News

မႏၲေလးမွာေပ်ာက္ေနတဲ့ မိုင္းကိုင္က အမ်ိဳးသမီး(၄)ဦးကို ငါးရက္အၾကာမွာ ျပန္ေတြ႕

မႏၲေလးမွာေပ်ာက္ေနတဲ့ မိုင္းကိုင္က အမ်ိဳးသမီး(၄)ဦးကို ငါးရက္အၾကာမွာ ျပန္ေတြ႕

မႏၲေလးမွာ အလုပ္လုပ္ဖို့ ထြက္သြားတဲ့ ရွမ္းေတာင္ မိုင္းကိုင္က အမ်ိဳးသမီးငယ္ ၄ ဦး ေပ်ာက္ဆုံးၿပီး ငါးရက္အၾကာ မေန႔ ဇန္နဝါရီ ၇ ရက္မွာ ျပန္လည္ေတြ႕ရွိၿပီ ျဖစ္ပါတယ္။

၎တို့နဲ႔ နီးစပ္သူတစ္ဦးက “မႏၲေလး မန္လြယ္ ဆရာေလးေက်ာင္းမွာ ေရာက္ေနတာ။

သူတို့ေက်ာင္းကေန ထြက္သြားတဲ့အခ်ိန္ အမ်ိဳးသမီးတစ္ဦးက ေတြ႕ၿပီးေတာ့ သူတို့ကို တအာင္းဘုန္းႀကီးေက်ာင္း ဇလပ္ဝါေက်ာင္းမွာ လာပို့သြားတာ။

ဘုန္းႀကီးေတြက မိန္းကေလးေတြ ျဖစ္ေနတဲ့အတြက္ ဆရာေလးဆီကို ျပန္လႊဲလိုက္တာ။ ဆရာေလးေတြကလည္း ဘာလုပ္ရမွန္းမသိေတာ့ သူတို့မွာလည္း အဝတ္မပါေတာ့ ဆရာေလး ဝတ္ေပးလိုက္တာ” လို႔ ေျပာပါတယ္။

“ဒီေန႔ က်ေနာ္တို႔ သြားေမးလိုက္ေတာ့ သူတို႔လည္း မဝတ္ခ်င္ဘူးတဲ့။ ျပန္ခ်င္တယ္ဆိုၿပီးေျပာေတာ့ ကၽြန္ေတာ္တို႔ ျပန္ေခၚခဲ့လိုက္တယ္” လို႔ ၎က ဆက္ေျပာပါတယ္။

မႏၲေလးမွာ အလုပ္လုပ္ဖို့ ေရာက္လာတဲ့ ၎တို့ ၄ ဦးဟာ မႏၲေလးၿမိဳ့ (၈၃)လမ္း (၃၉)နဲ႔ (၄၀)ၾကားရွိ ေပါင္းလဲတိုက္ ရတနသိခၤအုတ္ေက်ာင္းမွာ တည္းခိုၿပီး

ဇန္နဝါရီ ၃ ရက္ မနက္ ၄ နာရီခန္႔မွာ ေက်ာင္းကေန ထြက္သြားရာကေန အဆက္အသြယ္ မရေတာ့ပဲ ေပ်ာက္သြားတာ ျဖစ္ပါတယ္။

Credit

Unicode Version

မန္တလေးမှာပျောက်နေတဲ့ မိုင်းကိုင်က အမျိုးသမီး(၄)ဦးကို ငါးရက်အကြာမှာ ပြန်တွေ့

မန္တလေးမှာ အလုပ်လုပ်ဖို့ ထွက်သွားတဲ့ ရှမ်းတောင် မိုင်းကိုင်က အမျိုးသမီးငယ် ၄ ဦး ပျောက်ဆုံးပြီး ငါးရက်အကြာ မနေ့ ဇန်နဝါရီ ၇ ရက်မှာ ပြန်လည်တွေ့ရှိပြီ ဖြစ်ပါတယ်။

၎င်းတို့နဲ့ နီးစပ်သူတစ်ဦးက “မန္တလေး မန်လွယ် ဆရာလေးကျောင်းမှာ ရောက်နေတာ။

သူတို့ကျောင်းကနေ ထွက်သွားတဲ့အချိန် အမျိုးသမီးတစ်ဦးက တွေ့ပြီးတော့ သူတို့ကို တအာင်းဘုန်းကြီးကျောင်း ဇလပ်ဝါကျောင်းမှာ လာပို့သွားတာ။

ဘုန်းကြီးတွေက မိန်းကလေးတွေ ဖြစ်နေတဲ့အတွက် ဆရာလေးဆီကို ပြန်လွှဲလိုက်တာ။ ဆရာလေးတွေကလည်း ဘာလုပ်ရမှန်းမသိတော့ သူတို့မှာလည်း အဝတ်မပါတော့ ဆရာလေး ဝတ်ပေးလိုက်တာ” လို့ ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ သွားမေးလိုက်တော့ သူတို့လည်း မဝတ်ချင်ဘူးတဲ့။ ပြန်ချင်တယ်ဆိုပြီးပြောတော့ ကျွန်တော်တို့ ပြန်ခေါ်ခဲ့လိုက်တယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

မန္တလေးမှာ အလုပ်လုပ်ဖို့ ရောက်လာတဲ့ ၎င်းတို့ ၄ ဦးဟာ မန္တလေးမြို့ (၈၃)လမ်း (၃၉)နဲ့ (၄၀)ကြားရှိ ပေါင်းလဲတိုက် ရတနသိင်္ခအုတ်ကျောင်းမှာ တည်းခိုပြီး

ဇန်နဝါရီ ၃ ရက် မနက် ၄ နာရီခန့်မှာ ကျောင်းကနေ ထွက်သွားရာကနေ အဆက်အသွယ် မရတော့ပဲ ပျောက်သွားတာ ဖြစ်ပါတယ်။

Credit