News

အထက်တန်းကျောင်း တက်စဥ်က ချစ်ကြိုက်ခဲ့ဖူးသော ရည်းစားဟောင်းကို နှစ်ပေါင်း ၆၀ ကြာမှ တောင်းရမ်းလက်ထပ်ခဲ့သည့် အမျိုးသားကြီး

အထက်တန်းကျောင်း တက်စဥ်က ချစ်ကြိုက်ခဲ့ဖူးသော ရည်းစားဟောင်းကို

နှစ်ပေါင်း ၆၀ ကြာမှ တောင်းရမ်းလက်ထပ်ခဲ့သည့် အမျိုးသားကြီး

ထိုင်းနိုင်ငံမှ အသက် ၆၀ အရွယ် အမျိုးသားကြီးတစ်ဦးသည် အိမ်ထောင်ကျပြီး သားသမီး၂ ယောက် ရရှိချိန်တွင်

ဇနီးဖြစ်သူမှ ရောဂါအခံကြောင့် ဆုံးပါးသွားခဲ့ရာ အတော်လေး ခံစားခဲ့ရသည်။

ထိုအဖြစ်ကို သိရှိသော အထက်တန်း ကျောင်းတက်စဥ်က ချစ်ကြိုက်ခဲ့ဖူးသည့် အသက်တူအရွယ်တူ ရည်းစားဟောင်းသည်

အမျိုးသားရဲ့စိတ်ခံစားချက် သက်သာစေရန် တာဝန်ယူကာ လက်ထပ်လိုကြောင်း စကား စလာခဲ့သည်။

သူတို့နှစ်ဦးသည် အထက်တန်းကျောင်း အောင်ပြီး အလုပ်ကိုယ်စီ ဝင်ကြရကာ တစ်နယ်စီဝေးခဲ့ကြ၍ အမျိုးသားကြီးမှ အိမ်ထောင်ကျခဲ့သော်လည်း

ရည်းစားဟောင်းဖြစ်သူကတော့ ယနေ့တိုင်အပျိုကြီး ဖြစ်နေဆဲ ဖြစ်သည်။

ထို့ကြောင့် အမျိုးသားကြီးသည် ရည်းစားဟောင်းရဲ့အဆိုပြုချက်ကို လက်ခံကာ သားသမီးတွေကလည်း သဘောတူခဲ့သည့်အတွက်

လူကြီးစုံရာနဲ့ ထိုရည်းစားဟောင်း အမျိုးသမီးအား လက်ထပ်ဖို့ တောင်းရမ်းခဲ့သည်။

Credit










