ကြားသိရသမျှ
ပန်ဆယ်လို
Unicode Version ဖြင့်ဖတ်ရန်
တပ်လက်မဲ့ဖြစ်အောင်လုပ်ခံလိုက်ရတဲ့ လေတပ်ချုပ်မောင်မောင်ကျော်နဲ့စစ်ကိုင်းတိုင်းမှူးဖြိုးသန့်
တပ်တွင်းမှာ Inner Struggle တွေ ဖြစ်နေပြီဆိုတဲ့ သတင်း ဒီရက်ပိုင်းမှာ ဖရဲသီးတွေဆီက ခပ်စိတ်စိတ်ကြားရတယ်။
ဒီနေ့ပဲ လေတပ်ချုပ်မောင်မောင်ကျော်နဲ့ စစ်ကိုင်းတိုင်းမှူး ဖြိုးသန့်ကို ဖြုတ်ထုတ်သတင်း တရားဝင်ကြေညာတယ်။
ထူးဆန်းတာက လေတပ်ချုပ်ဆိုတဲ့ကောင်ကို သက်ပြည့်ပင်စင်ပေးလိုက်ပေမယ့် နစကကောင်စီဝင်အဖြစ် ဆက်လက်ထားရှိမယ်လို့ သိရတယ်။
ဒါဟာ မင်းအောင်လှိုင်အနေနဲ့ သူ့ကို ပြန်အာဏာသိမ်းလာနိုင်ချေရှိတယ်လို့ သံသယဝင်လာလို့ တပ်လက်ကိုင်မဲ့ဖြစ်သွားအောင် ရာထူးက အနားပေးလိုက်တာ။
အစွယ်ချိုးလိုက်တာ။ ဒါပေမယ့် နစကကောင်စီဝင်အဖြစ် ဆက်ထားမယ်ဆိုတာ သူနဲ့အတူတူ အမှုဆက်တွဲထားတဲ့သဘောပဲ။
ဖြိုးသန့်ကိုလည်း အလားတူပဲ။ ရွှေ့လိုက်တဲ့နေရာက နယ်စပ်ရေးရာ ဒုဝန်ကြီး။ ဝန်ကြီးတောင် မဟုတ်ဘူး။ ဒုဝန်ကြီးအဆင့်။ ဒုဝန်ကြီးရာထူးဖြစ်တဲ့အတွက် အရပ်ဘက်ကို ရွှေ့လိုက်တာ။
တပ်လက်မဲ့ဖြစ်အောင် လုပ်လိုက်တဲ့အပြင် အမှုတွဲထားတာ။
မင်းအောင်လှိုင်အနေနဲ့ သူ့တပ်ကိုသူ အယုံအကြည်မရှိတော့ဘူးဆိုတဲ့သဘောကို ပြသနေတဲ့ လုပ်ရပ်တွေပဲ။
တပ်တွင်းအကွဲအပြဲဆိုတာ ကောလာဟလမဟုတ်ဘူးဆိုတာ အတည်ပြုလိုက်တဲ့ လုပ်ရပ်ပဲ။ တပ်တွင်းမှာလည်း မကျေနပ်မှုတွေ ဂယက်ထနေပြီဆိုတဲ့ သက်သေပဲ။
မင်းအောင်လှိုင်ဟာ ပြည်သူကို ယုတ်မာရုံတင်မက သစ္စာခံတွေကိုပါ အနီးကပ်ယုတ်မာတော့မယ်ဆိုတဲ့ အခြေအနေပဲ။ တပ်ဘဲတွေလည်း မချောင်ဘူး။
စစ်အာဏာသိမ်းတယ်ဆိုတာ ပြည်သူတင် ဒုက္ခရောက်တာ မဟုတ်ဘူး။ စစ်တပ်ပါ ဒုက္ခရောက်တယ်ဆိုတာကို လက်တွေ့သိလာရတော့မယ်။
သံသယနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း၊ အကြောက်တရားနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းဟာ အခက်အခဲကြုံလာရင် ပြိုမှာပဲ။
အတွင်းလှိုက်ပြိုနေတဲ့ စောက်တပ်ဟာ တော်လှန်ရေးဟာ အရှိန်အဟုန်မြင့်လာတာနဲ့အမျှ ပြိုကွဲထွက်လာတော့ဖို့ တည်းတည်းလေးပဲ။
ပြည်သူတွေအနေနဲ့ ကိုယ်တွေဘက်ကချည်း စိတ်ဆင်းရဲနေရတာ မဟုတ်ဘူး။ MaALoe တွေလည်း အာဏာသိမ်းကတည်းက တစ်ရက်မှ ခေါင်းပြားပြားအိပ်ခွင့်မရတာကိုတွေးပြီး ပီတိဖြစ်ကြစမ်းပါ။
ပြည်သူဆိုတာ လက်ခုပ်ထဲက ရေမဟုတ်ဘူး။ လက်ခုပ်ထဲက ဖန်ကွဲစဆိုတာ စူးစူးရှရှ ပြသကြရအောင်။
ငါတို့အမဲလိုက်တဲ့အလှည့်ကျ မျက်ရည်မကျကြေး ဂေါင်းကြီးတို့။
ပန်ဆယ်လို