News

ဦးမင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ ဝန်ကြီးများကို ကောလင်း pdf မှတောင်းပန်စာ…

ဦးမင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ ဝန်ကြီးများကို ကောလင်း pdf မှတောင်းပန်စာ…

ကောလင်း PDF မှ တောင်းပန်စာ

စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်

ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း !

သက်ဆိုင်ရာ စစ်ဘက်၊အရပ်ဘက် ဌာနများ၊ နစက ကောင်စီ ဥက္ကဌ ဝန်ကြီးချုပ်

ဦးမင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ ဝန်ကြီးများ၊ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး

ဝန်ကြီး ဒေါ်သက်သက်ခိုင်နဲ့ သက်ဆိုင်ရာ လူကြီးမင်းများခင်မျာ…

ကျွန်တော်တို့ ကောလင်း PDF အပေါ် စစ်ရေး၊ အုပ်ချုပ်ရေး၊ ဖိနှိပ်ချုပ်ချယ်ရေး၊

ရပ်ရွာ မီးရှို့ဖျက်စီးရေးတွေ လုပ်နေတာ ကျွန်တော်တို့ အနေနဲ့ ထွေထွေထူးထူး မပြောလိုပါဘူး။

ဒါပေမယ့် တစ်ခုပဲ တောင်းဆိုချင်ပါတယ်။

ဗိုလ်ချုပ်ကြီးတို့ ဘက်ကလာတဲ့ စစ်သားတွေရဲ့ အလောင်းတွေကို တော့ ကျေးဇူးပြု၍ နိုင်အောင်ပြန်ကောက်ယူပေးပါ။

ကျွန်တော်တို့မှာ သူတို့ကို မီးရှို့ပေးဖို့ အထိ အချိန်ပေးနိုင်ဖို့ အလုပ်မအားကြတာမို့ ပါ။

ပုပ်ပွလာမှ…. ဒေသခံပြည်သူ အနံ့မခံနိုင်လို့ လုပ်ပေးရတာမျိုးတွေ ရှိနေပါတယ်။

ဒါကြောင့် ဒီကိစ္စလေးကိုတော့ ကျေးဇူးပြု၍ ကူညီပေးပါ… 😏

လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေး ဝန်ကြီး ဒေါ်သက်သက်ခိုင် ဌာနနဲ့လည်း ဆိုင်ပါတယ်။

မိမိ ပြည်သူ မိမိစစ်သား အတွက် သဂြိုလ်မယ့် နေရာလေးလောက်တော့ ပြန်လည်နေရာချထားပေးရေး လုပ်ပေးကြပါ။

ကိုယ့်တာဝန်လေး ကိုယ်ကျေပေးကြပါ ခင်မျာ။

မေတ္တာရပ်ခံ တောင်းပန်ခြင်းပါ… 🙏

ပုံ / ကောလင်း PDF



















ပုံ / ကောလင်း PDF