News

ရန္ကုန္စစ္ဆင္ေရး ေနာက္တစ္ဆင့္ အရွိန္ျမႇင့္မည္ ျဖစ္သျဖင္႔ ျပည္သူမ်ားအသြားအလာအထူးဂရုစိုက္ၾကပါ

ရန္ကုန္စစ္ဆင္ေရး ေနာက္တစ္ဆင့္ အရွိန္ျမႇင့္မည္ ျဖစ္သျဖင္႔ ျပည္သူမ်ားအသြားအလာအထူးဂရုစိုက္ၾကပါ

စမ္းေခ်ာင္းဂြေစ်း၊ စည္ပင္ကားအနီး ဗုံးပစ္ခံရ ၊ ရန္ကုန္ၿမိဳ႕နယ္မ်ားႏွင့္ရဲစခန္းတခ်ိဳ႕တြင္ ဗုံးေပါက္ကြဲမႈႏွင့္ပစ္ခတ္မႈ ဆက္တိုက္ျဖစ္ခဲ႔ျပီးေနာက္

ရန္ကုန္စစ္ဆင္ေရး အရွိန္ျမႇင့္မည္ဟု သတိေပး

ရန္ကုန္၊ ဇန္နဝါရီ ၁၂

ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဂြေစ်းအနီး စည္ပင္ကားအနီး ယေန႔ နံနက္ ၈ နာရီဝန္းက်င္ ဗုံးပစ္ခံရေၾကာင္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္တခ်ိဳ႕က လာေရာက္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း

ေဒသခံတစ္ဦးက ရန္ကုန္ေခတ္သစ္သို႔ ေျပာဆိုသည္။

“လူမထိဘူး။ အသံဗုံးထင္တယ္။ အသံေတာ့အရမ္းက်ယ္တယ္။ ဟိုေကာင္ေတြေတာ့ လာစစ္ေနၿပီ” ဟုေဒသခံတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕ေတာ္တြင္ ယခုရက္ပိုင္းအတြင္း ပစ္ခတ္မႈမ်ားႏွင့္ ဗုံးကြဲမႈမ်ား ဆက္တိုက္ျဖစ္ပြားလ်က္ရွိေၾကာင္း သိရွိရသည္။

ဇန္နဝါရီလ ၁၁ ရက္ေန႔ ည ၉ နာရီဝန္းက်င္တြင္ ေတာင္ဒဂုံႏွင့္ေျမာက္ဒဂုံတို႔တြင္ ဗုံးေပါက္ကြဲမႈမ်ားျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

အလားတူ ရန္ကုန္တိုင္း၊ ဒလၿမိဳ႕နယ္တြင္ ဇန္နဝါရီလ ၁၁ ရက္ေန႔ နံနက္ ၂ နာရီ ၁၃ မိနစ္အခ်ိန္ ဗုံးေပါက္ကြဲသံတစ္ခ်က္ၾကားရၿပီး ေသနတ္သံ ၁၇ ခ်က္ၾကားရေၾကာင္း၊ စစ္တပ္က ရမ္းသမ္းပစ္ခတ္မႈျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

အလားတူ ဇန္နဝါရီ ၁၀ရက္ေန႔ ည ၇ နာရီ ၁၀ မိနစ္အခ်ိန္ သန္လ်င္ၿမိဳ႕နယ္၊ ဦးေအာင္ေဇယ်ာလမ္းရွိ စည္ပင္ရိပ္သာကို လက္ပစ္ဗုံးျဖင့္ တိုက္ခိုက္ခဲ့ၿပီး

ရန္ကုန္တိုင္း စည္ပင္သာယာ ေမာ္ေတာ္ယာဥ္ဌာနဦးစီးအရာရွိ၏ Toyota Mark II ကား အင္ဂ်င္အေရွ႕ခန္း လုံးဝပ်က္စီးသြားေၾကာင္း သိရွိရသည္။

အလားတူ ဇန္နဝါရီလ ၁၀ ရက္ေန႔ ညပိုင္း ၈ နာရီ ၄၅ မိနစ္ဝန္းက်င္ တြံေတးၿမိဳ႕ ရဲစခန္းအနီးအနားတြင္ ပစ္ခတ္မႈတခ်ိဳ႕ ျဖစ္ပြားခဲ့ေၾကာင္း၊

လက္နက္ကိုင္အဖြဲ႕တစ္ခုႏွင့္ ရဲစခန္းအနီး လုံၿခဳံေရးဂိတ္မွ စစ္သားတခ်ိဳ႕ႏွင့္ အျပန္အလွန္ ပစ္ခတ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕၌ စစ္ဆင္ေရးမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ေတာ့မည္ျဖစ္ေသာေၾကာင့္ ျပည္သူမ်ားအေနျဖင့္ မလိုအပ္ဘဲ အျပင္မထြက္ၾကရန္

ဗမာ့ေနာက္ဆုံးေတာ္လွန္ေရးလက္နက္ကိုင္တပ္ဖြဲ႕(B.F.R.A.F)က ဇန္နဝါရီလ ၁၁ ရက္ေန႔တြင္ တရားဝင္ သတိေပးစာထုတ္ျပန္သည္။

ျပည္သူမ်ားအေနျဖင့္ စစ္ေကာင္စီဝင္မ်ားရွိသည့္ေနရာမ်ားကို ေရွာင္ၾကရန္ႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ျပည္သူမ်ားအၾကားသြားလာပါကလည္း ယင္းေနရာမွ ေရွာင္ၾကရန္လည္း B.F.R.A.F က သတိေပးသည္။

ထို႔အျပင္ ၎တို႔အဖြဲ႕အေနျဖင့္ စစ္ဆင္ေရးမ်ားကို အျပင္းအထန္လုပ္ေဆာင္ေတာ့မည္ျဖစ္ေသာေၾကာင့္ လမ္းေပၚတြင္မဆိုင္သည့္ ပစၥည္းမ်ားကိုမထိရန္ႏွင့္ မလိုအပ္ပဲ အျပင္မထြက္ၾကရန္လည္း သတိေပးထားသည္။

Credit – newstoday54.com

Unicode Version

ရန်ကုန်စစ်ဆင်ရေး နောက်တစ်ဆင့် အရှိန်မြှင့်မည် ဖြစ်သဖြင့် ပြည်သူများအသွားအလာအထူးဂရုစိုက်ကြပါ

စမ်းချောင်းဂွဈေး၊ စည်ပင်ကားအနီး ဗုံးပစ်ခံရ ၊ ရန်ကုန်မြို့နယ်များနှင့်ရဲစခန်းတချို့တွင် ဗုံးပေါက်ကွဲမှုနှင့်ပစ်ခတ်မှု ဆက်တိုက်ဖြစ်ခဲ့ပြီးနောက်

ရန်ကုန်စစ်ဆင်ရေး အရှိန်မြှင့်မည်ဟု သတိပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဂွဈေးအနီး စည်ပင်ကားအနီး ယနေ့ နံနက် ၈ နာရီဝန်းကျင် ဗုံးပစ်ခံရကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က လာရောက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း

ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“လူမထိဘူး။ အသံဗုံးထင်တယ်။ အသံတော့အရမ်းကျယ်တယ်။ ဟိုကောင်တွေတော့ လာစစ်နေပြီ” ဟုဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော်တွင် ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများနှင့် ဗုံးကွဲမှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် တောင်ဒဂုံနှင့်မြောက်ဒဂုံတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၂ နာရီ ၁၃ မိနစ်အချိန် ဗုံးပေါက်ကွဲသံတစ်ချက်ကြားရပြီး သေနတ်သံ ၁၇ ချက်ကြားရကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ဇန်နဝါရီ ၁၀ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် သန်လျင်မြို့နယ်၊ ဦးအောင်ဇေယျာလမ်းရှိ စည်ပင်ရိပ်သာကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး

ရန်ကုန်တိုင်း စည်ပင်သာယာ မော်တော်ယာဉ်ဌာနဦးစီးအရာရှိ၏ Toyota Mark II ကား အင်ဂျင်အရှေ့ခန်း လုံးဝပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်း ၈ နာရီ ၄၅ မိနစ်ဝန်းကျင် တွံတေးမြို့ ရဲစခန်းအနီးအနားတွင် ပစ်ခတ်မှုတချို့ ဖြစ်ပွားခဲ့ကြောင်း၊

လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် ရဲစခန်းအနီး လုံခြုံရေးဂိတ်မှ စစ်သားတချို့နှင့် အပြန်အလှန် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ စစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်

ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့(B.F.R.A.F)က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရားဝင် သတိပေးစာထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီဝင်များရှိသည့်နေရာများကို ရှောင်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများအကြားသွားလာပါကလည်း ယင်းနေရာမှ ရှောင်ကြရန်လည်း B.F.R.A.F က သတိပေးသည်။

ထို့အပြင် ၎င်းတို့အဖွဲ့အနေဖြင့် စစ်ဆင်ရေးများကို အပြင်းအထန်လုပ်ဆောင်တော့မည်ဖြစ်သောကြောင့် လမ်းပေါ်တွင်မဆိုင်သည့် ပစ္စည်းများကိုမထိရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ကြရန်လည်း သတိပေးထားသည်။

Credit – newstoday54.com