တိမ်းတဲ့သူ များပြားနေပြီး လွိုင်ကော်မြို့အထွက်လမ်းမှာ စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်ခဲ့ပါသေးတယ်။

ကန်တာရဝတီတိုငျး(မျ)