News

ဒေါ်စုလို အရည်အချင်းမျိုး နောင်ဆယ်သက်တောင် မလွယ်ဘူး”လို့ မိန့်တော်မူလိုက်တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက

ဒေါ်စုလို အရည်အချင်းမျိုး နောင်ဆယ်သက်တောင် မလွယ်ဘူး”လို့ မိန့်တော်မူလိုက်တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက

ဒေါ်စုလို အရည်အချင်းမျိုး နောင်ဆယ်သက်တောင် မလွယ်ဘူး”လို့ မိန့်တော်မူလိုက်တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက

ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကြွေးနွံနစ်နေတဲ့တိုင်းပြည်ကို စီမံခန့်ခွဲနိုင်ခဲ့တဲ့ ဒေါ်စုလိုအရည်အချင်းမျိုး ဦးဇင်းအနေနဲ့

ဒီတစ်သက်မပြောနဲ့ နောင်ဆယ်သက်တောင်မလွယ်ဘူးလို့ မိန့်လိုက်တဲ့ ဆရာတော် အရှင်ဆန္ဒာဓိက

အရှင်ဘုရားရဲ့ စာတွေကို ဖတ်ကြည့်တော့ ဒေါ်စုရဲ့ လုပ်ရပ်တွေအပေါ် စောဒကတက်တာ၊ ထောက်ပြ ဝေဖန်တာ တစ်ခုမှ မတွေ့ရပါဘူး ဘုရား ဘာကြောင့်ပါလဲ

အရှင်ဘုရား ဒေါ်စု လုပ်တာတွေအားလုံးကို ထောက်ခံသလား ဘုရား။ မထောက်ခံတာ တစ်ခုမှပဲ မရှိတာလား။

ဒီလိုမေးလို့ စိတ်မဆိုးပါနဲ့ဘုရား။မဆိုးပါဘူး ဒကာ။ ခုခေတ်စကားလုံးနဲ့ပြောရရင် ” အရှင်ဘုရားက ဒေါ်စု ( crazy ) ခရေဇီလား? ဒေါ်စု လော်ဘီ ( lobbyist ) လား?ပေါ့။

ထားပါလေ။ ဘယ်လိုထင်ထင် ပြဿနာမရှိပါဘူး။

လောကမှာ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အသိဉာဏ်ပညာ အဆင့်အတန်းမတူညီကြဘူး ဒကာရဲ့။

ဒီတော့ အတွေးအမြင်၊ အသိအမြင်ခြင်းလည်း ဘယ်တူမှာလဲ။ကိုယ်ကျွမ်းကျင်ရာမှာ လိမ္မာကြတာကိုး။

ပြိုင်ကားမောင်းတဲ့ နေရာမှာ ဟာမီတန်ကို သူရဲ့နည်းပြကဘယ်မှီမှာလဲ။ ဒီလိုပဲ။

ကမာ္ဘ့အကောင်းဆုံးဘောလုံးသမားတွေကို ထိန်းကျောင်းမောင်းနှင်နေတဲ့ နည်းပြဟာလည်း ကမာ္ဘ့အကောင်းဆုံးဘောလုံးသမား ဟုတ်ချင်မှ ဟုတ်မှာပေါ့။

ဘာကိုဆိုလိုချင်တာလည်းဆိုတော့ လူတိုင်းဟာသူ့နေရာနဲ့သူတော်ကြပေမဲ့ နေရာတိုင်းမှာတော်ကြတာမဟုတ်ပါဘူး

။ဒေါ်စုမသိတာတွေ၊ မတတ်တာတွေ အများကြီးပါ။

သိစရာ တတ်စရာတွေအားလုံးကို သိမှ တတ်မှ ခေါင်းဆောင်လုပ်ရမှာဆိုရင်တော့ ဘုရားဖြစ်မှ ရလိမ့်မယ်။

ဒါပေမဲ့ အဲဒီတော်ပေ့ တတ်ပေ့ဆိုတဲ့ ပညာရှင်တွေကို လိုအပ်သလို စီမံခန့်ခွဲ ထိန်းကျောင်းမောင်းနှင်နိုင်ဖို့ဆိုတာ တစ်သောင်းမှာတစ်ယောက် တစ်သိန်းမှာတစ်ယောက်မရှိဘူး။

အဲဒီအရည်အချင်းမျိုး ဒေါ်စုမှာရှိတယ်။

ခေါင်းဆောင်ကောင်းဆိုတာ မလုပ်တတ်တဲ့အရာကို ဘယ်တော့မှကိုယ်တိုင်မလုပ်ဘူး။လုပ်စရာလည်းမလိုဘူး။ ကျွမ်းကျင်တဲ့ပညာရှင်တွေကို စနစ်တကျ ခိုင်းတတ်ဖို့ပဲ လိုတယ်။

ပညာရှင်တွေရဲ့အကောင်းဆုံးအရည်အချင်းတွေကို ထုတ်ယူအသုံးချတတ်ရမယ်။ ထုတ်ယူအသုံးချပုံခြင်း တူချင်မှတူမယ်။

ဒကာတို့ ဘောလုံးလောကနဲ့ ပြောမယ်ဆိုရင် မော်ရင်ညိုနဲ့ အာစင်ဝင်းဂါးရဲ့ စီမံခန့်ခွဲမှုမတူသလို၊

ဂွါဒီယိုလာနဲ့ ဖာဂူဆန်ရဲ့ အရည်အချင်းကလည်းတူမှာ မဟုတ်ဘူး။

တစ်ခါတစ်ရံမှာ ဒေါ်စုလုပ်တာတွေ ပြောတာတွေကို နားမလည်တာရှိတာပေါ့။

သူများတွေကဒေါ်စုလုပ်ရပ်ကို အပြစ်ပြောနေကြတာတွေလည်း ရှိတာပဲ။ ဦးဇင်းက အဲဒါမျိုးဆို သိပ်စိတ်ဝင်စားတယ်။“ဒါကို ဘာ့ကြောင့်နားမလည်သလဲ။

ဘာ့ကြောင့်လက်မခံသလဲ။ သူကဘာကိုဆိုလိုချင်တာလဲ။ လူတွေက ဘယ်လိုနားလည်နေလို့လဲ။ဘယ်နေရာလေးမှာလွဲနေသလဲ”

အဲဒီအချက်ကလေးကိုရအောင်ရှာတယ်။ တစ်ဦးနဲ့တစ်ဦးကို နားမလည်စေနိုင်တဲ့ စကား၊ လုပ်ရပ်လေးရဲ့ ပွိုင့်ကို သိပ်စိတ်ဝင်စားတယ်။

ကိုယ့်အမြင်က နိမ့်နေရင် မြှင့်ယူတယ်။သိတဲ့သူကိုမေးတယ်။စာအုပ်တွေရှာဖတ်တယ်။ တစ်ခါတစ်ရံ ကိုယ်ကမြင့်နေရင် နှိမ့်ယူပြီး သိအောင်ကြိုးစားတယ်။

သူများတွေ မှားတယ်ဆိုတိုင်း ကိုယ်က လိုက်မမှားနိုင်ဘူး။ သူများတွေက မှန်တယ်ဆိုတိုင်းလည်း လိုက်မမှန်နိုင်ဘူး။

မတူညီတဲ့ အမြင်တွေကြောင့် ဖြစ်လာတဲ့ ပဋိပက္ခကို level ညှိပြီးသိအောင်ကြိုးစားတယ်။

အဲဒီလို နားလည်သွားတော့လည်း တစ်ဖက်သားရဲ့ လုပ်ရပ်နဲ့ပြောဆိုမှု အပေါ်စောဒကတက်စရာ ရှာမရပါဘူး။

အဓိကအချက်ကတော့ လူတွေရဲ့ အတွင်းစိတ်မှာဖြစ်တဲ့ အတ္တ နဲ့ မေတ္တာ၊စေတနာ အနည်းအများကို ခန့်မှန်းပြီး သုံးသပ်ရတာပေါ့လေ။

တို့ဗုဒ္ဓဘာသာမှာ အဓမ္မဝါဒအဖြစ်ဆုံးဖြတ်ထားတဲ့ ဝါဒတွေရှိတယ်။ “သူတို့ ဘယ်အကြောင်းအရာကိုဘယ်လိူယူဆ၊ ပြောဆို၊ ရေးသားလိုက်လို့ အဓမ္မအဖြစ် ဆုံးဖြတ်သလဲ။သူတို့က ဘာ့ကြောင့်အဲသလို ယူဆသလဲ။

ဘယ်နေရာလေးမှာ လွဲသွားသလဲ” ဆိုတဲ့အချက်ဟာ သိပ်စိတ်ဝင်စားစရာကောင်းတယ်။အဲဒီအဖြေကို သိသွားရင် ပြဿနာက ပြီးသွားတာပဲ။ စောဒက တက်စရာမရှိတော့ဘူး။

ခုလောလောဆယ် တို့မြန်မာနိုင်ငံရဲ့ အခြေအနေကို အကောင်းဆုံးစီမံခန့်ခွဲဖို့ဆိုတာ စာတတ်ရုံနဲ့မရသလို၊ ပညာရပ်တစ်ခုကို တစ်ဖက်ကမ်းခတ် တတ်နေရုံနဲ့လည်း မရဘူး။

ကမာ္ဘ့ အင်အားကြီး နိုင်ငံတွေရဲ့ ယှဉ်ပြိုင်မှုတွေအကြားမှာ အကြွေးတွေတောင်လိုပုံ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ပြန်ဆပ်ဖို့ နေနေသာသာ စားဖို့မှအနိုင်နိုင်။

ယိုင်နဲ့နေတဲ့ စီးပွားရေးနဲ့ ကိုယ်ကျိုးရှာအတ္တသမားတွေရဲ့အကြား အပြင်းဖျားနေတဲ့ လူနာကို ဆေးကုနေရသလို၊ လူနာရှင်က လော။ လူနာက မောနဲ့။တွေးကြည့်တာနဲ့တင် ဆံပင်ဖြူချင်တယ်။

ဒီလို တိုင်းပြည်မျိုးကို အများလက်ခံအောင် စီမံခန့်ခွဲနိုင်ဖို့ ဦးဇင်းကတော့ ဒီတစ်သက် မပြောနဲ့။ ဆယ်သက် ကြိုးစားတောင် ရမှာမဟုတ်ဘူး။ လုပ်လည်း မလုပ်နိုင်ဘူး။လုပ်လည်းမလုပ်ချင်ဘူး။

နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်မှာ တို့သိတယ် မြင်တယ်ဆိုတာ အသေးအဖွဲလေးပါ။ပြဿနာတွေနဲ့ လူမျိုးစုံစုပေါင်းနေထိုင်တဲ့ ဒီလိုတိုင်းပြည်မပြောနဲ့ ကိုယ်ပိုင် ကျောင်းတိုက် တစ်ခုကိုတောင် စနစ်တကျ စီမံခန့်ခွဲဖို့မလွယ်ဘူး။

ပါးစပ်ပြောကတော့လွယ်တာပေါ့။ မြန်မာလူမျိုးတွေက တကယ့်လက်တွေ့မှာသာ ဘာမှ မဟုတ်တာ။ ပါးစပ်ပြောကတော့ ပညာရှိတွေချည်းပဲ။ဒေါ်စုရဲ့စီမံခန့်ခွဲမှုတွေက အမျှော်အမြင်ရှိတယ်။ စနစ်ကျတယ်။

ပိရိသေသပ်တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်သူပြောလို့ပဲဖြစ်ဖြစ် ပြာယာမခတ်ဘူး။ တည်ငြိမ်တယ်။ သွေးအေးတယ်။သတ္တိရှိတယ်။ အများနဲ့ မဆန့်ကျင်ဘူး။

အမှန်တရားအတွက်ဆို အများနဲ့ ဆန့်ကျင်ဖို့လည်း ဝန်မလေးဘူး။ ကားသမားလို ပြောရရင် စတီယာရင် နိုင်နင်းတယ်ပေါ့။

အဲဒီလိုလူမျိုးတွေရဲ့လုပ်ရပ်က အင်မတန် မှားခဲတယ်။ တို့ဉာဏ်မမှီလို့ နားမလည်တာပဲ ရှိမယ်အမျိုးမျိုး ဝေဖန်ပြစ်တင်ပြောဆိုကြပေမယ့် အကျိုးရလာဒ် ထွက်ပေါ်လာတဲ့အခါ အားလုံးကို မှင်တက်မိပြီး ပါးစပ်ဟသွားစေတတ်တဲ့သူမျိုး။

ဒေါ်စုလုပ်ရပ်ဟာ မှားတယ်လို့ အကြောင်းအကျိုး ခိုင်ခိုင်မာမာနဲ့ မြင်နိုင်တဲ့သူဟာ ဒေါ်စုထက်သာတဲ့သူပဲ။ အဲလိုလူမျိုး ဖြစ်ချင်တယ်။

အဲလိုလူမျိုးတွေ ပေါ်စေချင်တယ်။ ကိုယ်ဖြစ်ချင်တာပဲ သိပြီး မှားတယ်လို့ ဝေဖန်သုံးသပ်တဲ့သူမျိုးကတော့ ပေါပါတယ်။

ဥပမာ၊ ဦးဇင်းက ရဟန်းဆိုတော့ အတ္တနဲ့ပြောရရင် တစ်နိုင်ငံလုံး တစ်ယောက်မကျန် ဗုဒ္ဓဘာသာဖြစ်၊ တရားဓမ္မတွေ ကျင့်ကြံပွားများနေထိုင်တဲ့သူတွေ ချည်းပဲဖြစ်စေချင်တာပေါ့။

ဒေါ်စုကို အဲဒီလိုဖြစ်အောင်လည်း လုပ်ပေးစေချင်တယ်။

ဒါပေမဲ့ ဒေါ်စုက နိုင်ငံသားအားလုံးကို ဘယ်ဘာသာဝင်ဖြစ်ဖြစ် တန်းတူ အခွင့်အရေးရဖို့ ဆောင်ရွက်မယ်ဆိုရင် ဦးဇင်းက ဒေါ်စုမှားတယ်လို့ဝေဖန်မှာပေါ့။ ဒါက ဦးဇင်းရဲ့ အတ္တနဲ့အမြင်ကိုး။

တကယ်လို့ ဦးဇင်းဖြစ်စေချင်သလို ဒေါ်စုက လုပ်ပေးမယ်ဆိုရင်လည်း ဒေါ်စုဟာ အဂတိလိုက်စားတဲ့ တရားမမျှတတဲ့ ခေါင်းဆောင်ပဲ ဖြစ်မှာပဲ။အဲဒီလိုနိုင်ငံ့ခေါင်းဆောင်မျိုး မလိုချင်ဘူး။ ဒေါ်စုရဲ့လုပ်ရပ်တွေ၊ အပြောတွေမှာ မှားတာရှာပြီး ဝေဖန်ထောက်ပြချင်တယ်။

ဒါပေမဲ့ နိုင်ငံရဲ့ခေါင်းဆောင်ကောင်းတစ်ယောက် နေရာကနေ ဝင်ပြီးကြည့်လိုက်ရင် အပြစ်ပြောစရာရှာမတွေ့တော့ဘူး။ဘာသာရေး၊ စီးပွားရေး ခေါင်းဆောင်တစ်ယောက်အနေနဲ့ လှမ်းကြည့်ဝေဖန်မယ် ဆိုရင်တော့ ဝေဖန်စရာတွေ ရှိပါတယ်။

ဒါပေမဲ့သူဟာ စီးပွားရေးသမားတစ်ယောက်မဟုတ်သလို၊ သီလရှင်တစ်ပါးလည်း မဟုတ်ဘူးလေ။ဦးဇင်း မဝေဖန်တာက ဒါတွေကြောင့်ပါ ဒကာ။

နိုင်ငံ့အရေးအနေနဲ့ တိုင်းပြည်အပေါ်မြင်တဲ့အမြင်မှာ ဒေါ်စုထက် သာတဲ့နေ့ ဝေဖန်ဖြစ်လောက်ပါတယ်။

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)(လေးစားကြည်ညိုမိပါ၏ အရှင်ဘုရား )

crd

ေဒၚစုလို အရည္အခ်င္းမ်ိဳး ေနာင္ဆယ္သက္ေတာင္ မလြယ္ဘူး”လို႔ မိန႔္ေတာ္မူလိုက္တဲ့ ဆရာေတာ္ အရွင္ဆႏၵာဓိက

ေဒၚစုလို အရည္အခ်င္းမ်ိဳး ေနာင္ဆယ္သက္ေတာင္ မလြယ္ဘူး”လို႔ မိန႔္ေတာ္မူလိုက္တဲ့ ဆရာေတာ္ အရွင္ဆႏၵာဓိက

ျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔ အေႂကြးႏြံနစ္ေနတဲ့တိုင္းျပည္ကို စီမံခန႔္ခြဲႏိုင္ခဲ့တဲ့ ေဒၚစုလိုအရည္အခ်င္းမ်ိဳး ဦးဇင္းအေနနဲ႔

ဒီတစ္သက္မေျပာနဲ႔ ေနာင္ဆယ္သက္ေတာင္မလြယ္ဘူးလို႔ မိန႔္လိုက္တဲ့ ဆရာေတာ္ အရွင္ဆႏၵာဓိက

အရွင္ဘုရားရဲ႕ စာေတြကို ဖတ္ၾကည့္ေတာ့ ေဒၚစုရဲ႕ လုပ္ရပ္ေတြအေပၚ ေစာဒကတက္တာ၊ ေထာက္ျပ ေဝဖန္တာ တစ္ခုမွ မေတြ႕ရပါဘူး ဘုရား ဘာေၾကာင့္ပါလဲ

အရွင္ဘုရား ေဒၚစု လုပ္တာေတြအားလုံးကို ေထာက္ခံသလား ဘုရား။ မေထာက္ခံတာ တစ္ခုမွပဲ မရွိတာလား။

ဒီလိုေမးလို႔ စိတ္မဆိုးပါနဲ႔ဘုရား။မဆိုးပါဘူး ဒကာ။ ခုေခတ္စကားလုံးနဲ႔ေျပာရရင္ ” အရွင္ဘုရားက ေဒၚစု ( crazy ) ခေရဇီလား? ေဒၚစု ေလာ္ဘီ ( lobbyist ) လား?ေပါ့။

ထားပါေလ။ ဘယ္လိုထင္ထင္ ျပႆနာမရွိပါဘူး။

ေလာကမွာ လူေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ အသိဉာဏ္ပညာ အဆင့္အတန္းမတူညီၾကဘူး ဒကာရဲ႕။

ဒီေတာ့ အေတြးအျမင္၊ အသိအျမင္ျခင္းလည္း ဘယ္တူမွာလဲ။ကိုယ္ကြၽမ္းက်င္ရာမွာ လိမၼာၾကတာကိုး။

ၿပိဳင္ကားေမာင္းတဲ့ ေနရာမွာ ဟာမီတန္ကို သူရဲ႕နည္းျပကဘယ္မွီမွာလဲ။ ဒီလိုပဲ။

ကမာၻ႔အေကာင္းဆုံးေဘာလုံးသမားေတြကို ထိန္းေက်ာင္းေမာင္းႏွင္ေနတဲ့ နည္းျပဟာလည္း ကမာၻ႔အေကာင္းဆုံးေဘာလုံးသမား ဟုတ္ခ်င္မွ ဟုတ္မွာေပါ့။

ဘာကိုဆိုလိုခ်င္တာလည္းဆိုေတာ့ လူတိုင္းဟာသူ႔ေနရာနဲ႔သူေတာ္ၾကေပမဲ့ ေနရာတိုင္းမွာေတာ္ၾကတာမဟုတ္ပါဘူး

။ေဒၚစုမသိတာေတြ၊ မတတ္တာေတြ အမ်ားႀကီးပါ။

သိစရာ တတ္စရာေတြအားလုံးကို သိမွ တတ္မွ ေခါင္းေဆာင္လုပ္ရမွာဆိုရင္ေတာ့ ဘုရားျဖစ္မွ ရလိမ့္မယ္။

ဒါေပမဲ့ အဲဒီေတာ္ေပ့ တတ္ေပ့ဆိုတဲ့ ပညာရွင္ေတြကို လိုအပ္သလို စီမံခန႔္ခြဲ ထိန္းေက်ာင္းေမာင္းႏွင္ႏိုင္ဖို႔ဆိုတာ တစ္ေသာင္းမွာတစ္ေယာက္ တစ္သိန္းမွာတစ္ေယာက္မရွိဘူး။

အဲဒီအရည္အခ်င္းမ်ိဳး ေဒၚစုမွာရွိတယ္။

ေခါင္းေဆာင္ေကာင္းဆိုတာ မလုပ္တတ္တဲ့အရာကို ဘယ္ေတာ့မွကိုယ္တိုင္မလုပ္ဘူး။လုပ္စရာလည္းမလိုဘူး။ ကြၽမ္းက်င္တဲ့ပညာရွင္ေတြကို စနစ္တက် ခိုင္းတတ္ဖို႔ပဲ လိုတယ္။

ပညာရွင္ေတြရဲ႕အေကာင္းဆုံးအရည္အခ်င္းေတြကို ထုတ္ယူအသုံးခ်တတ္ရမယ္။ ထုတ္ယူအသုံးခ်ပုံျခင္း တူခ်င္မွတူမယ္။

ဒကာတို႔ ေဘာလုံးေလာကနဲ႔ ေျပာမယ္ဆိုရင္ ေမာ္ရင္ညိဳနဲ႔ အာစင္ဝင္းဂါးရဲ႕ စီမံခန႔္ခြဲမႈမတူသလို၊

ဂြါဒီယိုလာနဲ႔ ဖာဂူဆန္ရဲ႕ အရည္အခ်င္းကလည္းတူမွာ မဟုတ္ဘူး။

တစ္ခါတစ္ရံမွာ ေဒၚစုလုပ္တာေတြ ေျပာတာေတြကို နားမလည္တာရွိတာေပါ့။

သူမ်ားေတြကေဒၚစုလုပ္ရပ္ကို အျပစ္ေျပာေနၾကတာေတြလည္း ရွိတာပဲ။ ဦးဇင္းက အဲဒါမ်ိဳးဆို သိပ္စိတ္ဝင္စားတယ္။“ဒါကို ဘာ့ေၾကာင့္နားမလည္သလဲ။

ဘာ့ေၾကာင့္လက္မခံသလဲ။ သူကဘာကိုဆိုလိုခ်င္တာလဲ။ လူေတြက ဘယ္လိုနားလည္ေနလို႔လဲ။ဘယ္ေနရာေလးမွာလြဲေနသလဲ”

အဲဒီအခ်က္ကေလးကိုရေအာင္ရွာတယ္။ တစ္ဦးနဲ႔တစ္ဦးကို နားမလည္ေစႏိုင္တဲ့ စကား၊ လုပ္ရပ္ေလးရဲ႕ ပြိဳင့္ကို သိပ္စိတ္ဝင္စားတယ္။

ကိုယ့္အျမင္က နိမ့္ေနရင္ ျမႇင့္ယူတယ္။သိတဲ့သူကိုေမးတယ္။စာအုပ္ေတြရွာဖတ္တယ္။ တစ္ခါတစ္ရံ ကိုယ္ကျမင့္ေနရင္ ႏွိမ့္ယူၿပီး သိေအာင္ႀကိဳးစားတယ္။

သူမ်ားေတြ မွားတယ္ဆိုတိုင္း ကိုယ္က လိုက္မမွားႏိုင္ဘူး။ သူမ်ားေတြက မွန္တယ္ဆိုတိုင္းလည္း လိုက္မမွန္ႏိုင္ဘူး။

မတူညီတဲ့ အျမင္ေတြေၾကာင့္ ျဖစ္လာတဲ့ ပဋိပကၡကို level ညႇိၿပီးသိေအာင္ႀကိဳးစားတယ္။

အဲဒီလို နားလည္သြားေတာ့လည္း တစ္ဖက္သားရဲ႕ လုပ္ရပ္နဲ႔ေျပာဆိုမႈ အေပၚေစာဒကတက္စရာ ရွာမရပါဘူး။

အဓိကအခ်က္ကေတာ့ လူေတြရဲ႕ အတြင္းစိတ္မွာျဖစ္တဲ့ အတၱ နဲ႔ ေမတၱာ၊ေစတနာ အနည္းအမ်ားကို ခန႔္မွန္းၿပီး သုံးသပ္ရတာေပါ့ေလ။

တို႔ဗုဒၶဘာသာမွာ အဓမၼဝါဒအျဖစ္ဆုံးျဖတ္ထားတဲ့ ဝါဒေတြရွိတယ္။ “သူတို႔ ဘယ္အေၾကာင္းအရာကိုဘယ္လိူယူဆ၊ ေျပာဆို၊ ေရးသားလိုက္လို႔ အဓမၼအျဖစ္ ဆုံးျဖတ္သလဲ။သူတို႔က ဘာ့ေၾကာင့္အဲသလို ယူဆသလဲ။

ဘယ္ေနရာေလးမွာ လြဲသြားသလဲ” ဆိုတဲ့အခ်က္ဟာ သိပ္စိတ္ဝင္စားစရာေကာင္းတယ္။အဲဒီအေျဖကို သိသြားရင္ ျပႆနာက ၿပီးသြားတာပဲ။ ေစာဒက တက္စရာမရွိေတာ့ဘူး။

ခုေလာေလာဆယ္ တို႔ျမန္မာႏိုင္ငံရဲ႕ အေျခအေနကို အေကာင္းဆုံးစီမံခန႔္ခြဲဖို႔ဆိုတာ စာတတ္႐ုံနဲ႔မရသလို၊ ပညာရပ္တစ္ခုကို တစ္ဖက္ကမ္းခတ္ တတ္ေန႐ုံနဲ႔လည္း မရဘူး။

ကမာၻ႔ အင္အားႀကီး ႏိုင္ငံေတြရဲ႕ ယွဥ္ၿပိဳင္မႈေတြအၾကားမွာ အေႂကြးေတြေတာင္လိုပုံ၊ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္နဲ႔ျပန္ဆပ္ဖို႔ ေနေနသာသာ စားဖို႔မွအႏိုင္ႏိုင္။

ယိုင္နဲ႔ေနတဲ့ စီးပြားေရးနဲ႔ ကိုယ္က်ိဳးရွာအတၱသမားေတြရဲ႕အၾကား အျပင္းဖ်ားေနတဲ့ လူနာကို ေဆးကုေနရသလို၊ လူနာရွင္က ေလာ။ လူနာက ေမာနဲ႔။ေတြးၾကည့္တာနဲ႔တင္ ဆံပင္ျဖဴခ်င္တယ္။

ဒီလို တိုင္းျပည္မ်ိဳးကို အမ်ားလက္ခံေအာင္ စီမံခန႔္ခြဲႏိုင္ဖို႔ ဦးဇင္းကေတာ့ ဒီတစ္သက္ မေျပာနဲ႔။ ဆယ္သက္ ႀကိဳးစားေတာင္ ရမွာမဟုတ္ဘူး။ လုပ္လည္း မလုပ္ႏိုင္ဘူး။လုပ္လည္းမလုပ္ခ်င္ဘူး။

ႏိုင္ငံေရးအျမင္၊ စီးပြားေရးအျမင္မွာ တို႔သိတယ္ ျမင္တယ္ဆိုတာ အေသးအဖြဲေလးပါ။ျပႆနာေတြနဲ႔ လူမ်ိဳးစုံစုေပါင္းေနထိုင္တဲ့ ဒီလိုတိုင္းျပည္မေျပာနဲ႔ ကိုယ္ပိုင္ ေက်ာင္းတိုက္ တစ္ခုကိုေတာင္ စနစ္တက် စီမံခန႔္ခြဲဖို႔မလြယ္ဘူး။

ပါးစပ္ေျပာကေတာ့လြယ္တာေပါ့။ ျမန္မာလူမ်ိဳးေတြက တကယ့္လက္ေတြ႕မွာသာ ဘာမွ မဟုတ္တာ။ ပါးစပ္ေျပာကေတာ့ ပညာရွိေတြခ်ည္းပဲ။ေဒၚစုရဲ႕စီမံခန႔္ခြဲမႈေတြက အေမွ်ာ္အျမင္ရွိတယ္။ စနစ္က်တယ္။

ပိရိေသသပ္တယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္၊ ဘယ္သူေျပာလို႔ပဲျဖစ္ျဖစ္ ျပာယာမခတ္ဘူး။ တည္ၿငိမ္တယ္။ ေသြးေအးတယ္။သတၱိရွိတယ္။ အမ်ားနဲ႔ မဆန႔္က်င္ဘူး။

အမွန္တရားအတြက္ဆို အမ်ားနဲ႔ ဆန႔္က်င္ဖို႔လည္း ဝန္မေလးဘူး။ ကားသမားလို ေျပာရရင္ စတီယာရင္ ႏိုင္နင္းတယ္ေပါ့။

အဲဒီလိုလူမ်ိဳးေတြရဲ႕လုပ္ရပ္က အင္မတန္ မွားခဲတယ္။ တို႔ဉာဏ္မမွီလို႔ နားမလည္တာပဲ ရွိမယ္အမ်ိဳးမ်ိဳး ေဝဖန္ျပစ္တင္ေျပာဆိုၾကေပမယ့္ အက်ိဳးရလာဒ္ ထြက္ေပၚလာတဲ့အခါ အားလုံးကို မွင္တက္မိၿပီး ပါးစပ္ဟသြားေစတတ္တဲ့သူမ်ိဳး။

ေဒၚစုလုပ္ရပ္ဟာ မွားတယ္လို႔ အေၾကာင္းအက်ိဳး ခိုင္ခိုင္မာမာနဲ႔ ျမင္ႏိုင္တဲ့သူဟာ ေဒၚစုထက္သာတဲ့သူပဲ။ အဲလိုလူမ်ိဳး ျဖစ္ခ်င္တယ္။

အဲလိုလူမ်ိဳးေတြ ေပၚေစခ်င္တယ္။ ကိုယ္ျဖစ္ခ်င္တာပဲ သိၿပီး မွားတယ္လို႔ ေဝဖန္သုံးသပ္တဲ့သူမ်ိဳးကေတာ့ ေပါပါတယ္။

ဥပမာ၊ ဦးဇင္းက ရဟန္းဆိုေတာ့ အတၱနဲ႔ေျပာရရင္ တစ္ႏိုင္ငံလုံး တစ္ေယာက္မက်န္ ဗုဒၶဘာသာျဖစ္၊ တရားဓမၼေတြ က်င့္ႀကံပြားမ်ားေနထိုင္တဲ့သူေတြ ခ်ည္းပဲျဖစ္ေစခ်င္တာေပါ့။

ေဒၚစုကို အဲဒီလိုျဖစ္ေအာင္လည္း လုပ္ေပးေစခ်င္တယ္။

ဒါေပမဲ့ ေဒၚစုက ႏိုင္ငံသားအားလုံးကို ဘယ္ဘာသာဝင္ျဖစ္ျဖစ္ တန္းတူ အခြင့္အေရးရဖို႔ ေဆာင္႐ြက္မယ္ဆိုရင္ ဦးဇင္းက ေဒၚစုမွားတယ္လို႔ေဝဖန္မွာေပါ့။ ဒါက ဦးဇင္းရဲ႕ အတၱနဲ႔အျမင္ကိုး။

တကယ္လို႔ ဦးဇင္းျဖစ္ေစခ်င္သလို ေဒၚစုက လုပ္ေပးမယ္ဆိုရင္လည္း ေဒၚစုဟာ အဂတိလိုက္စားတဲ့ တရားမမွ်တတဲ့ ေခါင္းေဆာင္ပဲ ျဖစ္မွာပဲ။အဲဒီလိုႏိုင္ငံ့ေခါင္းေဆာင္မ်ိဳး မလိုခ်င္ဘူး။ ေဒၚစုရဲ႕လုပ္ရပ္ေတြ၊ အေျပာေတြမွာ မွားတာရွာၿပီး ေဝဖန္ေထာက္ျပခ်င္တယ္။

ဒါေပမဲ့ ႏိုင္ငံရဲ႕ေခါင္းေဆာင္ေကာင္းတစ္ေယာက္ ေနရာကေန ဝင္ၿပီးၾကည့္လိုက္ရင္ အျပစ္ေျပာစရာရွာမေတြ႕ေတာ့ဘူး။ဘာသာေရး၊ စီးပြားေရး ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ လွမ္းၾကည့္ေဝဖန္မယ္ ဆိုရင္ေတာ့ ေဝဖန္စရာေတြ ရွိပါတယ္။

ဒါေပမဲ့သူဟာ စီးပြားေရးသမားတစ္ေယာက္မဟုတ္သလို၊ သီလရွင္တစ္ပါးလည္း မဟုတ္ဘူးေလ။ဦးဇင္း မေဝဖန္တာက ဒါေတြေၾကာင့္ပါ ဒကာ။

ႏိုင္ငံ့အေရးအေနနဲ႔ တိုင္းျပည္အေပၚျမင္တဲ့အျမင္မွာ ေဒၚစုထက္ သာတဲ့ေန႔ ေဝဖန္ျဖစ္ေလာက္ပါတယ္။

ဆရာေတာ္အရွင္ဆႏၵာဓိက (ေ႐ႊပါရမီေတာရ)(ေလးစားၾကည္ညိဳမိပါ၏ အရွင္ဘုရား )

crd