Knowledge

ဒီပုံကို မြင်တဲ့သူတိုင်းလူမှန်ရင် စိတ်ထဲခံစားရတယ် မဟုတ်လား…?

ဒီပုံကို မြင်တဲ့သူတိုင်းလူမှန်ရင် စိတ်ထဲခံစားရတယ် မဟုတ်လား…?

ချမ်းအေးတဲ့ ဒီအချိန်မှာ မိဘရင်ခွင်ထဲ အေးချမ်းစွာနေရမယ့်အချိန် သေနတ်သံ ဗုံးသံတွေကြား ပြေးလွှားနေရတယ်

ကလေးကိုချီထားတဲ့သူက အဖေလည်းဖြစ်နိုင်တယ်လို့တွေးကြည့်ရင် ဘယ်အဖေမှတော့ အပြစ်ကင်းတဲ့ကိုယ့်ရင်သွေးကို ချီရင်း လူသတ်လက်နက်တော့ ကိုင်ချင်မှာမဟုတ်ဘူး

ကိုယ့်ကလေးကို ချော့မြူနေတာပဲဖြစ်ချင်မှာပါ…

ဒါပေမယ့် ကိုယ့်ရင်သွေးရဲ့အနာဂတ်၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မျိုးဆက်သစ်ရင်သွေးငယ်တွေရဲ့ အနာဂတ်အားလုံးအတွက် ခုလက်နက်ကိုင်ထားရတယ်

ကလေးချီရင်း လက်နက်ကိုင်ထားတဲ့ဖခင်တစ်ယောက်ရဲ့ ရင်တွင်းကို ဝင်ကြည့်ကြည့်ပါ

ခုချိန်မှာ တိုက်ရင်းလည်း သေနိုင်သလို ပြေးရင်းလွှားရင်းလည်း ကလေးရောလူကြီးပါ လက်နက်ထိ သေနိုင်တယ်

ဒီပုံလေးကြည့်ပြီး သနားစရာကောင်းတယ် ဝမ်းနည်းနေတာထက်ပိုတာကို ပြည်သူအားလုံးလုပ်သင့်ပါတယ်၏

အခြေအနေတစ်ခုကြောင့် မဖြစ်မနေလက်နက်ကိုင်ရတဲ့ ဖခင် မိခင်တွေ ၊ မိဘနဲ့ခွဲနေရတဲ့ လူငယ်တွေအတွက် ပြည်သူအားလုံး ထောက်ပို့အဖြစ် ပါဝင်ပေးကြပါ။

ပုံတွေမြင်လို့ သနားစရာကောင်းလိုက်တာဆိုတာထက် ပိုလုပ်သင့်တာကို လုပ်ပေးကြပါ…

နိုင်မယ့်ပွဲ မကြာရှည်စေဖို့ လူတိုင်းပါဝင်ပေးကြပါ….

မိသားစုတွေ အားလုံး ဆုံစည်းဖို့ လူတိုင်းရဲ့ အင်အားလိုပါတယ်….

ငါတို့မှာ ငါတို့ပဲရှိတာပါ….

NST

Zawgyi Version














NST