Knowledge

မမျှော်လည်း အချိန်တန်ရင်ပေါ်မည့် မင်းလောင်းတွေ….

မမျှော်လည်း အချိန်တန်ရင်ပေါ်မည့် မင်းလောင်းတွေ….

နဂါးတပ်နဲ့ ဒေါင်းစစ်သည် တပေါင်းချီမည်

ဦးရည်မွန် ငယ်အမည် ”နဂါး” ဆိုရင် တဘောင်ကို ယုံလိုက်တော့ မင်းလောင်းမျှော်တာ မဟုတ်ဘူး အချိန်တန်ရင် မမျှော်လည်း သွသူပေါ်ထွက်လာမှာပဲ

ဒါက ခေတ်ရဲ့လိုအပ်ချက်အရ ရာစုနှစ်မှာပေါ်လေ့ရှိတဲ့ သဘာ၀ သဘောက သက်ဆိုင်ရာနယ်ပယ်မှာ ပေါ်ထွက်လာလေ့ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ ကျော်ကြားသူတွေ ပါရမီရှင်တွေကို ဆိုလိုတာ

မမျှော်လည်း ပေါ်လာမှာပဲ သူ့နေရာနဲ့သူ အံ့၀င်ဂွင်ကျ ဗိုလ်ချုပ်ပြီးတော့ အမေစုပေါ်တယ် အမေစုအလွန်လည်း နောက်ထပ်တစ်ယောက်မက အချိန်တန်ရင် တားအရ ဆီးမရနဲ့ မမျှော်လည်း ပေါ်ကိုပေါ်လာမှာပဲ

အဆုံးထိရှင်းအောင်ပြောရရင် အဲလိုလူတွေကို ဖန်တီးယူလို့ မြောက်ပင့်ပေးပြီး လုပ်ယူလို့မရဘူး

သူတို့မှာ ခေါင်းဆောင်ဖြစ်ထိုက်တဲ့ စံထားနှုန်းက နဂိုထဲက ပါရမီ ဗီဇနဲ့ လက္ခဏာအင်ကြင်မှာ ပြည့်စုံကုံလုံ ပါလာပြီးသား လူလေးစား ကြည်ညို အားကိုးထိုက်သူဆိုတာ သူတို့မှာ လုပ်မယူပဲ ရှိနေ ပါနေပြီးသား

ဥပမာ ထပ်လင်းရရင် ကျန်စစ်သားပေါ်လာဖို့ နမိတ်ကျမ်းဖတ်တော့ မပေါ်လာအောင် မွေးကင်းစ ကလေးကအစ သတ်တယ်ဆိုတဲ့ သမိုင်းက ရှိပြီးသား သတ်သူဘုရင် သိသူရှိမလား ဘယ်သူလဲဆိုတာ ?

ဆိုတဲ့သဘောက အချိန်တန်ရင် မမျော်လည်း တိုင်းပြည် လိုအပ်ချက်အရ မင်းလောင်းတွေ ခေါင်းဆောင်လောင်းတွေ ပါရမီရှင်တွေ ပေါ်ကို ပေါ်မှာကိုပြောချင်တာ

ကိုယ့်ထက် စရဏအားကောင်းတဲ့ ပုဂ္ဂိုလ်တွေ ထားခဲ့တဲ့ နိမိတ်တဘောင်ကျမ်းတွေကို မယုံကြည်လို့ရတယ်

သိူ့ပေမယ့်ပျက်ရယ်မပြုပဲ စောင့်ကြည့် လက်ခံလို့ရတယ် ဒီတော့ အဖြေက ထွက်နေတယ် ကာ၀န်ဦးရည်မွန် (နဂါး) ဦးဆောင်တဲ့တပ်မ‌တော် PDF က မအလအကြမ်းဖက်တပ်ကို နိုင်လိမ့်မည် မိစ္ဆာမင်းပြုတ်ကျလိမ့်မယ်

ဒါပဲ ပွဲအဖြေက ထွက်နေပြီ ဒီတော့ မအလ သူ့ဘာသာကြောက်လန့်ပြီး ရှိသမျှနဂါး လိုက်ဖျက်ခိုင်းလည်း မရတော့ဘူး တကယ့်နဂါးက PDF တပ်ကို ဦးစီးနေတဲ့ ကာ၀န်ဦးရည်မွန်ဖြစ်နေတယ်

နောက်ထပ်လည်း ဗိုလ်နဂါး စနေနဂါး နဂါးဖြူ နဂါးတပ်တွေဆိုပြီး အလိုလို အလျိုလျို ပေါ်ထွက်လာနေတာ အများကြီးဒါတွေက လုပ်ယူဖန်တီးနေတာ မဟုတ်ဘူး ခေတ်ရဲ့လိုအပ်ချက်အရ တိုက်ဆိုင်စွာ ဖြစ်တည် ပေါ်ထွန်း ပေါ်ပေါက်လာနေတာ

အားလုံးဟာ တဘောင်အရဆိုပြီး လုပ်ယူဖန်တီးနေတာ မဟုတ်ပဲ တည်ဆောက်ရင်း ဖြစ်လာနေတာတွေ

ဒီတော့ မယုံကြည်နေ လက်တွေ့မှဆိုလည်း ခုဖြစ်နေတာတွေက လက်တွေ့ပဲ ဘယ်သူမှ ထိုင်ပြီး မင်းလောင်းမျှော် ရေသာခို အချိုချောင်လိုက် တော်လှန်ရေးအတွက် FH ,တွေ ရေးနေတာ မဟုတ်ဘူး

ဖြစ်တည်မှုကို လက်တွေ့နဲ့ ယှဉ်ရေးပြနေတာ ငါတို့က ဒီတော့ မင်းတို့သာ မယုံကြည်တာ ယုံတဲ့ တဖက် စခတွေကတော့ ကြောက်လန့်ပြီး ယတြာချေ နဂါးပုံဖျက်နဲ့ ကြောက်ကန်နေပြီဆိုတာ လက်တွေ့ပဲ

ထိုအတွက် တခုထဲ လိုအပ်ရှိတယ် မအလတသိုက်ကို အမြစ်ဖြတ်ချင်ရင် ပြည်သူအားလုံး လက်တွေ့ ကူလှူပံ့ပိုးပေးကြရုံဟု ” မင်းလောင်းက ငယ်ပါဘိနှယ်တဲ့ ” ထိုစာသားအရဆို GZ လူငယ် မျိုးဆက် မင်းလောင်းတွေ တပုံကြီးပဲ

လာမည့် နိုင်ငံအသစ်အတွက် စိတ်ချရပြီ ခဗျားတို့သာ ရွေးချယ် ပေးအပ် နေရာပေးဖို့သာပြင်ထားကြမင်းလောင်းတစ်လောင်းတောင် မဟုတ်ဘူး မျှော်စရာမလိုဘူး ပုံနေတာ

ခေတ်အရ လိုအပ်ချက်အရ တမင်ကို ထွက်ပေါ်ထွန်းလာနေကြပြီ တန်ဖိုးရှိစွာ အသူံးချကြ နေရာစုံမှာ အတွက် ဒါပဲ !

မင်းကြည်ညိုနေ

Zawgyi Version











သို့ပေမယ့်ပျက်ရယ်မပြုပဲ စောင့်ကြည့် လက်ခံလို့ရတယ် ဒီတော့ အဖြေက ထွက်နေတယ် ကာဝန်ဦးရည်မွန် (နဂါး) ဦးဆောင်တဲ့တပ်မ‌တော် PDF က မအလအကြမ်းဖက်တပ်ကို နိုင်လိမ့်မည် မိစ္ဆာမင်းပြုတ်ကျလိမ့်မယ်









မင်းကြည်ညိုနေ