Healthy

နေ့စဉ်သောက်နေကျရေထဲ ကို သခွားသီးလေး ပဲထည့်ပြီး သောက်ကြည့်ပါ

နေ့စဉ်သောက်နေကျရေထဲ ကို သခွားသီးလေး ပဲထည့်ပြီး သောက်ကြည့်ပါ

နေ့စဉ်သောက်နေကျရေထဲ ကို သခွားသီးလေး ပဲထည့်ပြီး သောက်ကြည့်ပါ

Cucumber Water

နေ့စဉ်သောက်သုံးနေသည့်ရေထဲကို သခွားသီးထည့်၍သောက်သုံးခြင်းဖြင့်ပါသည်။

Cucumber Water မှာ ရရှိစေနိုင်မည့်အကျိုးကျေးဇူးများစွာရှိပါသည်။

(1) Cucumber water က Detox Water အမျိုးအစားဖြစ်သည့်အတွက် ခန္ဓာကိုယ်မှအဆိပ်အတောက်များကိုဖယ်ရှားပေးပါသည်။

(2) ရေဓါတ်ဖြည့်စီးပေးတဲ့အတွက် အသားအရေကြည်လင်စေပါသည်။

(3) သခွားသီးမှာ antioxidants အပြည့်အဝပါဝင်ပါသည်။

Vitamins C , Vitamins B5 ဓါတ်များလည်းပါဝင်ပါသည်။

မျက်နှာအရေးအကြောင်းဖြစ်ခြင်းကိုကာကွယ်ပေးခြင်း၊ မျက်နှာနှင့်skin တွက် အရမ်းကိုအကျိုးရှိစေပါသည်။

(4) သခွားသီးမှာ vitamin K ဓါတ်ပါဝင်တဲ့အတွက် အရိုးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါသည်။

(5) Calories ကို လျော့ချစေပါသည်။

(6) ဝမ်းဗိုက်မှအဆီများကိုသိသိသာသာကျစေပါသည်။

(7) ဝိတ်ချလိုသူများအတွက် Cucumber Water ကိုသောက်ခြင်းဖြင့် ဝိတ်ချခြင်းများအရမ်းအထောက်အကူဖြစ်စေပါသည်။

(8) ဦးနှောက်ကျန်းမာရေးကို အရမ်းကိုအထောက်အကူဖြစ်စေပါသည်။

(9) သခွားသီးမှာ potassium ဓါတ်ပါဝင်တဲ့အတွက် blood pressure ကိုထိန်းညှိပေးပါသည်။

သွေးတိုးရှိသူများ အတွက်အရမ်းကောင်းပါသည်။

(10) Cancer ရောဂါများဖြစ်ပွားမှုကိုကာကွယ်ပေးပါသည် ။

ရင်သားကင်ဆာ နဲ ့သားအိမ်ကင်ဆာ ဖြစ်ခြင်းမှကာကွယ်ပေးသည့်အပြင်

ဖြစ်နေသူများအတွက်လည်း သက်သာပျောက်ကင်းနိုင်စေတဲ့ အထိ အရမ်းအကျိုးသက်ရောက်မှုရှိပါသည်။

(11) ကြွက်သားကျန်းမာရေးအတွက်အထောက်ဖြစ်စေပါသည်။

ကြွက်သားများ နာကျင်စေမှုကို သက်သာပျောက်ကင်းစေပါသည်။

ပြုလုပ်နည်း

– ရေဗူးထဲတွင် သခွားသီးကို ပါးပါးလှီး၍အနည်းငယ်ထည့်၍ ရေထည့်ပါ။

– သခွားသီးရဲ ့အခွံမှာ Vitamins K ဓါတ် 22% ပါဝင်တဲ့အတွက် ကျွန်မကတော့အခွံမခွာပါဘူး (အခွံမခွာခြင်းဖြင့် အခါးဓါတ်အနည်းငယ်ရရှိစေပါတယ် )

– သခွားသီးကို ရေတွင် အနည်းဆုံး ၁ နာရီ (သို ့) ၂ နာရီခန် ့စိမ်ထားပါ။

– Cucumber Water ကို ရေခဲသေတ္တာ (သို ့) အေးသောနေရာတွင်သာ ထားရှိပါ။

နေရောင်အောက် (သို ့) အပူဓါတ်ရှိသောနေရာတွင် မထားဖို ့လိုအပ်ပါသည်။

– သခွားသီးကိုရေထဲတွင် ၁၂ နာရီကြာသာထားရှိပါ။

– ၁၂ နာရီကြာစိမ်ထားပြီးရင် သခွားသီးကိုထုတ်လိုက်ပါ။

– ပြုလုပ်မည့်သခွားသီးပျော့နေလျှင် (သို ့)မလတ်ဆတ်မသန် ့ရှင်းလျှင် လုံးဝမလုပ်ပါနဲ ့။

– အကျိုးအာနိသင်မရရှိနိုင်ပါ။

– Cucumber Water သောက်သုံးခြင်းဖြင့် အကျိုးကျေးဇူးအများကြီးရရှိနိုင်လို ့ ကျန်းမာရေးဗဟုသုတ မျှဝေခြင်းဖြစ်ပါသည်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ

မူရင်း



Cucumber Water




















ပြုလုပ်နည်း












မူရင်း